သတင်း

နောင်တော်ကြီးရေ သွားနှင့်ပါ။ ညီမောင် နောက်က လိုက်ခဲ့မယ်

နောင်တော်ကြီးရေ သွားနှင့်ပါ။
ညီမောင် နောက်က လိုက်ခဲ့မယ်။

ဝီရသူ( မစိုးရိမ်)

12.11.2017
pm 4:09

—-=====——

မကွေးကျောင်းဆရာတော်ဦးပါမောက္ခ ကို ဖမ်းဝရမ်းနဲ့ ဖမ်းဆီး
*********************************

ရန်ကုန် ၊ နိုဝင်ဘာ ၁၂

မကွေးကျောင်းဆရာတော် ဦးပါမောက္ခကို ဖမ်းဝရမ်းပြပြီး ရဲတပ်ဖွဲ့က ဒီနေ့လည်မှာဖမ်းဆီးလိုက်တယ်လို့ ကနဦးသတင်းအဖြစ်သိရပါတယ်။

ဒီကနေ့ နေ့လည်ပိုင်းက ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ထဲမှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး လောလောဆယ်မှာတော့ သိက္ခာချဖို့ ဗဟန်းမြို့နယ်ထဲက တိုင်းဒေသကြီး သံဃာ့မဟာနာယကထံကိုခေါ်ဆောင်သွားပြီလို့သိရပါတယ်။

ဖမ်းဝရမ်းပြပြီးဖမ်းဆီးလိုက်တာကို ရဲကအတည်ပြုပေမယ့် ဘာကြောင့် ဖမ်းဆီးတယ် ၊ အသေးစိတ်အချက်အလက်တွေနဲ့ပတ်သတ်လို့ပေါ်ပြူလာနယူးစ်ရဲ့မေးမြန်းမှုကိုတော့ လက်ရှိအချိန်မှာ မပြောဆိုသေးပါဘူး။

ဒီကိစ္စဟာ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က တိုက်ရိုက်ကိုင်တွယ်တာလို့လည်းသိရပါတယ်။

သတင်းထပ်မံရရှိလျှင် ဆက်လက်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

PN

Popular

—————

ဆရာတော်ဦးပါမောက္ခ အားဖမ်းဆီး
========================

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် အမှတ်(၃၈)ရပ်ကွက် မင်းရဲကျော်စွာလမ်းနှင့် ရာဇာဓိရာဇ်လမ်းမြေနေရာ အလျား ပေ(၂၀၀) အနံ ပေ(၄၈)ပေ ရှိမြေအား
မူလလယ်ပိုင်ရှင် ဦးအောင်စီ ယခင်ထားဝယ်ချောင်ကျေးရွာ
ကွင်းအမှတ်( ၄၆၈)ကွင်း အမည်ဝမ်းကောက်ကြီးကွင်းဖြစ်ပြီး
၎င်း လယ်မြေကို တောင်သူဦးအောင်စီမှ လယ်ယာမြေဥပဒေနှင့်အညီ အစိုးရထံပြန်လည်လျောက်ထားဆဲ ကာလဖြစ်ပါသည်။

၎င်းမြေနေရာအား ယခုအခါတွင် ရန်ကုန်မြို့စည်ပင်သာယာရေးကော်မတီမှ မူလပိုင်ရှင်လယ်သမားကို ညှိနှိုင်းခြင်းမရှိပဲ အခြားတောင်သူမဟုတ်သူ ဦးတေဇာမျိုးဝင်း အား(၂၀၁၇)ခုနှစ်(၅)လပိုင်းတွင် နှစ်(၆၀)ဂရမ်ချထားပေးပြီး ရောင်းစား၍ ခြံစည်းရိုးခတ်ကာရံနေခြင်း အပေါ် (၁၅-၁၁-၂၀၁၇)ရက်နေ့(ဗုဒ္ဓဟူးနေ့)နေ့လည် (၁း၀၀)နာရီမှ ညနေ(၅း၃၀)နာရီအချိန်ထိ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် စည်ပင်သာယာရေးကော်မတီရုံးရှေ့တွင် ဆန္ဒဖေါ်ထုတ်သွားမည်ဖြစ်ပါ၍ မကွေးကျောင်းဆရာတော် ဦးပါမောက္ခ ဦးဆောင်၍ လယ်သမားဦးအောင်စီ မှ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ရဲတပ်ဖွဲ့စခန်းသို့ ခွင့်ပြုချက်သွားရောက် လျောက်ထားခဲ့ပါသည်။

လျောက်ထားသူမှာ နစ်နာသူ တောင်သူဦးအောင်စီဖြစ်ပြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ရဲစခန်းမှ ဆရာတော်အား ကမာရွက်တရားရုံး မှ ပုဒ်မ-၅၀၅(ခ)ဖြင့် ဖမ်းဝရမ်းထုတ်ထားတာဖြစ်ပြီး ဖမ်းဆီးခွင့်ရှိသည်ဟု
စခန်းမှုး ဒုရဲမှုးသန်းဇော်မင်း မှပြောဆိုခဲ့ပါသည်။ ဆရာတော်ဦးပါမောက္ခမှ ဒါဆိုလဲ ဆောင်ရွက်စရာရှိတာဆောင်ရွက်ပါဟု မိန့်ကြားခဲ့ပါသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ရဲစခန်းမှုးမှ ဖမ်းဝရမ်းပြ၍ ဆရာတော်အား ဖမ်းဆီးလိုက်သည်ပာုပြောဆိုခဲ့ပြီး တိုင်းသံဃနာယက ထံခေါ်ဆောင်သွားပါသည်။

စည်သူမြင့်
၁၂-၁၁-၂၀၁၇(တနင်္ဂနွေနေ့)