ဂ်ာနယ္သတင္းအင္တာဗ်ဴး

ဓမၼစက္ကို အာဏာစက္က ေက်ာ္ခ်င္တယ္ (ခ) (ဆရာေတာ္ဦးဝီရသူႏွင့္ အင္တာဗ်ဴး၊ ျပည္ခ်စ္သားဂ်ာနယ္အတြဲ(၂)အမွတ္(၁၉) 14.6.2019)

ၿငိမ္း- တရားစြဲတာမ်ဳိးျဖစ္လာရင္ ဘာေတြလုပ္မလဲ ဆိုတာကို အရင္ကလည္းပဲ ေမးခဲ့ဖူးပါတယ္ ဘုရား။ အခု တရားစြဲတာေတြလည္းပဲ ျဖစ္လာၿပီ၊ ဆရာေတာ္ႀကီးေတြကဆင့္ေခၚလို႔ အရွင္ ဘုရားကလာခဲ့ရင္ ဖမ္းတာဆီးတာေတြလည္းပဲ ရွိလာႏိုင္တယ္ဆိုေတာ့ ဘာေတြဆက္လုပ္ဖို႔ ရွိပါသလဲဘုရား။


ဆရာေတာ္- ဦးဇင္းကေတာ့ ဆရာေတာ္ႀကီးေတြ ေရွ႕ ေမွာက္မွာ ဖမ္းဆီးတာေတြမလုပ္ဖို႔ ေမတၱာ ရပ္ခံမယ္။ ဆရာေတာ္ႀကီးေတြေရွ႕ေမွာက္မွာ ဖမ္းမယ္ဆိုရင္လည္းပဲ ဦးဇင္းက အသာတၾကည္ လိုက္သြား႐ံုပါပဲ။ အဲဒီလိုဆိုခဲ့ရင္ သူတို႔ကိုယ္တုိင္ ဆရာေတာ္ႀကီးေတြကို ခုတံုးလုပ္ၿပီး ႏုိင္ငံေရး အသံုးခ်တာ ထင္ရွားသြားၿပီ။
အဲဒီေတာ့ သူတို႔ရဲ႕ ဒီမိုကေရစီအစိုးရ၊ အရပ္သားအစိုးရ၊ ျပည္သူလူထုကေရြးေကာက္ တင္ေျမႇာက္ခံထားရတဲ့ ျပည္သူ႔အစိုးရ ဆိုတာေတြ၊ ေနာက္ တရားဥပေဒစိုးမိုးေရဆုိၿပီး ေၾကြးေၾကာ္လာခဲ့တဲ့ အစိုးရဆိုတဲ့ဟာေတြ အားလံုး သဲထဲေရသြန္ျဖစ္သြားပါလိမ့္မယ္။ သူတို႔ဂုဏ္သိကၡာကို သူတို႔ေစာင့္ထိန္းမလား၊ မထိန္းဘူးလားဆုိတဲ့အေပၚမွာ မူတည္တယ္။ ဦးဇင္းဘက္ကေတာ့ အားလံုး အဆင္သင့္ပါပဲ။

ၿငိမ္း- အဆက္အသြယ္ရတုန္းေလး ေလွ်ာက္ထား ေမးျမန္းခြင့္ရတာမုိ႔ သည္းခံေတာ္မူပါဘုရား။ အမ်ိဳးသားေရးလုပ္ေနတဲ့ ညီအစ္ကို ေမာင္ႏွမ ေတြ၊ ရဟန္းသံဃာေတြကို ဘာေတြမ်ား မွာၾကား ခ်င္ပါေသးသလဲဘုရား။ သူတို႔ကို ဘယ္လုိေတြ လုပ္ကုိင္ေဆာင္ရြက္ေစခ်င္ပါသလဲဘုရား။


