သတင္း

တရားရံုးမ်ားႏွင့္ တရားသူႀကီးမ်ား ဖိနပ္စာမမိေစေရး

ႏိုင္ငံေတာ္သမၼတကေတာ့ ယိမ္းယိုင္ေနေသာတရားစီရင္ေရးကို ျပန္လည္တည့္မွတ္ဖုိ႔ စိတ္ကူးရွိေၾကာင္း ေျပာဆုိသြားပါတယ္။

ျပည္သူမ်ား တရားရံုးေတြအေပၚ အယုံအၾကည္မဲ့လာေၾကာင္း၊ ကခ်င္ျပည္နယ္လႊတ္ေတာ္ အုပ္ခ်ဳပ္ေရး၊ တရားစီရင္ေရးႏွင့္ နယ္စပ္ေရးရာေကာ္မတီ၏ အစီရင္ခံစာက ဆုိပါတယ္။

ျပင္ဦးလြင္မွ ေရႊဖိနပ္ပိုင္ရွင္ တရားလႊတ္ေတာ္ေရွ႕ေန ဦးေဇာ္ဝင္းကေတာ့ အမွန္တရားကို ဖိနပ္ႏွင့္ သက္ေသျပသြားတာ ႏွစ္ႀကိမ္ရွိပါၿပီ။

ဒီလို အယံုအၾကည္မဲ့လာ၊ ယိမ္းယိုင္လာတာကို ျပန္လည္တည့္မတ္ေပးမည့္ ႏိုင္ငံေတာ္သမၼတသစ္ရဲ႕ အစီအစဥ္ထဲမွာ ၅၀၅(ခ)လိုပုဒ္မေတြ ပါလားေတာ့မေျပာတတ္ပါ။

မႏၲေလး တရားစီရင္ေရးကေတာ့ အနီေရာင္အဆင့္ပဲရွိပါေသးတယ္။

မန္းသပိတ္သံဃာေတာ္ေတြကို အၾကမ္းဖက္ၿဖဳိခြင္းၿပီး ၅၀၅(ခ)နဲ႔ ရက္ရက္စက္စက္ ေထာင္ဒဏ္တစ္ႏွစ္ခြဲ ခ်ပစ္လိုက္တာ၊ သတင္းစာရွင္းလင္းပြဲသို႔ ဦးေဇာ္ဝင္းႏွင့္ ကာယကံမ်ား တက္ခြင့္မေပးဘဲ ေထာင္ထဲထည့္ပစ္လိုက္တာ စသျဖင့္ မျမင္ခ်င္အဆံုးပါပဲ။

9.5.2018 ရက္ေန႔ဆုိရင္ ကိုေက်ာ္မ်ဳိးေရႊကို စြဲခ်က္တင္သင့္ မတင္သင့္ အမိန္႔ခ်ပါေတာ့မယ္။ ကိုေက်ာ္မ်ဳိးေရႊဟာ ဘာတစ္ခုမွ အက်ဴးလြန္ပါဘဲ အဖမ္းခံထားရသူပါ။

မန္းသပိတ္ကိုဦးေဆာင္တဲ့ပုဂၢဳိလ္ေတြထဲမွာ မပါဝင္သလုိ ထုိင္သပိတ္ဝင္ႏႊဲျခင္း၊ လက္ကမ္းစာေစာင္ေတြျဖန္႔ေဝျခင္း၊ ေၾကြးေၾကာ္သံေတြတုိင္ေပးျခင္း၊ သတင္းသမားေတြထံျပန္ၾကားေျဖဆုိျခင္း၊ ဗီႏိုင္းကိုင္ဆႏၵျပျခင္း စတာေတြလည္း လံုးဝ မလုပ္ပါဘူး။

တရားလိုဦးစည္သူေအာင္ကိုယ္တုိင္က ကိုေက်ာ္မ်ဳိးေရႊ လက္ကိုင္စပီကာကိုင္ေနသည့္ ဓာတ္ပံုမွတ္တမ္းမရွိ၊ ထုိင္သပိတ္ထဲမွာထုိင္ေနသည့္ မွတ္တမ္းဓာတ္ပုံမရွိ၊ သက္ေသခံ VCD ႏွင့္ မန္မိုရီကဒ္တုိ႔တြင္ ကိုေက်ာ္မ်ဳိးေရႊလုပ္ရွားသည့္ ဓာတ္ပံုမ်ားမရွိဟု ထြက္ဆုိထားသည့္အျပင္ တရားလိုျပသက္ေသမ်ား တင္ျပထားသည့္ပံုကလည္း သပိတ္စခန္းအျပင္ဘက္တြင္ လမ္းေလွ်ာက္ေနသည့္ပံုသာျဖစ္ပါတယ္။

