သတင္း

ေငြတြင္းမဘသ လႈပ္ရွားမႈမွတ္တမ္းဗီႏိုင္း ေထြ/အုပ္ရံုးမွ လာေရာက္ျဖဳတ္ခုိင္း

14.8.2019 ရက္ေန႔၊ ညေန ၄း၃၀ နာရီ၊ စစ္ကိုင္းတုိင္း၊ အရာေတာ္ၿမဳိ႕နယ္၊ ေငြတြင္းေက်းရြာ၊ ေက်ာင္းသစ္ေက်ာင္းတုိက္မွာ ခ်ိတ္ဆြဲထားတဲ့ ေငြတြင္း မဘသ ႏွစ္ပတ္လည္အခမ္းအနားမွတ္တမ္းဗီႏိုင္းႏွင့္ လွဴဒါန္းေထာက္ပံ့ခဲ့တဲ့ လႈပ္ရွားမႈမွတ္တမ္းဗီႏိုင္းကို အရာေတာ္ၿမိဳ႕ အေထြေထြအုပ္ခ်ဳပ္ေရးမွဴးမွ လာေရာက္ ျဖဳတ္ခ်ခုိင္းခဲ့တယ္လုိ႔ သိရပါတယ္။

ဗီႏိုင္းခ်ိတ္ဆြဲထားတာ ရက္ပိုင္းပဲရွိပါေသးၿပီး ေငြတြင္း ေက်ာင္းသစ္ေက်ာင္းဆရာေတာ္ႀကီးကိုယ္တုိင္ အမွတ္တရအျဖစ္ ေက်ာင္းထဲမွာ ခ်ိတ္ဆြဲထားခိုင္းျခင္းျဖစ္ပါတယ္။

လာေရာက္ျဖဳတ္ခုိင္းသူမွာ အရာေတာ္ေထြ/အုပ္ရုံးမွ ရံုးစာေရး ကိုေအာင္ကိုျဖစ္ၿပီး မဘသ အမည္ပါလို႔ ဆက္မခ်ိတ္ဖုိ႔ ျဖဳတ္ခ်ေပးဖုိ႔ လာေျပာတာျဖစ္ပါတယ္။
ဆရာေတာ္ႀကီးအမိန္႔နဲ႔ ခ်ိတ္ဆြဲထားတာျဖစ္လုိ႔ ဆရာေတာ္ႀကီးအမိန္႔မရဘဲ ျဖဳတ္မေပးႏိုင္ေၾကာင္း၊ ျဖဳတ္ခ်င္ရင္ ဆရာေတာ္ႀကီးကို ကိုယ္တုိင္သြားေလွ်ာက္ဖုိ႔ ေျပာရာ သြားမေလွ်ာက္ဘဲ ျပန္သြားၾကတယ္လုိ႔ ဆိုပါတယ္။

“ေရႀကီးေျမၿပဳိတာ မသိဘဲ ဗီႏိုင္းခ်ိတ္တာေတာ့ သိတယ္ဗ်”ဆိုၿပီး ရြာခံေတြက တအံ့တၾသ ေျပာဆိုေနၾကတယ္လို႔ ဆိုပါတယ္။
< ဝီရကိုစိုင္း >

“ငွေတွင်းမဘသ လှုပ်ရှားမှုမှတ်တမ်းဗီနိုင်း ထွေ/အုပ်ရုံးမှ လာရောက်ဖြုတ်ခိုင်း”

14.8.2019 ရက်နေ့၊ ညနေ ၄း၃၀ နာရီ၊ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ငွေတွင်းကျေးရွာ၊ ကျောင်းသစ်ကျောင်းတိုက်မှာ ချိတ်ဆွဲထားတဲ့ ငွေတွင်း မဘသ နှစ်ပတ်လည်အခမ်းအနားမှတ်တမ်းဗီနိုင်းနှင့် လှူဒါန်းထောက်ပံ့ခဲ့တဲ့ လှုပ်ရှားမှုမှတ်တမ်းဗီနိုင်းကို အရာတော်မြို့ အထွေထွေအုပ်ချုပ်ရေးမှူးမှ လာရောက် ဖြုတ်ချခိုင်းခဲ့တယ်လို့ သိရပါတယ်။

ဗီနိုင်းချိတ်ဆွဲထားတာ ရက်ပိုင်းပဲရှိပါသေးပြီး ငွေတွင်း ကျောင်းသစ်ကျောင်းဆရာတော်ကြီးကိုယ်တိုင် အမှတ်တရအဖြစ် ကျောင်းထဲမှာ ချိတ်ဆွဲထားခိုင်းခြင်းဖြစ်ပါတယ်။

လာရောက်ဖြုတ်ခိုင်းသူမှာ အရာတော်ထွေ/အုပ်ရုံးမှ ရုံးစာရေး ကိုအောင်ကိုဖြစ်ပြီး မဘသ အမည်ပါလို့ ဆက်မချိတ်ဖို့ ဖြုတ်ချပေးဖို့ လာပြောတာဖြစ်ပါတယ်။
ဆရာတော်ကြီးအမိန့်နဲ့ ချိတ်ဆွဲထားတာဖြစ်လို့ ဆရာတော်ကြီးအမိန့်မရဘဲ ဖြုတ်မပေးနိုင်ကြောင်း၊ ဖြုတ်ချင်ရင် ဆရာတော်ကြီးကို ကိုယ်တိုင်သွားလျှောက်ဖို့ ပြောရာ သွားမလျှောက်ဘဲ ပြန်သွားကြတယ်လို့ ဆိုပါတယ်။

“ရေကြီးမြေပြိုတာ မသိဘဲ ဗီနိုင်းချိတ်တာတော့ သိတယ်ဗျ”ဆိုပြီး ရွာခံတွေက တအံ့တသြ ပြောဆိုနေကြတယ်လို့ ဆိုပါတယ်။
< ဝီရကိုစိုင်း >