ဆရာေတာ္- အခုသြားေနတဲ့ ပံုစံေလးက ေကာင္းတယ္။ သူတို႔ကို ၿငိမ္းစုစီနဲ႔လည္း စြဲလို႔မရဘူး။ တျခား ပုဒ္မလည္း တပ္လို႔မရဘူး။ သံဃာေတာ္တစ္ပါး ေဘးရန္ကင္းဖို႔အတြက္ ဆုေတာင္းၾကတာဆို ေတာ့။ ဒီပံုစံေလးက ေကာင္းပါတယ္။


အဲဒီလိုပဲ လိုအပ္ရင္လိုအပ္သလို ဥပေဒ ေဘာင္ထဲကေနၿပီးေတာ့ ဆက္လက္ေလွ်ာက္လွမ္း ရမွာေပါ့။ တစ္ဗိုလ္က်တစ္ဗိုလ္တက္စနစ္နဲ႔ သာသနာကို ကာကြယ္ေစာင့္ေရွာက္ပါမွ ကိုယ္ျမတ္ႏိုးတဲ့ အမ်ိဳးဘာသာ သာသနာဟာ အဓြန္႔ရွည္ၾကာ တည္တံ့မွာ ျဖစ္ပါတယ္။ တစ္ဗိုလ္က်တစ္ဗိုလ္တက္စနစ္နဲ႔ သြားႏုိင္ေအာင္ ျပင္ဆင္ထားၾကပါလို႔ တုိက္တြန္းခ်င္ပါတယ္။

ၿငိမ္း- ေနာက္တစ္ခုက မစိုးရိမ္တိုက္သစ္က စာသင္သားတပည့္ေတြကိုေရာ ဘာမ်ား မိန္႔မွာ ခ်င္ပါသလဲဘုရား။


ဆရာေတာ္- စာသင္သားတပည့္ေတြကိုေတာ့ အရင္ကလည္း မွာခဲ့ၿပီးပါၿပီ။ ဘယ္အတြက္ေၾကာင့္ပဲျဖစ္ျဖစ္ ပညာေရး ကုိ မထိခိုက္ေစနဲ႔။ ဘယ္အတြက္ေၾကာင့္ပဲျဖစ္ျဖစ္ သာသနာေရးကုိ မထိခိုက္ေစနဲ႔။ ဘယ္အတြက္ ေၾကာင့္ပဲျဖစ္ျဖစ္ တိုက္တာအေရးမထိခိုက္ေစနဲ႔လို႔ မွာခဲ့ပါတယ္။ အဲဒါကို တစ္သေဝမတိမ္း လိုက္နာ ၾကပါလို႔ ထပ္မွာခ်င္ပါတယ္။

ၿငိမ္း- လက္ရွိအေျခအေနေလးကို ျပန္သြားခ်င္ ပါတယ္ဘုရား။ ျဖစ္စဥ္တစ္ခုလံုးကို ခ်ဳပ္ၿပီးသံုးသပ္ လိုက္မယ္ဆိုရင္ အခုခ်ိန္မွာဆရာေတာ့္အေနနဲ႕ သံဃမဟာနာယကအဖြဲ႕ရဲ႕ အဆံုးအမၾသဝါဒကိုခံယူဖို႔ ေစာင့္ဆုိင္းေနတဲ့သေဘာ မဟုတ္ပါလားဘုရား။


ဆရာေတာ္- မွန္တယ္။ အဲဒါကို အဓိကေစာင့္တာပဲ။ ဆရာေတာ္ႀကီးေတြ ဘယ္ေန႔ဆင့္ေခၚမလဲဆိုတာကို ေစာင့္ေနတာ။ တကယ္လို႔ ဆရာေတာ္ႀကီးေတြက ဆင့္ေခၚဖို႔ အေျခအေနမရွိဘူးဆိုရင္လည္း ေသခ်ာေအာင္ စာနဲ႔ဆရာေတာ္ႀကီးေတြကို ရက္သတ္မွတ္ၿပီး ဘယ္ႏွစ္ရက္အတြင္းမွာ ဆရာ ေတာ္ႀကီးေတြဆီက ဆင့္ေခၚစာ မလာဘူးဆိုရင္ ေက်ာင္းျပန္စာခ်ေတာ့မယ့္အေၾကာင္း ေလွ်ာက္ လိုက္ေတာ့မယ္လုိ႔ ႀကံရြယ္ထားပါတယ္။