ဒါကိုၾကည့္ရင္ ကိုေက်ာ္မ်ဳိးေရႊဟာ ၿငိမ္းစုစည္ဥပေဒႏွင့္လည္း မၿငိစြန္း၊ ၅၀၅(ခ)ႏွင့္လည္း မၿငိစြန္းဘူးဆုိတာ ထင္ရွားပါတယ္။

ဒါေပမဲ့ ကိုေက်ာ္မ်ဳိးေရႊကို တုိင္ၾကားျခင္း၊ ၅၀၅(ခ)ႏွင့္ဖမ္းဆီးျခင္း၊ ေဆးရုံတက္ခြင့္မေပးျခင္း၊ က်န္းမာေရးအာမခံမေပးျခင္း စတာေတြကိုေထာက္ရင္ တရားစီရင္ေရးကို အာဏာရပါတီႏွင့္ အာဏာရွိအစိုးရက ခ်ဳပ္ကိုင္ထားတယ္ဆုိတာ ေပၚလြင္ေနပါတယ္။

အျပစ္မဲ့ျပည္သူတစ္ဦးကို ႏိုင္ငံေရးအာဃာတႏွင့္ အခုလိုလက္စားေခ်တာဟာ ဒီမိုကေရစီသေဘာတရားလား။ တရားဥပေဒစုိးမိုးေရးနတ္သမီးရဲ႕ သည္းေျခႀကဳိက္ လုပ္ေဆာင္ခ်က္ပဲလား။

ႏိုင္ငံေတာ္သမၼတေျပာတဲ့ ယိမ္းယိုင္ေနတဲ့တရားစီရင္ေရးကို ျပန္လည္တည့္မတ္မည့္အစီအစဥ္ေတြထဲမွာ မန္းသပိတ္သမားတုိ႔ ခံစားဖုိ႔ အခြင့္အလမ္းပါမယ္ဆုိရင္ ကိုေက်ာ္မ်ဳိးေရႊ ေသခ်ာေပါက္လြတ္ေျမာက္ပါၿပီ။

အဲလိုမွမဟုတ္ဘဲ အမ်ဳိးသားေရးသမားေတြ ခံစားခြင့္မရွိေစရဆိုတဲ့သေဘာမ်ဳိးဆုိရင္ေတာ့ တရားရံုးႏွင့္ တရားသူႀကီးေတြ ဖိနပ္စာမိေနဦးမွာပါပဲ။

ကိုေက်ာ္မ်ဳိးေရႊတစ္ေယာက္ မင္းဆိုးမင္းညစ္ မင္းေကာက္က်စ္ေဘးမွ ကင္းေဝးပါေစ…။

ဦးပဥၨင္း

ဝီရသူ (မစိုးရိမ္)

5.5.2018

PM-10:00

 

 

“တရားရုံးများနှင့် တရားသူကြီးများ ဖိနပ်စာမမိစေရေး”

နိုင်ငံတော်သမ္မတကတော့ ယိမ်းယိုင်နေသောတရားစီရင်ရေးကို ပြန်လည်တည့်မှတ်ဖို့ စိတ်ကူးရှိကြောင်း ပြောဆိုသွားပါတယ်။ ပြည်သူများ တရားရုံးတွေအပေါ် အယုံအကြည်မဲ့လာကြောင်း၊ ကချင်ပြည်နယ်လွှတ်တော် အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် နယ်စပ်ရေးရာကော်မတီ၏ အစီရင်ခံစာက ဆိုပါတယ်။ ပြင်ဦးလွင်မှ ရွှေဖိနပ်ပိုင်ရှင် တရားလွှတ်တော်ရှေ့နေ ဦးဇော်ဝင်းကတော့ အမှန်တရားကို ဖိနပ်နှင့် သက်သေပြသွားတာ နှစ်ကြိမ်ရှိပါပြီ။ ဒီလို အယုံအကြည်မဲ့လာ၊ ယိမ်းယိုင်လာတာကို ပြန်လည်တည့်မတ်ပေးမည့် နိုင်ငံတော်သမ္မတသစ်ရဲ့ အစီအစဉ်ထဲမှာ ၅၀၅(ခ)လိုပုဒ်မတွေ ပါလားတော့မပြောတတ်ပါ။

မန္တလေး တရားစီရင်ရေးကတော့ အနီရောင်အဆင့်ပဲရှိပါသေးတယ်။ မန်းသပိတ်သံဃာတော်တွေကို အကြမ်းဖက်ဖြိုခွင်းပြီး ၅၀၅(ခ)နဲ့ ရက်ရက်စက်စက် ထောင်ဒဏ်တစ်နှစ်ခွဲ ချပစ်လိုက်တာ၊ သတင်းစာရှင်းလင်းပွဲသို့ ဦးဇော်ဝင်းနှင့် ကာယကံများ တက်ခွင့်မပေးဘဲ ထောင်ထဲထည့်ပစ်လိုက်တာ စသဖြင့် မမြင်ချင်အဆုံးပါပဲ။

