သတင္းအင္တာဗ်ဴး

ျမန္မာ့ႏုိင္ငံေရးအေျခအေနဟာ လူထုေကာင္းစားေရးလား၊ လူတစ္စုေကာင္းစားေရးလား ေသေသခ်ာခ်ာကုိျပန္ၿပီး ေမးခြန္းထုတ္ေဝဖန္ရမယ့္အေျခအေနျဖစ္ေနၿပီ(အပုိင္း-၂)

(ဆရာေတာ္ဦးဝီရသူႏွင့္ ေမးသမွ် ေျဖသမွ်)

ေမး- ဒီေက်ာင္းသားသပိတ္ေပါ့ဘုရား၊ ေက်ာင္းသားေတြရဲ႕ ဆႏၵျပပြဲေပါ့ဘုရား။ ဒီဆႏၵျပပြဲက ထူးျခားတာက ပညာေရး အသံုးစရိတ္ကို တိုးျမႇင့္ဖို႔သက္သက္ပဲ ေတာင္းတယ္၊ အရင္ေက်ာင္းသားဆႏၵ ျပပြဲေတြလို အေျခခံဥပေဒဖ်က္သိမ္းေရး တို႔၊ တပ္မေတာ္သားကိုယ္စားလွယ္ ၂၅ ရာခိုင္ႏႈန္း လႊတ္ေတာ္ထဲက ထြက္ေပး ေရးတို႔ မပါတာေတြ႕ရပါတယ္ဘုရား။
ခု ဆႏၵျပပြဲကို ဝန္းရံသူ သိပ္နည္း ေနတာ ႏုိင္ငံေရးရည္ရြယ္ခ်က္မပါလို႔ လို႔ ေျပာလို႔ရမလားဘုရား။ အရွင္ဘုရား အေနနဲ႔ ဘယ္လိုသံုးသပ္ပါသလဲဘုရား။

ေျဖ- အဲဒါမွတ္ထားပါ။ သူတို႔တစ္ေတြ ႏုိင္ငံေရးလုပ္ေနတာဟာ တစ္ဦး တစ္ ေယာက္ တစ္ဖြဲ႕ တစ္ပါတီအတြက္ လုပ္ ေနၾကတာပါ။

သူတို႔လိုလားတဲ့ တစ္ဦး တစ္ ေယာက္ တစ္ပါတီကို သပိတ္ေမွာက္ တယ္ ဆႏၵျပတယ္ဆိုရင္ ဘယ္သူ႔ကိုပဲ ျဖစ္ျဖစ္ ဝန္းရံမွာမဟုတ္ပါဘူး။

ေက်ာင္းသားေတြ အားမငယ္ပါနဲ႔ လို႔၊ ဟိုးအရင့္အရင္တုန္းက ဝန္းရံခဲ့ တယ္ဆိုတာ သူတို႔လိုလားတဲ့ တစ္ဦး တစ္ေယာက္ တစ္ဖြဲ႕ တစ္ပါတီ မဟုတ္ လို႔ပါ။

ခုေခတ္ေတာ့ သူတို႔လိုလားတဲ့ တစ္ဦး တစ္ေယာက္ တစ္ဖြဲ႕ တစ္ပါတီ ျဖစ္ေနတဲ့အတြက္ေၾကာင့္ ဆရာမေတြ က ဆႏၵျပလည္း ဆရာမေတြကို ႐ႈတ္ခ် ၾကမွာပဲ။ သူနာျပဳေတြက ဆႏၵျပလည္း သူနာျပဳေတြကို မိႈခ်ိဳးမ်စ္ခ်ိဳး ေျပာၾက မွာပဲ၊ ေက်ာင္းသားေတြ ဆႏၵျပလည္း ေက်ာင္းသားေတြကို ပက္ပက္စက္စက္ ဆဲၾကမွာပဲ။ ျမန္မာ့ႏုိင္ငံေရးရဲ႕ လတ္တ ေလာ အေျခအေနဟာ အဲဒါပါပဲ။