ၿငိမ္း- လက္ရွိအခ်ိန္မွာ စြဲထားတဲ့ပုဒ္မေတြဟာ တရားမွ်တမႈမရွိဘူးဆိုတဲ့ သံသယေၾကာင့္ ထြက္ၿပီးရင္ဆုိင္တာထက္ တိမ္းေရွာင္ေနတာက ပိုၿပီးေကာင္းတယ္ဆိုၿပီး ေျပာေနၾကတာေတြလည္း ရွိပါတယ္ဘုရား။ အျပင္ကေနပဲအလုပ္လုပ္ေနတာဟာ ပိုၿပီးေကာင္းတယ္ဆိုတဲ့ သံုးသပ္ခ်က္ေတြလည္း ရွိပါတယ္။ အဲဒီအေပၚမွာေရာ အရွင္ဘုရားရဲ႕ သေဘာထားက ဘယ္လိုရွိပါသလဲဘုရား။


ဆရာေတာ္- ပုဒ္မ ၁၂၄ တပ္လို႔ တိမ္းေရွာင္တုိင္း သူရဲေဘာ ေၾကာင္တယ္လို႔ေတာ့ ေျပာလို႔မရဘူးေပါ့ေနာ္။ ဗိုလ္ခ်ဳပ္ေအာင္ဆန္းေတာင္မွ ဟသၤာတစီရင္စုကေန တိမ္းေရွာင္ခဲ့လို႔ အမြိဳင္ခရီးစဥ္ေတြ ဘာေတြ ေပၚေပါက္လာၿပီး ဂ်ပန္ေတြနဲ႔အဆက္အသြယ္ရၿပီး လြတ္လပ္ေရးဆိုတာ ျဖစ္ေပၚလာတာကိုး။ အဲဒီေတာ့ ဦးဇင္းအေနနဲ႔ ဝရမ္းထုတ္ထားပါလ်က္ ရင္မဆုိင္တာကုိ သတိၱေၾကာင္တယ္လို႔ မဆုိႏုိင္ ပါဘူး။ ၿပီးေတာ့ ဗိုလ္ခ်ဳပ္ေအာင္ဆန္းေတာင္ ရင္မဆုိင္ဘဲ ေရွာင္ထြက္သြားတာမ်ဳိးရွိခဲ့တာပဲ။ အဲဒီလို တြက္တဲ့သူလည္း ရွိႏုိင္တာေပါ့။


ဦးဇင္းဘက္ကလည္း ရွင္းတယ္ေလ။ ဓမၼ စက္ရဲ႕အမိန္႔ကို ခံယူၿပီးမွ အာဏာစက္ရဲ႕ အမိန္႔ ကိုခံမယ္။ ဒါေပမယ့္ အာဏာစက္ရဲ႕အမိန္႔ကို နာခံဖို႔အတြက္ ဓမၼစက္ရဲ႕အဆံုးအျဖတ္က အဓိက ျဖစ္ေနတယ္။ ဓမၼစက္ရဲ႕ အဆံုးျဖတ္နဲ႔ပဲ ဦးဇင္းက သြားမွာျဖစ္တဲ့အတြက္ ဓမၼစက္ရဲ႕အဆံုးအျဖတ္ ကုိ ေစာင့္ဆုိင္းေနတာျဖစ္တယ္။


