သတင်း

ကျောက်ချောရွာ အမျိုးတွေနှင့်အတူ

ဝါခေါင်လဆုတ် ၈ ရက် 15.8.2017 ညနေ ၅း၀၀ နာရီ မန္တလေး ပုသိမ်ကြီးမြို့နယ် ကျောက်ချောရွာ ရောက်ရှိခဲ့ပါတယ်။ ရောက်တာနဲ့တစ်ပြိုင်နက် ကလေးတွေစုရုံးပြီး လာတွေ့ကြပါတော့တယ်။

တို့ဘုန်းဘုန်းရောက်လာပြီဟေ့ဆိုပြီး ဝိုင်းအုံလာကြတာပါ။ ခါတိုင်း ကလေးတွေကို မုန့်ဖိုးတစ်ထောင်စီပေးနေကျဖြစ်လို့ ဘုန်းဘုန်းလာတိုင်း မုန့်ဖိုးပေးမယ်ထင်နေကြတာပါ။

မဟော်သဓာကျောင်းတော်ကြီးတည်ဆောက်ဖို့အတွက် မြေနေရာလာကြည့်တိုင်း မုန့်ဖိုးပေးနေကျဖြစ်ပေမဲ့ ဒီတစ်ခါတော့ သတိမေ့လာခဲ့ပါတယ်။ ဒကာမိုးကို(ဝီရမိုးကို)တစ်ထောင်ကျပ်တန် ငွေစက္ကူထုပ်တွေ ပါလာလို့ တော်ပါသေးတယ်။

သြကာသဆိုခိုင်း၊ သရဏဂုံဆောက်တည်ခိုင်းပြီး နမောတဿရွတ်ဆိုခိုင်းကာ နမောတဿအမြဲရွတ်ဖို့ တိုက်တွန်းပြီး မုန့်ဖိုးတစ်ထောင်ကျပ်စီ ပေးဝေခဲ့ပါတယ်။

ကလေးတွေကိုပေးတာဆိုပေမဲ့ လူကြီးတွေလည်း တန်းစီကြလို့ ငွေနှစ်သိန်းကျပ် ကုန်ကျတဲ့အထိ ပေးလှူနိုင်ခဲ့ပါတယ်။
ပြီးမှ ပဋ္ဌာန်းရွတ် အမျှဝေပြီး ပြန်လာခဲ့ပါတယ်။

ပုသိမ်ကြီးမြို့နယ် ကျောက်ချောရွာဆိုတာ မန်း မဟော်သဓာတည်ဆောက်မဲ့ မြေကွက်တည်ရှိရာ ကျေးရွာလေးပဲဖြစ်ပါတယ်။
ကျောက်ချောကျေးရွာလေးမှ အမျိုးတွေရဲ့ပုံကို ရှုစားကြပါဦး။