ေမး- ေနာက္တစ္ခုကေတာ့ နယူး ကာဆယ္ၿမိဳ႕ေတာ္ေကာင္စီက ေဒၚေအာင္ ဆန္းစုၾကည္ကိုေပးထားတဲ့ ဆုကို ျပန္ သိမ္းဖို႔ လုပ္ေဆာင္ေနတာေတြကို သ တင္းေတြအရသိရပါတယ္။ အဲဒါနဲ႔ ပတ္ သက္ၿပီး ဘာေျပာစရာရွိမလဲဘုရား။

ေျဖ- အရင္တစ္ခါလည္း ေျပာခဲ့ၿပီးပါ ၿပီ။ ဒီဆုေတြေပးတာက ခိုင္းေကာင္း ေအာင္လို႔ေပးတာေလ။ အခုဟာ ခိုင္း တာမလုပ္တဲ့အခါက်ေတာ့ ျပန္႐ုပ္တာ ေပါ့။
ဒီဆုတင္မကပါဘူး၊ တျခားဆုေတြ ပါ ထပ္သိမ္းဦးမွာ။ ဆုေတြ သိမ္းမွာစိုး လို႔ ေျခလွမ္းမွားရင္ေတာ့ ေမွာက္လ်က္ လဲမွာပဲေလ။ ေျခလွမ္းမမွားေအာင္ ေလွ်ာက္ဖို႔လိုတယ္လို႔ ေျပာခ်င္ပါတယ္။

ေမး- ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ မနက္ ၆ နာရီအခ်ိန္ေလာက္ကပဲ တကၠ သုိလ္ရိပ္သာလမ္းက ေဒၚေအာင္ဆန္းစု ၾကည္ရဲ႕ေနအိမ္ကို ဓာတ္ဆီပုလင္းနဲ႔ ပစ္ ေပါက္တာျဖစ္ခဲ့ပါတယ္ဘုရား။
တရားခံလည္း ခုေတာ့ မိထားပါ တယ္၊ စိတ္မႏွံ႔တဲ့သူလို႔လည္း ဆိုပါ တယ္။ အဲဒီလိုကိစၥေတြ ဘာေၾကာင့္ျဖစ္ လာတယ္လို႔ ထင္ပါသလဲဘုရား။

ေျဖ- အေမရိကခရီးစဥ္မွာလည္း တကၠ သိုလ္ေရွ႕မွာ ဒီသတၱဝါေတြပဲ ဆႏၵျပဖူး တယ္ေလ။ ႏိုဘယ္လ္ၿငိမ္းခ်မ္းေရးဆု ကို ျပန္႐ုပ္ဖို႔ေတာင္ ဆႏၵျပတာေတြလည္း ရွိခဲ့တာကိုး။

ဘာစကြဲယား၊ ညာစကြဲယားမွာ လည္း ဗံုးေတြဘာေတြနဲ႔ လွန္႔ဖူးတယ္ ေလ။ ဒါေတြက ႏုိင္ငံေရးအရ ၿခိမ္း ေျခာက္တာေတြေပါ့။ အဲဒီလို ၿခိမ္းေျခာက္ၿပီးေတာ့ သူ တု႔ိလိုခ်င္တဲ့အခြင့္အေရးကို အဓမၼနည္း နဲ႔လိုခ်င္တာ။ အခုလည္း ဒီကိစၥဟာ သူတို႔လိုခ်င္တာကို ၿခိမ္းေျခာက္ၿပီးေတာ့ ေတာင္းဆိုတာလားလို႔ ေမးစရာရွိတယ္။

ဒါဟာ ၿခိမ္းေျခာက္မႈတစ္ရပ္ပဲလို႔ ဒီ ေလာက္ေလးျမင္ရင္ေတာ့ မဆိုးဘူးေပါ့။ အဲဒီကိစၥနဲ႔ပတ္သက္ၿပီး ဦးဇင္း ဘက္က ေျပာလို႔ရႏုိင္တဲ့ သံုးသပ္ခ်က္ ႏွစ္ခ်က္ရွိတယ္။ အရင္တုန္းကလည္း ေဖ့ဘုတ္စ္မွာ တင္ဖူးပါတယ္။ အေဖာ္ခံ မလား၊ အေဆာ္ခံမလားဆိုတာေပါ့။ အ မွန္တရားဘက္ကို လိုက္မယ္ဆိုရင္ ပတ္ သက္ခဲ့တာေတြကို ဟိုဘက္က ကမၻာႀကီး ကို ဖြင့္ခ်ၿပီး ေဖာ္ပစ္မွာ။

