ဂ်ာနယ္သတင္းအင္တာဗ်ဴး

ဓမၼစက္ကို အာဏာစက္က ေက်ာ္ခ်င္တယ္ (က) (ဆရာေတာ္ဦးဝီရသူႏွင့္ အင္တာဗ်ဴး၊ ျပည္ခ်စ္သားဂ်ာနယ္အတြဲ(၂)အမွတ္(၁၉) 14.6.2019)

ဆရာေတာ္ဦးဝီရသူနဲ႔ ေမလ ၁ ရက္ေန႔ေနာက္ပိုင္းမွာ အဆက္အသြယ္ျပတ္သြားခဲ့ၿပီး ေမလ ၈ ရက္ေန႔ ညေနပိုင္းမွာေတာ့ မေမွ်ာ္လင့္ဘဲ အဆက္အသြယ္ရရွိခဲ့ပါတယ္။ ဆရာေတာ္က သူထုတ္ေဝေနတဲ့ ျပည္ခ်စ္သားအတြက္ အင္တာဗ်ဴးလုပ္ၾကဖို႔အတြက္ ဆက္သြယ္လာတာပါ။ ေရွာင္ရတိမ္းရခ်ိန္မွာေတာင္ ႏွစ္ပတ္တစ္ခါဆိုသလို ျပဳလုပ္ေနၾက အင္တာဗ်ဴးကို သတိရတဲ့အတြက္ ဝမ္းနည္းဝမ္းသာပါပဲ။ ဒီအင္တာဗ်ဴးမွာေတာ့ လက္ရွိျဖစ္ေပၚေနသတဲ့ အေျခအေနေတြကို ဆက္သြယ္ေမးျမန္းျဖစ္ခဲ့ပါတယ္။

ၿငိမ္း- ပထမဆံုးတစ္ခုအေနနဲ႔ကေတာ့ လက္ရွိ အခ်ိန္မွာ မီဒီယာေတြက အရွင္ဘုရားကို ဝရမ္းေျပးဆိုၿပီး ပံုေဖာ္ေနၾကတာနဲ႔ပတ္သက္ၿပီးေတာ့ ေမးခ်င္ပါတယ္ဘုရား။ အရွင္ဘုရားလည္း ဠဳ မွာေတာ့ ေျပာသင့္သေလာက္ ေျပာထားၿပီးပါၿပီ ဘုရား။ ဒါေပမယ့္ အခုဒီအင္တာဗ်ဴးမွာေရာ ဘာမ်ားေျပာခ်င္ပါသလဲဘုရား။


ဆရာေတာ္- သူတို႔က ဓမၼစက္နဲ႔အာဏာစက္ကိုမကြဲျပား လို႔ပါ။ အာဏာစက္ဆိုတာ ဓမၼစက္ရဲ႕ေနာက္မွာပဲ လိုက္ရတာ။ ဓမၼစက္နဲ႔မရမွ အာဏာစက္ရဲ႕ အကူအညီနဲ႔သြားရတာကိုး။ သူတို႔က ဓမၼစက္ကို ေက်ာ္ၿပီးေတာ့ အာဏာစက္နဲ႔ အရင္လုပ္လိုက္တာ။
သာမန္ျပည္သူတစ္ေယာက္ ဆိုရင္ေတာ့ အာဏာစက္နဲ႔တန္းလုပ္ရမွာေပါ့။ ဒါေပမယ့္ သံဃာအဖြဲ႕အစည္းရဲ႕ အရိပ္အာဝါသမွာေနတဲ့ ရဟန္းေတာ္တစ္ပါး၊ ဘုန္းႀကီးတစ္ပါးကိုေတာ့ ဒီလုိအာဏာစက္နဲ႔တန္းၿပီးေတာ့ လုပ္လို႔မရ ဘူးေလ။ ဒါကို နားမလည္တဲ့အခါက်ေတာ့ သာမန္ျပည္သူတစ္ဦးလို ပံုစံမ်ိဳးနဲ႔ဝရမ္းေျပး၊ ဝရမ္း ေျပးဆိုၿပီးေတာ့ ဝိုင္းၿပီးေဘးတီးေပးေနၾကတာ။
အစိုးရကိုယ္တုိင္ကလည္းပဲ ဓမၼစက္နဲ႔အာဏာ စက္ကို မကြဲျပားဘူး။ ဓမၼစက္ကို အာဏာစက္က ေက်ာ္ခ်င္တယ္။ မီဒီယာေတြနဲ႔ေလာက္ေကာင္ ေတြကလည္းပဲ အာဏာစက္နဲ႔ကိုင္တြယ္ဖို႔ ဖိအားေပးေနတယ္။ ဒါေၾကာင့္ သာမန္ျပည္သူ တစ္ေယာက္ကို ဝရမ္းထုတ္တဲ့အခါ ဝရမ္းေျပးလို႔ သတ္မွတ္သလိုပဲ ရဟန္းေတာ္တစ္ပါးကို ဝရမ္းေျပးလို႔ သူတို႔ေတြသတ္မွတ္ေနၾကတာေပါ့။