9.5.2018 ရက်နေ့ဆိုရင် ကိုကျော်မျိုးရွှေကို စွဲချက်တင်သင့် မတင်သင့် အမိန့်ချပါတော့မယ်။ ကိုကျော်မျိုးရွှေဟာ ဘာတစ်ခုမှ အကျူးလွန်ပါဘဲ အဖမ်းခံထားရသူပါ။

မန်းသပိတ်ကိုဦးဆောင်တဲ့ပုဂ္ဂိုလ်တွေထဲမှာ မပါဝင်သလို ထိုင်သပိတ်ဝင်နွှဲခြင်း၊ လက်ကမ်းစာစောင်တွေဖြန့်ဝေခြင်း၊ ကြွေးကြော်သံတွေတိုင်ပေးခြင်း၊ သတင်းသမားတွေထံပြန်ကြားဖြေဆိုခြင်း၊ ဗီနိုင်းကိုင်ဆန္ဒပြခြင်း စတာတွေလည်း လုံးဝ မလုပ်ပါဘူး။

တရားလိုဦးစည်သူအောင်ကိုယ်တိုင်က ကိုကျော်မျိုးရွှေ လက်ကိုင်စပီကာကိုင်နေသည့် ဓာတ်ပုံမှတ်တမ်းမရှိ၊ ထိုင်သပိတ်ထဲမှာထိုင်နေသည့် မှတ်တမ်းဓာတ်ပုံမရှိ၊ သက်သေခံ VCD နှင့် မန်မိုရီကဒ်တို့တွင် ကိုကျော်မျိုးရွှေလုပ်ရှားသည့် ဓာတ်ပုံများမရှိဟု ထွက်ဆိုထားသည့်အပြင် တရားလိုပြသက်သေများ တင်ပြထားသည့်ပုံကလည်း သပိတ်စခန်းအပြင်ဘက်တွင် လမ်းလျှောက်နေသည့်ပုံသာဖြစ်ပါတယ်။

ဒါကိုကြည့်ရင် ကိုကျော်မျိုးရွှေဟာ ငြိမ်းစုစည်ဥပဒေနှင့်လည်း မငြိစွန်း၊ ၅၀၅(ခ)နှင့်လည်း မငြိစွန်းဘူးဆိုတာ ထင်ရှားပါတယ်။
ဒါပေမဲ့ ကိုကျော်မျိုးရွှေကို တိုင်ကြားခြင်း၊ ၅၀၅(ခ)နှင့်ဖမ်းဆီးခြင်း၊ ဆေးရုံတက်ခွင့်မပေးခြင်း၊ ကျန်းမာရေးအာမခံမပေးခြင်း စတာတွေကိုထောက်ရင် တရားစီရင်ရေးကို အာဏာရပါတီနှင့် အာဏာရှိအစိုးရက ချုပ်ကိုင်ထားတယ်ဆိုတာ ပေါ်လွင်နေပါတယ်။
အပြစ်မဲ့ပြည်သူတစ်ဦးကို နိုင်ငံရေးအာဃာတနှင့် အခုလိုလက်စားချေတာဟာ ဒီမိုကရေစီသဘောတရားလား။ တရားဥပဒေစိုးမိုးရေးနတ်သမီးရဲ့ သည်းခြေကြိုက် လုပ်ဆောင်ချက်ပဲလား။

နိုင်ငံတော်သမ္မတပြောတဲ့ ယိမ်းယိုင်နေတဲ့တရားစီရင်ရေးကို ပြန်လည်တည့်မတ်မည့်အစီအစဉ်တွေထဲမှာ မန်းသပိတ်သမားတို့ ခံစားဖို့ အခွင့်အလမ်းပါမယ်ဆိုရင် ကိုကျော်မျိုးရွှေ သေချာပေါက်လွတ်မြောက်ပါပြီ။ အဲလိုမှမဟုတ်ဘဲ အမျိုးသားရေးသမားတွေ ခံစားခွင့်မရှိစေရဆိုတဲ့သဘောမျိုးဆိုရင်တော့ တရားရုံးနှင့် တရားသူကြီးတွေ ဖိနပ်စာမိနေဦးမှာပါပဲ။ ကိုကျော်မျိုးရွှေတစ်ယောက် မင်းဆိုးမင်းညစ် မင်းကောက်ကျစ်ဘေးမှ ကင်းဝေးပါစေ…။

ဦးပဉ္ဇင်း
ဝီရသူ (မစိုးရိမ်)
5.5.2018
PM-10:00