အဲဒီလိုေဖာ္လုိက္ရင္ ကိုယ္က အ ရွက္တကြဲအက်ိဳးနည္းေတာ့ျဖစ္မွာေပါ့။ ဒါေပမဲ့ အမွန္တရားဘက္မွာ ရပ္တည္ ေနတဲ့ ျပည္သူေတြကေတာ့ ကိုယ့္ဘက္ မွာ အျပည့္ပါမယ္။ တကယ္လို႔ သူတို႔ဖိအားကိုေၾကာက္ ၿပီးေတာ့ သူတို႔ေတာင္းဆိုတာႀကီးကို ပံုစံ တစ္မ်ိဳးမ်ိဳးနဲ႔ လိုက္ေလ်ာလိုက္တယ္ဆို ရင္လည္း ျပည္သူေတြရဲ႕ ဒဏ္ခတ္တာ ကို ခံရမွာပဲေလ။

အဲေတာ့ သူတို႔ေဖာ္တာခံမလား၊ ျပည္သူေတြေဆာ္တာခံမလား ႀကိဳက္ တာေရြးရမယ့္လမ္းကို ေရာက္သြားၿပီ။ အဲဒီလိုအဆံုးအျဖတ္ကိုလိုခ်င္လို႔ ပုလင္း ဗံုးနဲ႔ ထုတယ္လို႔ ယူဆရမွာေပါ့။ ဒါ ဦးဇင္းသံုးသပ္ခ်က္တစ္ခု။

ေနာက္တစ္ခ်က္ ဒီအ႐ူးလက္မွတ္ ကိစၥမွာ အ႐ူးလက္မွတ္ေလးျပလိုက္တာ နဲ႔ သူ႔ကို ဘာမွမလုပ္ေတာ့ဘူးလား သိ ခ်င္တာ။ အဲဒီလိုဆို လူတုိင္းက ႀကိဳတင္ ျပင္ဆင္ၿပီး အ႐ူးလက္မွတ္ယူထားခဲ့ေသာ္ တကယ္လုပ္ႀကံမႈႀကီးျဖစ္လာခဲ့ရင္ေကာ အ႐ူးကို ဒီလိုပဲပစ္ထားလိုက္ေတာ့မွာ လား။ အ႐ူး အ႐ူးနဲ႔ အိမ္ဦးခန္းထိတက္ ၿပီး ေခ်းပါတဲ့အဆင့္ထိ ေရာက္လာတာ ကို ဒီအတိုင္းပဲၾကည့္ေနၾကမွာလားလို႔ ေမးခ်င္တာေပါ့ေနာ္။

ဦးဇင္းတို႔ က်မ္းဂန္ထဲမွာ အ႐ူး ဟုတ္မဟုတ္ စစ္ေဆးတဲ့နည္းေတြ ရွိပါ တယ္။ တကယ္႐ူးတယ္ဆိုရင္ မစင္နဲ႔ စႏၵကူး အတူယွဥ္ျပထားရင္ အတူတူပဲ ထင္တာေပါ့။ ဒါက မစင္ပါ၊ ဒါက စႏၵကူး ပါလို႔ မခြဲျခားတတ္ဘူးေပါ့။ မစင္ကို လည္း စႏၵကူးထင္တယ္။ စႏၵကူးကို လည္း မစင္ထင္တယ္ေပါ့။