ၿငိမ္း- ပုဒ္မ ၁၂၄ (က)နဲ႔ တရားစြဲတဲ့ ကိစၥေပါ့ ဘုရား။ အရင္သမၼတႀကီး ဦးသိန္းစိန္လက္ထက္မွာ ကဗ်ာဆရာ ေမာင္ေဆာင္းခက အခု အရွင္ဘုရား ၿမိတ္နဲ႔ရန္ကုန္မွာ ေျပာတဲ့စကားေတြထက္ အဆေပါင္းမ်ားစြာ ၾကမ္းတမ္းတဲ့စကားလံုးေတြနဲ႔ ကဗ်ာေရးခဲ့တာေတာင္ ၆၆(ဃ)နဲ႔စြဲတယ္။ အခု အရွင္ဘုရားက တရားဝင္ ခြင့္ျပဳမိန္႔တင္တဲ့ ေဟာေျပာပြဲမွာ ေဟာေျပာတာကိုပဲ ပုဒ္မ ၁၂၄(က)နဲ႔စြဲတယ္ဆိုေတာ့ ဘာေတြမ်ားကြာျခား ပါသလဲဘုရား။


ဆရာေတာ္- သူတို႔စြဲတဲ့အေၾကာင္းအရာေတြကို ၾကည့္လုိက္ တဲ့အခါ ႏွစ္ခ်က္ေတြ႕ရတယ္။ တစ္အခ်က္ကေတာ့ မ႑ိဳင္ႀကီးသံုးခုကို မမွန္မကန္ေဝဖန္တယ္လို႔ ေျပာတဲ့သူရွိတယ္။ ေနာက္တစ္ခုက်ေတာ့လည္းပဲ ေစာ္ကားတယ္၊ ဆဲေရးတုိင္းထြာတယ္လို႔ ဆိုတာ ေတြလည္းပါတယ္။
သူတို႔ေျပာတဲ့ ဆူးေလပြဲမွာေတာ့ မမွန္မကန္ ဆိုတဲ့အခ်က္အလက္ကို ဦးဇင္းေျပာခဲ့တာ တစ္ခ်က္မွမရွိဘူး။ ဦးဇင္းမွာအေထာက္အထား ေတြရွိတယ္။ အဲဒါေတြနဲ႔ အျပဳသေဘာေဆာင္ၿပီး ေဝဖန္တာေလ။ ဆဲဆိုတယ္ဆိုတာ ေဝလာေဝး၊ ၾကမ္းတမ္းတဲ့စကားလံုးေတာင္ မသံုးမိေအာင္ ေသေသခ်ာခ်ာ သတိထားၿပီး ေဟာခဲ့ပါတယ္။ အဲဒါႀကီးကို အတင္းလုပ္တယ္ဆိုေတာ့ ဦးဇင္း အထင္ေျပာရရင္ ၿမိတ္တရားပြဲရဲ႕ အာဃာတက ဆူးေလပြဲမွာလာၿပီးေတာ့ လႊမ္းမိုးသြားတဲ့ပံု ရပါတယ္။ ဘာပဲလုပ္လုပ္ ဘာပဲေဟာေဟာ ဒီပံုစံ နဲ႔ပဲ၊ ဒီပုဒ္မနဲ႔ပဲ သြားမယ္ဆိုၿပီး ခ်ိဳးတဲ့သေဘာပါပဲ။
ဦးဇင္းေျပာေနက် စကားလံုးအတုိင္းေျပာရ ရင္ေတာ့ အျမင္ကတ္ပုဒ္မ တပ္တဲ့သေဘာေပါ့။