တကယ္တမ္းေျပာရင္ ဦးဇင္းရဲ႕ဆႏၵအတုိင္း ဆုိရင္ ထိပ္တိုက္ရင္ဆိုင္တဲ့နည္းလမ္းကို ပိုႀကိဳက္ တယ္။ ကိုယ့္အေပၚက႐ုဏာသက္တဲ့သူေတြက ေမတၱာ ေရွ႕ထားၿပီးေျပာၾကတာေတြလည္း ရွိပါတယ္။ အဲဒီအထဲမွာ ေထရ္ႀကီးဝါႀကီးဆရာေတာ္ႀကီး ေတြေတာင္ပါတယ္။ ဆရာေတာ္ႀကီးေတြရဲ႕ ေမတၱာကို ဦးဇင္းက ခံယူထားၿပီးသားပါ။
(ဆက္လက္ေဖာ္ျပပါမည္)

“ဓမ္မစက်ကို အာဏာစက်က ကျော်ချင်တယ်” (ခ)
(ဆရာတော်ဦးဝီရသူနှင့် အင်တာဗျူး၊ ပြည်ချစ်သားဂျာနယ်အတွဲ(၂)အမှတ်(၁၉) 14.6.2019)

ငြိမ်း- တရားစွဲတာမျိုးဖြစ်လာရင် ဘာတွေလုပ်မလဲ ဆိုတာကို အရင်ကလည်းပဲ မေးခဲ့ဖူးပါတယ် ဘုရား။ အခု တရားစွဲတာတွေလည်းပဲ ဖြစ်လာပြီ၊ ဆရာတော်ကြီးတွေကဆင့်ခေါ်လို့ အရှင် ဘုရားကလာခဲ့ရင် ဖမ်းတာဆီးတာတွေလည်းပဲ ရှိလာနိုင်တယ်ဆိုတော့ ဘာတွေဆက်လုပ်ဖို့ ရှိပါသလဲဘုရား။


ဆရာတော်- ဦးဇင်းကတော့ ဆရာတော်ကြီးတွေ ရှေ့ မှောက်မှာ ဖမ်းဆီးတာတွေမလုပ်ဖို့ မေတ္တာ ရပ်ခံမယ်။ ဆရာတော်ကြီးတွေရှေ့မှောက်မှာ ဖမ်းမယ်ဆိုရင်လည်းပဲ ဦးဇင်းက အသာတကြည် လိုက်သွားရုံပါပဲ။ အဲဒီလိုဆိုခဲ့ရင် သူတို့ကိုယ်တိုင် ဆရာတော်ကြီးတွေကို ခုတုံးလုပ်ပြီး နိုင်ငံရေး အသုံးချတာ ထင်ရှားသွားပြီ။


အဲဒီတော့ သူတို့ရဲ့ ဒီမိုကရေစီအစိုးရ၊ အရပ်သားအစိုးရ၊ ပြည်သူလူထုကရွေးကောက် တင်မြှောက်ခံထားရတဲ့ ပြည်သူ့အစိုးရ ဆိုတာတွေ၊ နောက် တရားဥပဒေစိုးမိုးရေဆိုပြီး ကြွေးကြော်လာခဲ့တဲ့ အစိုးရဆိုတဲ့ဟာတွေ အားလုံး သဲထဲရေသွန်ဖြစ်သွားပါလိမ့်မယ်။ သူတို့ဂုဏ်သိက္ခာကို သူတို့စောင့်ထိန်းမလား၊ မထိန်းဘူးလားဆိုတဲ့အပေါ်မှာ မူတည်တယ်။ ဦးဇင်းဘက်ကတော့ အားလုံး အဆင်သင့်ပါပဲ။

ငြိမ်း- အဆက်အသွယ်ရတုန်းလေး လျှောက်ထား မေးမြန်းခွင့်ရတာမို့ သည်းခံတော်မူပါဘုရား။ အမျိုးသားရေးလုပ်နေတဲ့ ညီအစ်ကို မောင်နှမ တွေ၊ ရဟန်းသံဃာတွေကို ဘာတွေများ မှာကြား ချင်ပါသေးသလဲဘုရား။ သူတို့ကို ဘယ်လိုတွေ လုပ်ကိုင်ဆောင်ရွက်စေချင်ပါသလဲဘုရား။