ေနာက္တစ္ခုကေတာ့ မီးနဲ႔ေရႊေပါ့။ မီးနဲ႔ေရႊကိုလည္း မခြဲျခားတတ္ဘူး။ ဒါက မီးပါ၊ ဒါကေရႊပါလို႔ မခြဲျခားတတ္ဘူး။ ေရႊကိုလည္း မီးလို႔ထင္တယ္။ မီးကိုလည္း ေရႊလို႔ထင္တယ္ေပါ့။ အဲေတာ့ တကယ္ ႐ူးမ႐ူး မီးေတာက္နဲ႔ ေရႊကို ခြဲျခားခိုင္း လိုက္ပါ။ တကယ္ ႐ူး မ႐ူး မစင္နဲ႔ စႏၵကူး ခြဲခိုင္းပါ။ မစင္ကို မစင္မွန္းသိရင္ မ႐ူးဘူး ေျပာရမွာပဲ။ အဲဒါေတာ့ ဦးဇင္းတို႔ က်မ္း ဂန္ထဲမွာသတ္မွတ္ထားတဲ့ အ႐ူးအဆင့္ ေပါ့။ ဒီအဆင့္ဆိုရင္ေတာ့ ေသခ်ာေပါက္ ႐ူးတယ္လို႔ ေျပာလို႔ရႏိုင္တာေပါ့။ အဲဒါ ဆိုရင္ေတာ့ တခ်ိဳ႕တေလေသာ ပစ္ဒဏ္ ေတြ လြတ္ၿငိမ္းတယ္ေပါ့ေလ။

ေမး- ဒီေန႔ ရန္ကုန္ရဲတပ္ဖြဲဲ႕ရဲ႕ ထုတ္ ျပန္ခ်က္ထဲမွာေတာ့ ‘အခင္းျဖစ္ေနအိမ္ ရွိသူမ်ားမွ ¤င္းအား ေမွာ္ပညာျဖင့္ျပဳစား ခံထားရျခင္းေၾကာင့္ အနံ႔ဆုိးမ်ားလည္း အၿမဲရေနၿပီး အိပ္၍မရဘဲ စိတ္တြင္မခံ မရပ္ႏိုင္ ခံစားေနရသျဖင့္ ယခုကဲ့သို႔ က်ဴးလြန္ခဲ့ျခင္းျဖစ္’တယ္လို႔ ထုတ္ျပန္ ထားတာ ေတြ႕ရပါတယ္ဘုရား။ ေနာက္ စာမေရးတတ္တဲ့အေၾကာင္းလည္း ေျပာပါတယ္ဘုရား။

ေျဖ- ႏုိင္ငံျခားမွာလည္း အဲဒီလိုပဲေလ၊ တစ္ခုခုလုပ္ၿပီးရင္ အ႐ူးလက္မွတ္ထုတ္ ျပၾကတာပဲေလ။ အဲဒါေတြက ႐ိုးေနပါ ၿပီေနာ့။ ေျပာခ်င္တာက အ႐ူးက သူ႕ရပ္ ကြက္ထဲမွာ မလုပ္ဘဲ ဘာျဖစ္လို႔ ဒီလို ေနရာမ်ိဳးမွာ ေရြးလုပ္တာလဲ။

ႏိုင္ငံတကာမွာျဖစ္တဲ့ အၾကမ္းဖက္ မႈေတြကို ၾကည့္လိုက္၊ အ႐ူးက အ႐ူးနဲ႔ ဘာသာတူတဲ့သူေတြကို မသတ္ဘဲ ဘာ လို႔ အျခားဘာသာဝင္ေတြကို လိုက္သတ္ တာလဲ။

ႏုိင္ငံတကာမီဒီယာေတြ ေမးဖူး တယ္။ အေမရိကန္မွာ ေသနတ္ပစ္မႈ ျဖစ္တယ္၊ အဲဒါက ဗလီနဲ႔ကင္းကြာလို႔၊ ဗလီမတက္တာ ၁၂ ႏွစ္ရွိပါၿပီတို႔ စိတ္ ပိုင္းဆုိင္ရာ ခ်ိဳ႕ယြင္းေနလို႔၊ စိတ္ေရာ ဆရာဝန္နဲ႔ ကုသေနရတာပါ – ဒါေတြ ေျပာတာေလ။ မွန္တယ္၊ အဲဒီအေၾကာင္း ျပေတြကိုလက္ခံတယ္၊ ႐ူးတဲ့သူက ကိုယ့္ ပတ္ဝန္းက်င္မွာမသတ္ဘဲနဲ႔ ဒီလူအုပ္ ထဲကို ဘာလို႔လာသတ္တာလဲ။ ကိုယ္နဲ႔ ဘာသာတူတဲ့သူေတြကိုမသတ္ဘဲ ကိုယ္ နဲ႔ ဘာသာမတူတဲ့သူေတြကို ဘာလို႔ေရြး သတ္တာလဲ။ အဲဒီေလာက္ နားလည္ တယ္ဆိုရင္ အဲဒီဆရာဝန္လက္မွတ္ေလး နဲ႔ အေၾကာင္းျပခ်က္က ၿပီးသြားၿပီလား။ ကမၻာႀကီးကို ေမးခ်င္တာေပါ့ေနာ့။