ၿငိမ္း- ေနာက္တစ္ခုကေတာ့ ဗုဒၶဓမၼပရဟိတ ေဖာင္ေဒးရွင္းက အရွင္ဘုရားနဲ႔ ပတ္သက္ၿပီး ေၾကညာခ်က္ေတြလည္းထုတ္တယ္။ ေနာက္ သမၼတ၊ ကာကြယ္ေရးဦးစီးခ်ဳပ္၊ သံဃမဟာ နာယကတို႔ကို လိပ္မူၿပီးစာေတြပို႔တယ္၊ ဒါေတြ လုပ္ၿပီးခ်ိန္မွာ တရားစြဲထားတဲ့ ပုဒ္မေတြက အေျပာင္းအလဲျဖစ္မယ္ထင္လား၊ ဘာေတြ ဆက္ျဖစ္လာမယ္လို႔ ယူဆပါသလဲဘုရား။


ဆရာေတာ္- ဒါေတြက ဓမၼစက္နဲ႔ အာဏာစက္ေပၚမူ တည္တာေပါ့။ ဓမၼစက္နဲ႔သြားမယ္၊ ဓမၼစက္နဲ႔ မရမွ အာဏာစက္နဲ႔သြားမယ္၊ ဒါေတြက သူတို႔ေျပာခဲ့တဲ့ စစ္အစိုးရလို႔ေခၚေနတဲ့ မဆလ လက္ထက္ကေန နဝတ၊ နအဖ၊ ေနာက္ သူတို႔ေျပာ တဲ့ စစ္သားတစ္ပိုင္း အစိုးရအထိ က်င့္သံုးခဲ့တဲ့ လုပ္ထံုးလုပ္နည္းေတြပဲေလ။ ဒီအစိုးရက ဥပေဒ ကို ဘယ္ေလာက္ေလးစားသလဲ၊ ဒီအစိုးရက လုပ္ထံုးလုပ္နည္းေတြ အေပၚမွာ ဘယ္ေလာက္ထိ လိုက္နာလဲ၊ ဒါကိုမူတည္ၿပီးေတာ့ ၁၂၄(က)က အသက္ဝင္မယ္၊ မဝင္ဘူး ကြာျခားသြားမွာပါ။
ေနာက္တစ္ခုက ဒီအစိုးရကသံဃမဟာနာယက ဆရာေတာ္ေတြအေပၚ ဘယ္ေလာက္ဦးထိပ္ထား သလဲ၊ ဘယ္ေလာက္ၾကည္ညိဳေလးစားမႈရွိလဲ ဆုိတာေတြနဲ႔ တုိင္းတာရမွာပါ။

ၿငိမ္း- အရွင္ဘုရားကို ပုဒ္မအမ်ိဳးမ်ိဳးတပ္ၿပီး ဖမ္းဆီးဖို႔ လုပ္ေနတာနဲ႔ပတ္သက္ၿပီး ႏိုင္ငံအႏွံ႔ဆုေတာင္းပြဲ ေတြ လုပ္ေနတာလည္း ေတြ႕ပါတယ္ဘုရား။ ဒီလုိ ဆုေတာင္းပြဲေတြ လုပ္ေနၾကတဲ့သူေတြအတြက္ ဘာမ်ား ေျပာလုိပါသလဲဘုရား။


