ဂ်ာနယ္သတင္းအင္တာဗ်ဴး

ဓမၼစက္ကို အာဏာစက္က ေက်ာ္ခ်င္တယ္ (ဂ-နိဂံုး) (ဆရာေတာ္ဦးဝီရသူႏွင့္ အင္တာဗ်ဴး၊ ျပည္ခ်စ္သားဂ်ာနယ္အတြဲ(၂)အမွတ္(၁၉) 14.6.2019)

ၿငိမ္း- ပုဒ္မ ၁၂၄ နဲ႔ အစိုးရပိုင္းက အေရးယူမယ္။ အရွင္ဘုရားကလည္းပဲ အေရးယူ ခံလိုက္ရမယ္ ဆိုရင္ ေနာက္ေနာင္မွာ ဓမၼစက္ဆုိတာ အေရးမပါ အရာမေရာက္ေတာ့တဲ့ အျဖစ္မ်ဳိး၊ ဓမၼစက္ရဲ႕ၾသဇာ သက္ေရာက္မႈ မရွိေတာ့တဲ့ အျဖစ္မ်ဳိး ျဖစ္သြားမွာ စိုးရိမ္တဲ့အတြက္ ခဏ ေရွာင္ေနတဲ့ သေဘာမ်ိဳးလားဘုရား။


ဆရာေတာ္- ဟုတ္ပါတယ္။ ေနာက္ေနာင္ဆိုလို႔ရွိရင္ ဘယ္သံဃာေတာ္ေတြကုိပဲျဖစ္ျဖစ္ အရပ္သားလူပုဂိၢဳလ္ ေတြက တရားစြဲတာမ်ိဳးေတြ လုပ္လာၾကေတာ့မွာပါ။ ဝိနည္းဓိုရ္၊ ဝိနိစၧယလက္စြဲထဲမွာလည္းပါတယ္၊ အမႈႀကီး ၁၅ မႈကလြဲရင္ အရပ္ဘက္တရား႐ံုးမွာ ဆံုးျဖတ္ပိုင္ခြင့္ မရွိဘူး။ ဥပမာ- လူသတ္မႈတို႔၊ မုဒိန္းမႈတို႔၊ ေမွာင္ခို မႈတို႔၊ ႏုိင္ငံေတာ္ပုန္ကန္မႈတို႔၊ ႏုိင္ငံေတာ္သစၥာေဖာက္မႈတို႔ တကယ့္ႀကီးေလးတဲ့ အမႈေတြပဲပါတယ္။
တကယ္တမ္းေျပာရင္ ဦးဇင္းက ႏုိင္ငံေရး အရ ေဝဖန္ေဟာၾကားတဲ့အဆင့္ပဲ ရွိတယ္။ ပုန္ကန္တာလည္းမဟုတ္ဘူး၊ သစၥာေဖာက္တာ လည္းမဟုတ္ဘူး။ ဦးဇင္းက အမႈႀကီး ၁၅ မႈကေန လြတ္ကင္းတဲ့အတြက္ေၾကာင့္ အရပ္ဘက္ တရား႐ံုးမွာ စီရင္ပိုင္ခြင့္မရွိဘူး။ ဒီဥပေဒကို အစိုးရ အစဥ္အဆက္ကေတာင္ လိုက္နာခဲ့တယ္။ အမိန္႔အာဏာနဲ႔လုပ္ရင္ရတဲ့ စစ္အစိုးရေတာင္ ဒါေတြကို လိုက္နာခဲ့ပါရဲ႕နဲ႔ အရပ္သားအစိုးရက ဒါကုိ မလိုက္နာဘဲ က်ဴးလြန္ရသလဲဆုိတာကို ေမးခြန္းထုတ္ရမလို ျဖစ္ေနၿပီ။

ၿငိမ္း- အစိုးရဘက္က အမႈ႐ုပ္သိမ္းတာမ်ိဳးလုိ တျခား အဆင္ေျပေစႏုိင္မယ့္ နည္းလမ္းတစ္ခုခု ရွိႏုိင္မယ္လုိ႔ ထင္ပါသလားဘုရား။