(ဆက္လက္ေဖာ္ျပပါမည္)

 

“မြန်မာ့နိုင်ငံရေးအခြေအနေဟာ လူထုကောင်းစားရေးလား၊ လူတစ်စုကောင်းစားရေးလား သေသေချာချာကိုပြန်ပြီး မေးခွန်းထုတ်ဝေဖန်ရမယ့်အခြေအနေဖြစ်နေပြီ(အပိုင်း-၂)”
(ဆရာတော်ဦးဝီရသူနှင့် မေးသမျှ ဖြေသမျှ)

မေး- ဒီကျောင်းသားသပိတ်ပေါ့ဘုရား၊ ကျောင်းသားတွေရဲ့ ဆန္ဒပြပွဲပေါ့ဘုရား။ ဒီဆန္ဒပြပွဲက ထူးခြားတာက ပညာရေး အသုံးစရိတ်ကို တိုးမြှင့်ဖို့သက်သက်ပဲ တောင်းတယ်၊ အရင်ကျောင်းသားဆန္ဒ ပြပွဲတွေလို အခြေခံဥပဒေဖျက်သိမ်းရေး တို့၊ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း လွှတ်တော်ထဲက ထွက်ပေး ရေးတို့ မပါတာတွေ့ရပါတယ်ဘုရား။
ခု ဆန္ဒပြပွဲကို ဝန်းရံသူ သိပ်နည်း နေတာ နိုင်ငံရေးရည်ရွယ်ချက်မပါလို့ လို့ ပြောလို့ရမလားဘုရား။ အရှင်ဘုရား အနေနဲ့ ဘယ်လိုသုံးသပ်ပါသလဲဘုရား။

ဖြေ- အဲဒါမှတ်ထားပါ။ သူတို့တစ်တွေ နိုင်ငံရေးလုပ်နေတာဟာ တစ်ဦး တစ် ယောက် တစ်ဖွဲ့ တစ်ပါတီအတွက် လုပ် နေကြတာပါ။
သူတို့လိုလားတဲ့ တစ်ဦး တစ် ယောက် တစ်ပါတီကို သပိတ်မှောက် တယ် ဆန္ဒပြတယ်ဆိုရင် ဘယ်သူ့ကိုပဲ ဖြစ်ဖြစ် ဝန်းရံမှာမဟုတ်ပါဘူး။
ကျောင်းသားတွေ အားမငယ်ပါနဲ့ လို့၊ ဟိုးအရင့်အရင်တုန်းက ဝန်းရံခဲ့ တယ်ဆိုတာ သူတို့လိုလားတဲ့ တစ်ဦး တစ်ယောက် တစ်ဖွဲ့ တစ်ပါတီ မဟုတ် လို့ပါ။
ခုခေတ်တော့ သူတို့လိုလားတဲ့ တစ်ဦး တစ်ယောက် တစ်ဖွဲ့ တစ်ပါတီ ဖြစ်နေတဲ့အတွက်ကြောင့် ဆရာမတွေ က ဆန္ဒပြလည်း ဆရာမတွေကို ရှုတ်ချ ကြမှာပဲ။ သူနာပြုတွေက ဆန္ဒပြလည်း သူနာပြုတွေကို မှိုချိုးမျစ်ချိုး ပြောကြ မှာပဲ၊ ကျောင်းသားတွေ ဆန္ဒပြလည်း ကျောင်းသားတွေကို ပက်ပက်စက်စက် ဆဲကြမှာပဲ။ မြန်မာ့နိုင်ငံရေးရဲ့ လတ်တ လော အခြေအနေဟာ အဲဒါပါပဲ။