ဆရာေတာ္- ဆုေတာင္းပြဲလုပ္ေနတဲ့ အခမ္းအနားေတြမွာ ၾကည့္လိုက္မယ္ဆိုရင္ တကယ့္ေထရ္ႀကီးဝါႀကီး ေက်းဇူးရွင္ ဆရာေတာ္ႀကီးေတြ ဦးေဆာင္ေနတာ ကိုလည္း ေတြ႕ရပါတယ္။ အလြန္အင္မတန္မွ ေက်းဇူးတင္၊ ၾကည္ညိဳေလးစားမိပါတယ္။ အားလည္းတက္မိပါတယ္။
ဆရာေတာ္ႀကီးေတြေရာ၊ ညီေတာ္ေနာင္ေတာ္ ေတြေရာ၊ အမ်ိဳးသားေရး ညီအစ္ကိုေမာင္ႏွမ ေတြေရာ၊ မ်ိဳးခ်စ္ျပည္သူေတြေရာ အားလံုးကုိ မွတ္မွတ္ရရ ရွိေနပါတယ္။ တကယ္လည္း ေလးေလးနက္နက္ကို ေက်းဇူးတင္ပါတယ္။
ဆရာေတာ္ေတြရဲ႕ ဆုေတာင္းေတြ၊ ဆရာေတာ္ ေတြရဲ႕ ေမတၱာစကားေတြေၾကာင့္ ဘုရား တပည့္ေတာ္ တကယ့္ကို လြတ္ေျမာက္မွာပါ။ ဘုရား တပည့္ေတာ္တင္မကဘူး သာသနာေတာ္ႀကီးပါ အခ်ဳပ္အေႏွာင္မွ လြတ္ေျမာက္မွာပါလို႔ တပည့္ေတာ္ ေလွ်ာက္ထားလုိက္ပါတယ္။

ၿငိမ္း- အခု ပုဒ္မ ၁၂၄(က)နဲ႔ပတ္သက္ၿပီး တိမ္းေရွာင္ေနတယ္။ ဒါေပမယ့္ တကယ္လို႔ သံဃမဟာနာယကက ဆင့္ေခၚစာထုတ္ၿပီး ေခၚယူခဲ့မယ္ဆိုရင္ လာေတြ႕ဖို႔ရွိမလား။ ေနာက္ၿပီး ဘာေတြဆက္လုပ္ဖို႔ ရွိမယ္ဆိုတာကိုေရာ မိန္႔လို႔ရမလားဘုရား။


ဆရာေတာ္- ဦးဇင္းက လာေတြ႕ဖို႔ကိုပဲ မႏၱေလးကေန ရန္ကုန္အထိ ဆင္းလာခဲ့တာ။ ဆရာေတာ္ေတြက ေမလ ၂၂ ရက္ေန႔မွာ စာထုတ္တယ္။ ဦးဇင္းဆီကို ၂၃ ရက္ေန႔ေရာက္တယ္။ သူတို႔ခ်ိန္းထားတာက ၃ဝ ရက္ေန႔ဆိုေတာ့ မႏၲေလးကေန ၂၉ ရက္ေန႔ ရန္ကုန္ကို အေရာက္လာခဲ့တာပဲ။ ဆရာေတာ္ေတြဘက္က အေၾကာင္းမညီညြတ္လို႔ ႐ုပ္သိမ္းလုိက္လို႔သာ ပ်က္ကြက္သြားတာ။ ဦးဇင္းက ဓမၼစက္ရဲ႕အမိန္႔ကို နာခံဖို႔အတြက္ အဆင္သင့္ျဖစ္ေနၿပီးသားပါ။ အခုလည္း အဆင္သင့္ျဖစ္ေနပါၿပီ။

“ဓမ္မစက်ကို အာဏာစက်က ကျော်ချင်တယ်” (က)
(ဆရာတော်ဦးဝီရသူနှင့် အင်တာဗျူး၊ ပြည်ချစ်သားဂျာနယ်အတွဲ(၂)အမှတ်(၁၉) 14.6.2019)

ဆရာတော်ဦးဝီရသူနဲ့ မေလ ၁ ရက်နေ့နောက်ပိုင်းမှာ အဆက်အသွယ်ပြတ်သွားခဲ့ပြီး မေလ ၈ ရက်နေ့ ညနေပိုင်းမှာတော့ မမျှော်လင့်ဘဲ အဆက်အသွယ်ရရှိခဲ့ပါတယ်။ ဆရာတော်က သူထုတ်ဝေနေတဲ့ ပြည်ချစ်သားအတွက် အင်တာဗျူးလုပ်ကြဖို့အတွက် ဆက်သွယ်လာတာပါ။ ရှောင်ရတိမ်းရချိန်မှာတောင် နှစ်ပတ်တစ်ခါဆိုသလို ပြုလုပ်နေကြ အင်တာဗျူးကို သတိရတဲ့အတွက် ဝမ်းနည်းဝမ်းသာပါပဲ။ ဒီအင်တာဗျူးမှာတော့ လက်ရှိဖြစ်ပေါ်နေသတဲ့ အခြေအနေတွေကို ဆက်သွယ်မေးမြန်းဖြစ်ခဲ့ပါတယ်။