ဆရာတော်- အခုသွားနေတဲ့ ပုံစံလေးက ကောင်းတယ်။ သူတို့ကို ငြိမ်းစုစီနဲ့လည်း စွဲလို့မရဘူး။ တခြား ပုဒ်မလည်း တပ်လို့မရဘူး။ သံဃာတော်တစ်ပါး ဘေးရန်ကင်းဖို့အတွက် ဆုတောင်းကြတာဆို တော့။ ဒီပုံစံလေးက ကောင်းပါတယ်။


အဲဒီလိုပဲ လိုအပ်ရင်လိုအပ်သလို ဥပဒေ ဘောင်ထဲကနေပြီးတော့ ဆက်လက်လျှောက်လှမ်း ရမှာပေါ့။ တစ်ဗိုလ်ကျတစ်ဗိုလ်တက်စနစ်နဲ့ သာသနာကို ကာကွယ်စောင့်ရှောက်ပါမှ ကိုယ်မြတ်နိုးတဲ့ အမျိုးဘာသာ သာသနာဟာ အဓွန့်ရှည်ကြာ တည်တံ့မှာ ဖြစ်ပါတယ်။ တစ်ဗိုလ်ကျတစ်ဗိုလ်တက်စနစ်နဲ့ သွားနိုင်အောင် ပြင်ဆင်ထားကြပါလို့ တိုက်တွန်းချင်ပါတယ်။

ငြိမ်း- နောက်တစ်ခုက မစိုးရိမ်တိုက်သစ်က စာသင်သားတပည့်တွေကိုရော ဘာများ မိန့်မှာ ချင်ပါသလဲဘုရား။


ဆရာတော်- စာသင်သားတပည့်တွေကိုတော့ အရင်ကလည်း မှာခဲ့ပြီးပါပြီ။ ဘယ်အတွက်ကြောင့်ပဲဖြစ်ဖြစ် ပညာရေး ကို မထိခိုက်စေနဲ့။ ဘယ်အတွက်ကြောင့်ပဲဖြစ်ဖြစ် သာသနာရေးကို မထိခိုက်စေနဲ့။ ဘယ်အတွက် ကြောင့်ပဲဖြစ်ဖြစ် တိုက်တာအရေးမထိခိုက်စေနဲ့လို့ မှာခဲ့ပါတယ်။ အဲဒါကို တစ်သဝေမတိမ်း လိုက်နာ ကြပါလို့ ထပ်မှာချင်ပါတယ်။

ငြိမ်း- လက်ရှိအခြေအနေလေးကို ပြန်သွားချင် ပါတယ်ဘုရား။ ဖြစ်စဉ်တစ်ခုလုံးကို ချုပ်ပြီးသုံးသပ် လိုက်မယ်ဆိုရင် အခုချိန်မှာဆရာတော့်အနေနဲ့ သံဃမဟာနာယကအဖွဲ့ရဲ့ အဆုံးအမသြဝါဒကိုခံယူဖို့ စောင့်ဆိုင်းနေတဲ့သဘော မဟုတ်ပါလားဘုရား။


ဆရာတော်- မှန်တယ်။ အဲဒါကို အဓိကစောင့်တာပဲ။ ဆရာတော်ကြီးတွေ ဘယ်နေ့ဆင့်ခေါ်မလဲဆိုတာကို စောင့်နေတာ။ တကယ်လို့ ဆရာတော်ကြီးတွေက ဆင့်ခေါ်ဖို့ အခြေအနေမရှိဘူးဆိုရင်လည်း သေချာအောင် စာနဲ့ဆရာတော်ကြီးတွေကို ရက်သတ်မှတ်ပြီး ဘယ်နှစ်ရက်အတွင်းမှာ ဆရာ တော်ကြီးတွေဆီက ဆင့်ခေါ်စာ မလာဘူးဆိုရင် ကျောင်းပြန်စာချတော့မယ့်အကြောင်း လျှောက် လိုက်တော့မယ်လို့ ကြံရွယ်ထားပါတယ်။