မေး- နောက်တစ်ခုကတော့ နယူး ကာဆယ်မြို့တော်ကောင်စီက ဒေါ်အောင် ဆန်းစုကြည်ကိုပေးထားတဲ့ ဆုကို ပြန် သိမ်းဖို့ လုပ်ဆောင်နေတာတွေကို သ တင်းတွေအရသိရပါတယ်။ အဲဒါနဲ့ ပတ် သက်ပြီး ဘာပြောစရာရှိမလဲဘုရား။

ဖြေ- အရင်တစ်ခါလည်း ပြောခဲ့ပြီးပါ ပြီ။ ဒီဆုတွေပေးတာက ခိုင်းကောင်း အောင်လို့ပေးတာလေ။ အခုဟာ ခိုင်း တာမလုပ်တဲ့အခါကျတော့ ပြန်ရုပ်တာ ပေါ့။
ဒီဆုတင်မကပါဘူး၊ တခြားဆုတွေ ပါ ထပ်သိမ်းဦးမှာ။ ဆုတွေ သိမ်းမှာစိုး လို့ ခြေလှမ်းမှားရင်တော့ မှောက်လျက် လဲမှာပဲလေ။ ခြေလှမ်းမမှားအောင် လျှောက်ဖို့လိုတယ်လို့ ပြောချင်ပါတယ်။

မေး- ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက် ၆ နာရီအချိန်လောက်ကပဲ တက္က သိုလ်ရိပ်သာလမ်းက ဒေါ်အောင်ဆန်းစု ကြည်ရဲ့နေအိမ်ကို ဓာတ်ဆီပုလင်းနဲ့ ပစ် ပေါက်တာဖြစ်ခဲ့ပါတယ်ဘုရား။
တရားခံလည်း ခုတော့ မိထားပါ တယ်၊ စိတ်မနှံ့တဲ့သူလို့လည်း ဆိုပါ တယ်။ အဲဒီလိုကိစ္စတွေ ဘာကြောင့်ဖြစ် လာတယ်လို့ ထင်ပါသလဲဘုရား။

ဖြေ- အမေရိကခရီးစဉ်မှာလည်း တက္က သိုလ်ရှေ့မှာ ဒီသတ္တဝါတွေပဲ ဆန္ဒပြဖူး တယ်လေ။ နိုဘယ်လ်ငြိမ်းချမ်းရေးဆု ကို ပြန်ရုပ်ဖို့တောင် ဆန္ဒပြတာတွေလည်း ရှိခဲ့တာကိုး။

ဘာစကွဲယား၊ ညာစကွဲယားမှာ လည်း ဗုံးတွေဘာတွေနဲ့ လှန့်ဖူးတယ် လေ။ ဒါတွေက နိုင်ငံရေးအရ ခြိမ်း ခြောက်တာတွေပေါ့။
အဲဒီလို ခြိမ်းခြောက်ပြီးတော့ သူ တု့ိလိုချင်တဲ့အခွင့်အရေးကို အဓမ္မနည်း နဲ့လိုချင်တာ။ အခုလည်း ဒီကိစ္စဟာ သူတို့လိုချင်တာကို ခြိမ်းခြောက်ပြီးတော့ တောင်းဆိုတာလားလို့ မေးစရာရှိတယ်။

ဒါဟာ ခြိမ်းခြောက်မှုတစ်ရပ်ပဲလို့ ဒီ လောက်လေးမြင်ရင်တော့ မဆိုးဘူးပေါ့။
အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဦးဇင်း ဘက်က ပြောလို့ရနိုင်တဲ့ သုံးသပ်ချက် နှစ်ချက်ရှိတယ်။ အရင်တုန်းကလည်း ဖေ့ဘုတ်စ်မှာ တင်ဖူးပါတယ်။ အဖော်ခံ မလား၊ အဆော်ခံမလားဆိုတာပေါ့။ အ မှန်တရားဘက်ကို လိုက်မယ်ဆိုရင် ပတ် သက်ခဲ့တာတွေကို ဟိုဘက်က ကမ္ဘာကြီး ကို ဖွင့်ချပြီး ဖော်ပစ်မှာ။