ငြိမ်း- ပထမဆုံးတစ်ခုအနေနဲ့ကတော့ လက်ရှိ အချိန်မှာ မီဒီယာတွေက အရှင်ဘုရားကို ဝရမ်းပြေးဆိုပြီး ပုံဖော်နေကြတာနဲ့ပတ်သက်ပြီးတော့ မေးချင်ပါတယ်ဘုရား။ အရှင်ဘုရားလည်း ဠု မှာတော့ ပြောသင့်သလောက် ပြောထားပြီးပါပြီ ဘုရား။ ဒါပေမယ့် အခုဒီအင်တာဗျူးမှာရော ဘာများပြောချင်ပါသလဲဘုရား။


ဆရာတော်- သူတို့က ဓမ္မစက်နဲ့အာဏာစက်ကိုမကွဲပြား လို့ပါ။ အာဏာစက်ဆိုတာ ဓမ္မစက်ရဲ့နောက်မှာပဲ လိုက်ရတာ။ ဓမ္မစက်နဲ့မရမှ အာဏာစက်ရဲ့ အကူအညီနဲ့သွားရတာကိုး။ သူတို့က ဓမ္မစက်ကို ကျော်ပြီးတော့ အာဏာစက်နဲ့ အရင်လုပ်လိုက်တာ။
သာမန်ပြည်သူတစ်ယောက် ဆိုရင်တော့ အာဏာစက်နဲ့တန်းလုပ်ရမှာပေါ့။ ဒါပေမယ့် သံဃာအဖွဲ့အစည်းရဲ့ အရိပ်အာဝါသမှာနေတဲ့ ရဟန်းတော်တစ်ပါး၊ ဘုန်းကြီးတစ်ပါးကိုတော့ ဒီလိုအာဏာစက်နဲ့တန်းပြီးတော့ လုပ်လို့မရ ဘူးလေ။ ဒါကို နားမလည်တဲ့အခါကျတော့ သာမန်ပြည်သူတစ်ဦးလို ပုံစံမျိုးနဲ့ဝရမ်းပြေး၊ ဝရမ်း ပြေးဆိုပြီးတော့ ဝိုင်းပြီးဘေးတီးပေးနေကြတာ။
အစိုးရကိုယ်တိုင်ကလည်းပဲ ဓမ္မစက်နဲ့အာဏာ စက်ကို မကွဲပြားဘူး။ ဓမ္မစက်ကို အာဏာစက်က ကျော်ချင်တယ်။ မီဒီယာတွေနဲ့လောက်ကောင် တွေကလည်းပဲ အာဏာစက်နဲ့ကိုင်တွယ်ဖို့ ဖိအားပေးနေတယ်။ ဒါကြောင့် သာမန်ပြည်သူ တစ်ယောက်ကို ဝရမ်းထုတ်တဲ့အခါ ဝရမ်းပြေးလို့ သတ်မှတ်သလိုပဲ ရဟန်းတော်တစ်ပါးကို ဝရမ်းပြေးလို့ သူတို့တွေသတ်မှတ်နေကြတာပေါ့။

ငြိမ်း- ပုဒ်မ ၁၂၄ (က)နဲ့ တရားစွဲတဲ့ ကိစ္စပေါ့ ဘုရား။ အရင်သမ္မတကြီး ဦးသိန်းစိန်လက်ထက်မှာ ကဗျာဆရာ မောင်ဆောင်းခက အခု အရှင်ဘုရား မြိတ်နဲ့ရန်ကုန်မှာ ပြောတဲ့စကားတွေထက် အဆပေါင်းများစွာ ကြမ်းတမ်းတဲ့စကားလုံးတွေနဲ့ ကဗျာရေးခဲ့တာတောင် ၆၆(ဃ)နဲ့စွဲတယ်။ အခု အရှင်ဘုရားက တရားဝင် ခွင့်ပြုမိန့်တင်တဲ့ ဟောပြောပွဲမှာ ဟောပြောတာကိုပဲ ပုဒ်မ ၁၂၄(က)နဲ့စွဲတယ်ဆိုတော့ ဘာတွေများကွာခြား ပါသလဲဘုရား။