ငြိမ်း- လက်ရှိအချိန်မှာ စွဲထားတဲ့ပုဒ်မတွေဟာ တရားမျှတမှုမရှိဘူးဆိုတဲ့ သံသယကြောင့် ထွက်ပြီးရင်ဆိုင်တာထက် တိမ်းရှောင်နေတာက ပိုပြီးကောင်းတယ်ဆိုပြီး ပြောနေကြတာတွေလည်း ရှိပါတယ်ဘုရား။ အပြင်ကနေပဲအလုပ်လုပ်နေတာဟာ ပိုပြီးကောင်းတယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိပါတယ်။ အဲဒီအပေါ်မှာရော အရှင်ဘုရားရဲ့ သဘောထားက ဘယ်လိုရှိပါသလဲဘုရား။


ဆရာတော်- ပုဒ်မ ၁၂၄ တပ်လို့ တိမ်းရှောင်တိုင်း သူရဲဘော ကြောင်တယ်လို့တော့ ပြောလို့မရဘူးပေါ့နော်။ ဗိုလ်ချုပ်အောင်ဆန်းတောင်မှ ဟင်္သာတစီရင်စုကနေ တိမ်းရှောင်ခဲ့လို့ အမွိုင်ခရီးစဉ်တွေ ဘာတွေ ပေါ်ပေါက်လာပြီး ဂျပန်တွေနဲ့အဆက်အသွယ်ရပြီး လွတ်လပ်ရေးဆိုတာ ဖြစ်ပေါ်လာတာကိုး။ အဲဒီတော့ ဦးဇင်းအနေနဲ့ ဝရမ်းထုတ်ထားပါလျက် ရင်မဆိုင်တာကို သတ္တိကြောင်တယ်လို့ မဆိုနိုင် ပါဘူး။ ပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းတောင် ရင်မဆိုင်ဘဲ ရှောင်ထွက်သွားတာမျိုးရှိခဲ့တာပဲ။ အဲဒီလို တွက်တဲ့သူလည်း ရှိနိုင်တာပေါ့။


ဦးဇင်းဘက်ကလည်း ရှင်းတယ်လေ။ ဓမ္မ စက်ရဲ့အမိန့်ကို ခံယူပြီးမှ အာဏာစက်ရဲ့ အမိန့် ကိုခံမယ်။ ဒါပေမယ့် အာဏာစက်ရဲ့အမိန့်ကို နာခံဖို့အတွက် ဓမ္မစက်ရဲ့အဆုံးအဖြတ်က အဓိက ဖြစ်နေတယ်။ ဓမ္မစက်ရဲ့ အဆုံးဖြတ်နဲ့ပဲ ဦးဇင်းက သွားမှာဖြစ်တဲ့အတွက် ဓမ္မစက်ရဲ့အဆုံးအဖြတ် ကို စောင့်ဆိုင်းနေတာဖြစ်တယ်။


တကယ်တမ်းပြောရင် ဦးဇင်းရဲ့ဆန္ဒအတိုင်း ဆိုရင် ထိပ်တိုက်ရင်ဆိုင်တဲ့နည်းလမ်းကို ပိုကြိုက် တယ်။ ကိုယ့်အပေါ်ကရုဏာသက်တဲ့သူတွေက မေတ္တာ ရှေ့ထားပြီးပြောကြတာတွေလည်း ရှိပါတယ်။ အဲဒီအထဲမှာ ထေရ်ကြီးဝါကြီးဆရာတော်ကြီး တွေတောင်ပါတယ်။ ဆရာတော်ကြီးတွေရဲ့ မေတ္တာကို ဦးဇင်းက ခံယူထားပြီးသားပါ။
(ဆက်လက်ဖော်ပြပါမည်)