အဲဒီလိုဖော်လိုက်ရင် ကိုယ်က အ ရှက်တကွဲအကျိုးနည်းတော့ဖြစ်မှာပေါ့။ ဒါပေမဲ့ အမှန်တရားဘက်မှာ ရပ်တည် နေတဲ့ ပြည်သူတွေကတော့ ကိုယ့်ဘက် မှာ အပြည့်ပါမယ်။
တကယ်လို့ သူတို့ဖိအားကိုကြောက် ပြီးတော့ သူတို့တောင်းဆိုတာကြီးကို ပုံစံ တစ်မျိုးမျိုးနဲ့ လိုက်လျောလိုက်တယ်ဆို ရင်လည်း ပြည်သူတွေရဲ့ ဒဏ်ခတ်တာ ကို ခံရမှာပဲလေ။

အဲတော့ သူတို့ဖော်တာခံမလား၊ ပြည်သူတွေဆော်တာခံမလား ကြိုက် တာရွေးရမယ့်လမ်းကို ရောက်သွားပြီ။
အဲဒီလိုအဆုံးအဖြတ်ကိုလိုချင်လို့ ပုလင်း ဗုံးနဲ့ ထုတယ်လို့ ယူဆရမှာပေါ့။ ဒါ ဦးဇင်းသုံးသပ်ချက်တစ်ခု။

နောက်တစ်ချက် ဒီအရူးလက်မှတ် ကိစ္စမှာ အရူးလက်မှတ်လေးပြလိုက်တာ နဲ့ သူ့ကို ဘာမှမလုပ်တော့ဘူးလား သိ ချင်တာ။ အဲဒီလိုဆို လူတိုင်းက ကြိုတင် ပြင်ဆင်ပြီး အရူးလက်မှတ်ယူထားခဲ့သော် တကယ်လုပ်ကြံမှုကြီးဖြစ်လာခဲ့ရင်ကော အရူးကို ဒီလိုပဲပစ်ထားလိုက်တော့မှာ လား။ အရူး အရူးနဲ့ အိမ်ဦးခန်းထိတက် ပြီး ချေးပါတဲ့အဆင့်ထိ ရောက်လာတာ ကို ဒီအတိုင်းပဲကြည့်နေကြမှာလားလို့ မေးချင်တာပေါ့နော်။

ဦးဇင်းတို့ ကျမ်းဂန်ထဲမှာ အရူး ဟုတ်မဟုတ် စစ်ဆေးတဲ့နည်းတွေ ရှိပါ တယ်။ တကယ်ရူးတယ်ဆိုရင် မစင်နဲ့ စန္ဒကူး အတူယှဉ်ပြထားရင် အတူတူပဲ ထင်တာပေါ့။ ဒါက မစင်ပါ၊ ဒါက စန္ဒကူး ပါလို့ မခွဲခြားတတ်ဘူးပေါ့။ မစင်ကို လည်း စန္ဒကူးထင်တယ်။ စန္ဒကူးကို လည်း မစင်ထင်တယ်ပေါ့။

နောက်တစ်ခုကတော့ မီးနဲ့ရွှေပေါ့။ မီးနဲ့ရွှေကိုလည်း မခွဲခြားတတ်ဘူး။ ဒါက မီးပါ၊ ဒါကရွှေပါလို့ မခွဲခြားတတ်ဘူး။ ရွှေကိုလည်း မီးလို့ထင်တယ်။ မီးကိုလည်း ရွှေလို့ထင်တယ်ပေါ့။ အဲတော့ တကယ် ရူးမရူး မီးတောက်နဲ့ ရွှေကို ခွဲခြားခိုင်း လိုက်ပါ။ တကယ် ရူး မရူး မစင်နဲ့ စန္ဒကူး ခွဲခိုင်းပါ။ မစင်ကို မစင်မှန်းသိရင် မရူးဘူး ပြောရမှာပဲ။ အဲဒါတော့ ဦးဇင်းတို့ ကျမ်း ဂန်ထဲမှာသတ်မှတ်ထားတဲ့ အရူးအဆင့် ပေါ့။ ဒီအဆင့်ဆိုရင်တော့ သေချာပေါက် ရူးတယ်လို့ ပြောလို့ရနိုင်တာပေါ့။ အဲဒါ ဆိုရင်တော့ တချို့တလေသော ပစ်ဒဏ် တွေ လွတ်ငြိမ်းတယ်ပေါ့လေ။

