သတင္း

ေတာင္ႀကီးခရီးစဥ္(၈)”

22.3.2018 ရက္ေန႔၊ ည(၇း၀၀)နာရီ၊ ရွမ္းျပည္နယ္ေတာင္ပုိင္း ဖယ္ခုံၿမဳိ႕နယ္ ရီႏြဲ႕ေက်းရြာအုပ္စု ကုန္းငူးရြာငယ္ေလးသို႔ ေရာက္ရွိပါတယ္။

ကယန္းတုိင္းရင္းသားမ်ား ေနထုိင္ရာ ရွမ္းျပည္နယ္ေတာင္ပုိင္းအစြန္ဆုံးရြာေလးပါ။ ဗမာစကား နည္းနည္းပါးပါးပဲေျပာတတ္ေသာ္လည္း ဗမာစကားေတာ့ အျပည့္အဝ နားလည္ၾကပါတယ္။

အေနာက္ကယန္းေဒသ ေထရဝါဒ ဗုဒၶသာသနာႏုဂၢဟ အသင္းႀကီး ပထမအႀကိမ္ ညအထူးတရားပြဲမတုိင္မီ ပရဟိတအဖြဲ႔မ်ားႏွင့္ ႀကဳိဆုိေရးအဖြဲ႔မ်ားအား ၾသဝါဒေပးပါတယ္။

မီးမရွိ ေရရွားရာျဖစ္လုိ႔ မိုးေရကိုပဲ အမွီျပဳေနၾကရသူေတြပါ။ ကေလးငယ္ေတြလည္း ေပါမ်ားပါတယ္။ ကေလးငယ္ေတြကို မုန္႔ဖိုးေပးဖုိ႔စီစဥ္ေပမယ့္ ကေလးအင္အားက မ်ားတာေၾကာင့္ ဓမၼစကူးလ္သင္တန္းဆင္းပြဲ စာေအာင္ဆုအတြက္ပဲ သံုးသိန္းက်ပ္ လွဴဒါန္းႏိုင္ခဲ့ပါတယ္။

တကယ္ေတာ့ သာသနာထြန္းကားတယ္ဆိုတာ ၿမဳိ႕ႀကီးျပႀကီးေတြမွာပဲ ျဖစ္ပါတယ္။ ဒီလိုေနရာေလးေတြ သာသနာထြန္းကားေအာင္ ညီေတာ္ေနာင္ေတာ္ေတြ ႀကဳိးစားေနတာေတြ႔ရလုိ႔ ေက်းဇူးတင္မဆံုးပါ။ မီးမရွိ ေရရွား ကုန္းငူရြာေလးေရ ေနာက္တစ္ခါျပန္ဆံုပါရေစဦး။

 

“တောင်ကြီးခရီးစဉ်(၈)”

22.3.2018 ရက်နေ့၊ ည(ရး၀၀)နာရီ၊ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် ရီနွဲ့ကျေးရွာအုပ်စု ကုန်းငူးရွာငယ်လေးသို့ ရောက်ရှိပါတယ်။

ကယန်းတိုင်းရင်းသားများ နေထိုင်ရာ ရှမ်းပြည်နယ်တောင်ပိုင်းအစွန်ဆုံးရွာလေးပါ။ ဗမာစကား နည်းနည်းပါးပါးပဲပြောတတ်သော်လည်း ဗမာစကားတော့ အပြည့်အဝ နားလည်ကြပါတယ်။

အနောက်ကယန်းဒေသ ထေရဝါဒ ဗုဒ္ဓသာသနာနုဂ္ဂဟ အသင်းကြီး ပထမအကြိမ် ညအထူးတရားပွဲမတိုင်မီ ပရဟိတအဖွဲ့များနှင့် ကြိုဆိုရေးအဖွဲ့များအား သြဝါဒပေးပါတယ်။

မီးမရှိ ရေရှားရာဖြစ်လို့ မိုးရေကိုပဲ အမှီပြုနေကြရသူတွေပါ။ ကလေးငယ်တွေလည်း ပေါများပါတယ်။ ကလေးငယ်တွေကို မုန့်ဖိုးပေးဖို့စီစဉ်ပေမယ့် ကလေးအင်အားက များတာကြောင့် ဓမ္မစကူးလ်သင်တန်းဆင်းပွဲ စာအောင်ဆုအတွက်ပဲ သုံးသိန်းကျပ် လှူဒါန်းနိုင်ခဲ့ပါတယ်။

တကယ်တော့ သာသနာထွန်းကားတယ်ဆိုတာ မြို့ကြီးပြကြီးတွေမှာပဲ ဖြစ်ပါတယ်။ ဒီလိုနေရာလေးတွေ သာသနာထွန်းကားအောင် ညီတော်နောင်တော်တွေ ကြိုးစားနေတာတွေ့ရလို့ ကျေးဇူးတင်မဆုံးပါ။ မီးမရှိ ရေရှား ကုန်းငူရွာလေးရေ နောက်တစ်ခါပြန်ဆုံပါရစေဦး။