ဆရာေတာ္- အဆင္ေျပမယ့္နည္းလမ္းက ရွိႏိုင္ပါတယ္။ သူတို႔နဲ႔ အေပးအယူလုပ္ရင္လည္း အဆင္ေျပသြား ႏုိင္တာေပါ့။ သူတို႔က လက္နက္ ကိုင္တဲ့သူေတြကိုမွ အေပးအယူလုပ္ၿပီး စားပြဲဝိုင္းထိုင္ခ်င္တာ။ ဦးဇင္းတို႔က်ေတာ့ ဖုတ္ေလတဲ့ငပိ အဆင့္ထဲသြင္းၿပီးေတာ့ ေဆြးေႏြးဖို႔ စာရင္းမသြင္းဘူးေပါ့။
ဟုိအရင္ေခတ္ေတြတုန္းက ႏုိင္ငံေရးဓမၼ ကထိကေတြ၊ ေထာင္ထဲကေနထြက္လာတဲ့ ႏုိင္ငံေရးဘုန္းႀကီးေတြကို ဆရာေတာ္ႀကီးေတြက ကမၻာေအးကိုပင့္ၿပီး ေမတၱာက႐ုဏာေတြနဲ႔ ဆံုးမ ၾက၊ နားခ်ခဲ့ၾကတာမ်ဳိး ရွိခဲ့ပါတယ္။ အဲဒီလုိပံုစံ မ်ိဳးနဲ႔ အဆင္ေျပသြားတာလည္းရွိတယ္။ အဆင္မေျပ ၾကလို႔ ရာသက္ပန္တရားပြဲ အပိတ္ခံလိုက္ရတာ ေတြလည္း ရွိခဲ့ပါတယ္။
အခုလည္း အဲဒီအတုိင္းပဲ။ သူတို႔တေတြက ဝီရသူ ဘာလိုခ်င္တာလဲ၊ ဝီရသူဘာျဖစ္ခ်င္တာလဲ၊ ဝီရသူနဲ႔ အေပးအယူလုပ္လိုက္မယ္ဆိုရင္ေတာ့ အားလံုး ေျပလည္သြားႏုိင္ပါတယ္။ ဒါက တစ္ခ်က္။
ေနာက္တစ္ခ်က္ကေတာ့ သူတို႔တေတြက ႏုိင္ငံေတာ္ သံဃမဟာနာယက ဆရာေတာ္ႀကီးေတြ အေပၚ ဘယ္ေလာက္အေလးထားသလဲ၊ ေလးစား သလဲ။ ဓမၼစက္ကို ဘယ္ေလာက္ထိေအာင္ အေလးထားသလဲ။ အေလးထားတယ္ဆိုလို႔ ရွိရင္ေတာ့ ေျပလည္သြားမွာေပါ့။

ၿငိမ္း- အားလံုးအတြက္ အႏွစ္ခ်ဳပ္ ၾသဝါဒစကား မိန္႔ၾကားေပးပါဦးဘုရား။


ဆရာေတာ္- ဆရာေတာ္ဦးဝိစာရလည္း အဂၤလိပ္အစိုးရက ဝမ္းတူးဖိုးနဲ႔ အႀကိမ္ႀကိမ္ေထာင္ခ်ခဲ့တာပဲ။ ဆရာေတာ္ ဦးဥတၱမလည္း အဂၤလိပ္အစိုးရက ဝမ္းတူးဖိုးနဲ႔ အႀကိမ္ႀကိမ္ေထာင္ခ်ခဲ့တာပဲ။ အခု လည္း ဦးဇင္းကို ဝမ္းတူးဖိုးနဲ႔ေထာင္ခ်ဖို႔ဖန္လာၿပီ။ ဦးဇင္းတို႔ႏုိင္ငံက အဂၤလိပ္လက္ေအာက္က အခု အခ်ိန္ထိ မလြတ္ ေသးဘူးလား။ အဂၤလိပ္ေတြရဲ႕ လႊမ္းမုိးမႈ အရိပ္ေအာက္က လြတ္ေျမာက္ေအာင္ ဝိုင္းဝန္းၿပီးေတာ့ ေဆာင္ရြက္ၾကပါ၊ တြန္းလွန္ၾကပါလို႔ တိုက္တြန္းခ်င္ပါတယ္။