ဆရာတော်- သူတို့စွဲတဲ့အကြောင်းအရာတွေကို ကြည့်လိုက် တဲ့အခါ နှစ်ချက်တွေ့ရတယ်။ တစ်အချက်ကတော့ မဏ္ဍိုင်ကြီးသုံးခုကို မမှန်မကန်ဝေဖန်တယ်လို့ ပြောတဲ့သူရှိတယ်။ နောက်တစ်ခုကျတော့လည်းပဲ စော်ကားတယ်၊ ဆဲရေးတိုင်းထွာတယ်လို့ ဆိုတာ တွေလည်းပါတယ်။
သူတို့ပြောတဲ့ ဆူးလေပွဲမှာတော့ မမှန်မကန် ဆိုတဲ့အချက်အလက်ကို ဦးဇင်းပြောခဲ့တာ တစ်ချက်မှမရှိဘူး။ ဦးဇင်းမှာအထောက်အထား တွေရှိတယ်။ အဲဒါတွေနဲ့ အပြုသဘောဆောင်ပြီး ဝေဖန်တာလေ။ ဆဲဆိုတယ်ဆိုတာ ဝေလာဝေး၊ ကြမ်းတမ်းတဲ့စကားလုံးတောင် မသုံးမိအောင် သေသေချာချာ သတိထားပြီး ဟောခဲ့ပါတယ်။ အဲဒါကြီးကို အတင်းလုပ်တယ်ဆိုတော့ ဦးဇင်း အထင်ပြောရရင် မြိတ်တရားပွဲရဲ့ အာဃာတက ဆူးလေပွဲမှာလာပြီးတော့ လွှမ်းမိုးသွားတဲ့ပုံ ရပါတယ်။ ဘာပဲလုပ်လုပ် ဘာပဲဟောဟော ဒီပုံစံ နဲ့ပဲ၊ ဒီပုဒ်မနဲ့ပဲ သွားမယ်ဆိုပြီး ချိုးတဲ့သဘောပါပဲ။
ဦးဇင်းပြောနေကျ စကားလုံးအတိုင်းပြောရ ရင်တော့ အမြင်ကတ်ပုဒ်မ တပ်တဲ့သဘောပေါ့။

ငြိမ်း- နောက်တစ်ခုကတော့ ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းက အရှင်ဘုရားနဲ့ ပတ်သက်ပြီး ကြေညာချက်တွေလည်းထုတ်တယ်။ နောက် သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ သံဃမဟာ နာယကတို့ကို လိပ်မူပြီးစာတွေပို့တယ်၊ ဒါတွေ လုပ်ပြီးချိန်မှာ တရားစွဲထားတဲ့ ပုဒ်မတွေက အပြောင်းအလဲဖြစ်မယ်ထင်လား၊ ဘာတွေ ဆက်ဖြစ်လာမယ်လို့ ယူဆပါသလဲဘုရား။


ဆရာတော်- ဒါတွေက ဓမ္မစက်နဲ့ အာဏာစက်ပေါ်မူ တည်တာပေါ့။ ဓမ္မစက်နဲ့သွားမယ်၊ ဓမ္မစက်နဲ့ မရမှ အာဏာစက်နဲ့သွားမယ်၊ ဒါတွေက သူတို့ပြောခဲ့တဲ့ စစ်အစိုးရလို့ခေါ်နေတဲ့ မဆလ လက်ထက်ကနေ နဝတ၊ နအဖ၊ နောက် သူတို့ပြော တဲ့ စစ်သားတစ်ပိုင်း အစိုးရအထိ ကျင့်သုံးခဲ့တဲ့ လုပ်ထုံးလုပ်နည်းတွေပဲလေ။ ဒီအစိုးရက ဥပဒေ ကို ဘယ်လောက်လေးစားသလဲ၊ ဒီအစိုးရက လုပ်ထုံးလုပ်နည်းတွေ အပေါ်မှာ ဘယ်လောက်ထိ လိုက်နာလဲ၊ ဒါကိုမူတည်ပြီးတော့ ၁၂၄(က)က အသက်ဝင်မယ်၊ မဝင်ဘူး ကွာခြားသွားမှာပါ။
နောက်တစ်ခုက ဒီအစိုးရကသံဃမဟာနာယက ဆရာတော်တွေအပေါ် ဘယ်လောက်ဦးထိပ်ထား သလဲ၊ ဘယ်လောက်ကြည်ညိုလေးစားမှုရှိလဲ ဆိုတာတွေနဲ့ တိုင်းတာရမှာပါ။