မေး- ဒီနေ့ ရန်ကုန်ရဲတပ်ဖွဲ့ရဲ့ ထုတ် ပြန်ချက်ထဲမှာတော့ ‘အခင်းဖြစ်နေအိမ် ရှိသူများမှ ¤င်းအား မှော်ပညာဖြင့်ပြုစား ခံထားရခြင်းကြောင့် အနံ့ဆိုးများလည်း အမြဲရနေပြီး အိပ်၍မရဘဲ စိတ်တွင်မခံ မရပ်နိုင် ခံစားနေရသဖြင့် ယခုကဲ့သို့ ကျူးလွန်ခဲ့ခြင်းဖြစ်’တယ်လို့ ထုတ်ပြန် ထားတာ တွေ့ရပါတယ်ဘုရား။ နောက် စာမရေးတတ်တဲ့အကြောင်းလည်း ပြောပါတယ်ဘုရား။

ဖြေ- နိုင်ငံခြားမှာလည်း အဲဒီလိုပဲလေ၊ တစ်ခုခုလုပ်ပြီးရင် အရူးလက်မှတ်ထုတ် ပြကြတာပဲလေ။ အဲဒါတွေက ရိုးနေပါ ပြီနော့။ ပြောချင်တာက အရူးက သူ့ရပ် ကွက်ထဲမှာ မလုပ်ဘဲ ဘာဖြစ်လို့ ဒီလို နေရာမျိုးမှာ ရွေးလုပ်တာလဲ။

နိုင်ငံတကာမှာဖြစ်တဲ့ အကြမ်းဖက် မှုတွေကို ကြည့်လိုက်၊ အရူးက အရူးနဲ့ ဘာသာတူတဲ့သူတွေကို မသတ်ဘဲ ဘာ လို့ အခြားဘာသာဝင်တွေကို လိုက်သတ် တာလဲ။

နိုင်ငံတကာမီဒီယာတွေ မေးဖူး တယ်။ အမေရိကန်မှာ သေနတ်ပစ်မှု ဖြစ်တယ်၊ အဲဒါက ဗလီနဲ့ကင်းကွာလို့၊ ဗလီမတက်တာ ၁၂ နှစ်ရှိပါပြီတို့ စိတ် ပိုင်းဆိုင်ရာ ချို့ယွင်းနေလို့၊ စိတ်ရော ဆရာဝန်နဲ့ ကုသနေရတာပါ – ဒါတွေ ပြောတာလေ။ မှန်တယ်၊ အဲဒီအကြောင်း ပြတွေကိုလက်ခံတယ်၊ ရူးတဲ့သူက ကိုယ့် ပတ်ဝန်းကျင်မှာမသတ်ဘဲနဲ့ ဒီလူအုပ် ထဲကို ဘာလို့လာသတ်တာလဲ။ ကိုယ်နဲ့ ဘာသာတူတဲ့သူတွေကိုမသတ်ဘဲ ကိုယ် နဲ့ ဘာသာမတူတဲ့သူတွေကို ဘာလို့ရွေး သတ်တာလဲ။ အဲဒီလောက် နားလည် တယ်ဆိုရင် အဲဒီဆရာဝန်လက်မှတ်လေး နဲ့ အကြောင်းပြချက်က ပြီးသွားပြီလား။ ကမ္ဘာကြီးကို မေးချင်တာပေါ့နော့။

(ဆက်လက်ဖော်ပြပါမည်)