“ဓမ္မစက်ကို အာဏာစက်က ကျော်ချင်တယ်” (ဂ-နိဂုံး)
(ဆရာတော်ဦးဝီရသူနှင့် အင်တာဗျူး၊ ပြည်ချစ်သားဂျာနယ်အတွဲ(၂)အမှတ်(၁၉) 14.6.2019)

ငြိမ်း- ပုဒ်မ ၁၂၄ နဲ့ အစိုးရပိုင်းက အရေးယူမယ်။ အရှင်ဘုရားကလည်းပဲ အရေးယူ ခံလိုက်ရမယ် ဆိုရင် နောက်နောင်မှာ ဓမ္မစက်ဆိုတာ အရေးမပါ အရာမရောက်တော့တဲ့ အဖြစ်မျိုး၊ ဓမ္မစက်ရဲ့သြဇာ သက်ရောက်မှု မရှိတော့တဲ့ အဖြစ်မျိုး ဖြစ်သွားမှာ စိုးရိမ်တဲ့အတွက် ခဏ ရှောင်နေတဲ့ သဘောမျိုးလားဘုရား။


ဆရာတော်- ဟုတ်ပါတယ်။ နောက်နောင်ဆိုလို့ရှိရင် ဘယ်သံဃာတော်တွေကိုပဲဖြစ်ဖြစ် အရပ်သားလူပုဂ္ဂိုလ် တွေက တရားစွဲတာမျိုးတွေ လုပ်လာကြတော့မှာပါ။ ဝိနည်းဓိုရ်၊ ဝိနိစ္ဆယလက်စွဲထဲမှာလည်းပါတယ်၊ အမှုကြီး ၁၅ မှုကလွဲရင် အရပ်ဘက်တရားရုံးမှာ ဆုံးဖြတ်ပိုင်ခွင့် မရှိဘူး။ ဥပမာ- လူသတ်မှုတို့၊ မုဒိန်းမှုတို့၊ မှောင်ခို မှုတို့၊ နိုင်ငံတော်ပုန်ကန်မှုတို့၊ နိုင်ငံတော်သစ္စာဖောက်မှုတို့ တကယ့်ကြီးလေးတဲ့ အမှုတွေပဲပါတယ်။
တကယ်တမ်းပြောရင် ဦးဇင်းက နိုင်ငံရေး အရ ဝေဖန်ဟောကြားတဲ့အဆင့်ပဲ ရှိတယ်။ ပုန်ကန်တာလည်းမဟုတ်ဘူး၊ သစ္စာဖောက်တာ လည်းမဟုတ်ဘူး။ ဦးဇင်းက အမှုကြီး ၁၅ မှုကနေ လွတ်ကင်းတဲ့အတွက်ကြောင့် အရပ်ဘက် တရားရုံးမှာ စီရင်ပိုင်ခွင့်မရှိဘူး။ ဒီဥပဒေကို အစိုးရ အစဉ်အဆက်ကတောင် လိုက်နာခဲ့တယ်။ အမိန့်အာဏာနဲ့လုပ်ရင်ရတဲ့ စစ်အစိုးရတောင် ဒါတွေကို လိုက်နာခဲ့ပါရဲ့နဲ့ အရပ်သားအစိုးရက ဒါကို မလိုက်နာဘဲ ကျူးလွန်ရသလဲဆိုတာကို မေးခွန်းထုတ်ရမလို ဖြစ်နေပြီ။

ငြိမ်း- အစိုးရဘက်က အမှုရုပ်သိမ်းတာမျိုးလို တခြား အဆင်ပြေစေနိုင်မယ့် နည်းလမ်းတစ်ခုခု ရှိနိုင်မယ်လို့ ထင်ပါသလားဘုရား။