ငြိမ်း- အရှင်ဘုရားကို ပုဒ်မအမျိုးမျိုးတပ်ပြီး ဖမ်းဆီးဖို့ လုပ်နေတာနဲ့ပတ်သက်ပြီး နိုင်ငံအနှံ့ဆုတောင်းပွဲ တွေ လုပ်နေတာလည်း တွေ့ပါတယ်ဘုရား။ ဒီလို ဆုတောင်းပွဲတွေ လုပ်နေကြတဲ့သူတွေအတွက် ဘာများ ပြောလိုပါသလဲဘုရား။


ဆရာတော်- ဆုတောင်းပွဲလုပ်နေတဲ့ အခမ်းအနားတွေမှာ ကြည့်လိုက်မယ်ဆိုရင် တကယ့်ထေရ်ကြီးဝါကြီး ကျေးဇူးရှင် ဆရာတော်ကြီးတွေ ဦးဆောင်နေတာ ကိုလည်း တွေ့ရပါတယ်။ အလွန်အင်မတန်မှ ကျေးဇူးတင်၊ ကြည်ညိုလေးစားမိပါတယ်။ အားလည်းတက်မိပါတယ်။
ဆရာတော်ကြီးတွေရော၊ ညီတော်နောင်တော် တွေရော၊ အမျိုးသားရေး ညီအစ်ကိုမောင်နှမ တွေရော၊ မျိုးချစ်ပြည်သူတွေရော အားလုံးကို မှတ်မှတ်ရရ ရှိနေပါတယ်။ တကယ်လည်း လေးလေးနက်နက်ကို ကျေးဇူးတင်ပါတယ်။
ဆရာတော်တွေရဲ့ ဆုတောင်းတွေ၊ ဆရာတော် တွေရဲ့ မေတ္တာစကားတွေကြောင့် ဘုရား တပည့်တော် တကယ့်ကို လွတ်မြောက်မှာပါ။ ဘုရား တပည့်တော်တင်မကဘူး သာသနာတော်ကြီးပါ အချုပ်အနှောင်မှ လွတ်မြောက်မှာပါလို့ တပည့်တော် လျှောက်ထားလိုက်ပါတယ်။

ငြိမ်း- အခု ပုဒ်မ ၁၂၄(က)နဲ့ပတ်သက်ပြီး တိမ်းရှောင်နေတယ်။ ဒါပေမယ့် တကယ်လို့ သံဃမဟာနာယကက ဆင့်ခေါ်စာထုတ်ပြီး ခေါ်ယူခဲ့မယ်ဆိုရင် လာတွေ့ဖို့ရှိမလား။ နောက်ပြီး ဘာတွေဆက်လုပ်ဖို့ ရှိမယ်ဆိုတာကိုရော မိန့်လို့ရမလားဘုရား။


ဆရာတော်- ဦးဇင်းက လာတွေ့ဖို့ကိုပဲ မန္တလေးကနေ ရန်ကုန်အထိ ဆင်းလာခဲ့တာ။ ဆရာတော်တွေက မေလ ၂၂ ရက်နေ့မှာ စာထုတ်တယ်။ ဦးဇင်းဆီကို ၂၃ ရက်နေ့ရောက်တယ်။ သူတို့ချိန်းထားတာက ၃ဝ ရက်နေ့ဆိုတော့ မန္တလေးကနေ ၂၉ ရက်နေ့ ရန်ကုန်ကို အရောက်လာခဲ့တာပဲ။ ဆရာတော်တွေဘက်က အကြောင်းမညီညွတ်လို့ ရုပ်သိမ်းလိုက်လို့သာ ပျက်ကွက်သွားတာ။ ဦးဇင်းက ဓမ္မစက်ရဲ့အမိန့်ကို နာခံဖို့အတွက် အဆင်သင့်ဖြစ်နေပြီးသားပါ။ အခုလည်း အဆင်သင့်ဖြစ်နေပါပြီ။