မန်းမဟော်သဓာသတင်း





“ကျောက်ချောရွာ ပညာဒါနကျူရှင်ကျောင်းသို့ အလည်တစ်ခေါက်”

တော်သလင်းလပြည့် (24.9.2018)ရက်နေ့၊ ညနေ ၆း၀၀ နာရီ၊ မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံအုပ်စု၊ ကျောက်ချောရွာ၊ ပညာဒါနကျူရှင်ကျောင်းသို့ ရောက်ရှိခဲ့ပါတယ်။

သူတို့လေးတွေ တတ်သလောက်မှတ်သလောက်နဲ့ ထန်းရွက်လေးတွေကို တည်းထိုးပြီး စာသင်သူကသင် စာကျက်သူကကျက်နဲ့ ကြိုးစားပမ်းစား လုပ်ဆောင်နေကြတာတွေ့ရပါတယ်။
စာရေးသူရောက်ခိုက် ကုမ္ပဏီတစ်ခုက ကျောင်းသူကျောင်းသားလေးတွေအတွက် ကြက်ဆီထမင်း လာလှူကြပါတယ်။ ဦးဇင်း ဦးနေမိန္ဒနှင့် ဂိုက်ဆရာ ဆရာမလေးများက ဖော့ဘူးထဲ ထမင်းဟင်းထည့်ပြီး ဝေခြမ်းနေတာ တွေ့ရပါတယ်။

စာရေးသူကတော့ ဆရာတော်လေး ဦးဣန္ဒက၊ ဆရာမကြီး ဒေါ်ဌေးဌေးမြင့်၊ ရာအိမ်မှူး ဦးခင်မောင်မြင့်တို့နှင့်အတူ ဆွေးနွေးတိုင်ပင်ပြီး သက်တမ်းရာကျော်သရက်ပင်ကြီးအောက်မှာ လမ်းလျှောက်လိုက် ကွပ်ပျစ်ပေါ်ထိုင်လိုက်နဲ့ နတ်ဒေဝါတွေကို ပဋ္ဌာန်းရွတ် ကုသိုလ်အမျှပေးဝေခဲ့ပါတယ်။