ဆရာတော်- အဆင်ပြေမယ့်နည်းလမ်းက ရှိနိုင်ပါတယ်။ သူတို့နဲ့ အပေးအယူလုပ်ရင်လည်း အဆင်ပြေသွား နိုင်တာပေါ့။ သူတို့က လက်နက် ကိုင်တဲ့သူတွေကိုမှ အပေးအယူလုပ်ပြီး စားပွဲဝိုင်းထိုင်ချင်တာ။ ဦးဇင်းတို့ကျတော့ ဖုတ်လေတဲ့ငပိ အဆင့်ထဲသွင်းပြီးတော့ ဆွေးနွေးဖို့ စာရင်းမသွင်းဘူးပေါ့။
ဟိုအရင်ခေတ်တွေတုန်းက နိုင်ငံရေးဓမ္မ ကထိကတွေ၊ ထောင်ထဲကနေထွက်လာတဲ့ နိုင်ငံရေးဘုန်းကြီးတွေကို ဆရာတော်ကြီးတွေက ကမ္ဘာအေးကိုပင့်ပြီး မေတ္တာကရုဏာတွေနဲ့ ဆုံးမ ကြ၊ နားချခဲ့ကြတာမျိုး ရှိခဲ့ပါတယ်။ အဲဒီလိုပုံစံ မျိုးနဲ့ အဆင်ပြေသွားတာလည်းရှိတယ်။ အဆင်မပြေ ကြလို့ ရာသက်ပန်တရားပွဲ အပိတ်ခံလိုက်ရတာ တွေလည်း ရှိခဲ့ပါတယ်။
အခုလည်း အဲဒီအတိုင်းပဲ။ သူတို့တတွေက ဝီရသူ ဘာလိုချင်တာလဲ၊ ဝီရသူဘာဖြစ်ချင်တာလဲ၊ ဝီရသူနဲ့ အပေးအယူလုပ်လိုက်မယ်ဆိုရင်တော့ အားလုံး ပြေလည်သွားနိုင်ပါတယ်။ ဒါက တစ်ချက်။
နောက်တစ်ချက်ကတော့ သူတို့တတွေက နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးတွေ အပေါ် ဘယ်လောက်အလေးထားသလဲ၊ လေးစား သလဲ။ ဓမ္မစက်ကို ဘယ်လောက်ထိအောင် အလေးထားသလဲ။ အလေးထားတယ်ဆိုလို့ ရှိရင်တော့ ပြေလည်သွားမှာပေါ့။

ငြိမ်း- အားလုံးအတွက် အနှစ်ချုပ် သြဝါဒစကား မိန့်ကြားပေးပါဦးဘုရား။


ဆရာတော်- ဆရာတော်ဦးဝိစာရလည်း အင်္ဂလိပ်အစိုးရက ဝမ်းတူးဖိုးနဲ့ အကြိမ်ကြိမ်ထောင်ချခဲ့တာပဲ။ ဆရာတော် ဦးဥတ္တမလည်း အင်္ဂလိပ်အစိုးရက ဝမ်းတူးဖိုးနဲ့ အကြိမ်ကြိမ်ထောင်ချခဲ့တာပဲ။ အခု လည်း ဦးဇင်းကို ဝမ်းတူးဖိုးနဲ့ထောင်ချဖို့ဖန်လာပြီ။ ဦးဇင်းတို့နိုင်ငံက အင်္ဂလိပ်လက်အောက်က အခု အချိန်ထိ မလွတ် သေးဘူးလား။ အင်္ဂလိပ်တွေရဲ့ လွှမ်းမိုးမှု အရိပ်အောက်က လွတ်မြောက်အောင် ဝိုင်းဝန်းပြီးတော့ ဆောင်ရွက်ကြပါ၊ တွန်းလှန်ကြပါလို့ တိုက်တွန်းချင်ပါတယ်။