သတင်း

ဧရာမလူမျိုးတုံးသတ်ဖြတ်မှုကြီးပါ

ဧရာမလူမျိုးတုံးသတ်ဖြတ်မှုကြီးပါ။
ဘင်္ဂလီတွေက ဟိန္ဒူတွေအပေါ်ကျူးလွန်ခဲ့တဲ့ Genocide အစစ်ကြီးပါ။
အမျိုးသမီးတွေကို အဓမ္မကျင့်မှုလည်း ပါနိုင်ပါတယ်။
သေချာ ဖော်ထုတ်ပေးကြပါ။
နိုင်ငံတကာ အစိုးရများနှင့်မီဒီယာများ သိအောင် လုပ်ကြပါ။
ဝီရသူ ( မစိုးရိမ်)
24.9.2017
pm 7:48
————————–*

ဘင်္ဂလီအကြမ်းဖက်သမားများ၏ သတ်ဖြတ်ခံရသည့် ဟိန္ဒူလူမျိုး အလောင်း ၂၈ လောင်းတွေ့ရှိ

နိရဉ္စရာ၊ စက်တင်ဘာ ၂၄

ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်း ခမောင်းဆိပ်အုပ်စု အတွင်းမှ ဘင်္ဂလီအကြမ်းဖက်သမားများနှင့် ဘင်္ဂလီရွာသားများ သတ်ဖြတ်သွားသည့် ဟိန္ဒူလူမျိုး ၂၈ ဦး၏ အလောင်းကို ယနေ့ ရှာဖွေတွေ့ရှိခဲ့သည်ဟု မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြတ်ခိုင်မှ နိရဉ္စရာ သတင်းဌာသို့ အတည်ပြု ပြောကြားသည်။

“ ဒီကနေ့ အလောင်းတွေ့တာ ၂၈ လောင်းပါ။ မောင်တောမြို့နယ် ခမောင်းဆိပ်အုပ်စု တောင်ကြားမှာ မြုပ်နှံထားတာကို ဒီကနေ့ တွေ့ရှိခဲ့တာဖြစ်ပါတယ်” ဟု မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောသည်။

ဘင်္ဂလီအကြမ်းဖက်သမားများနှင့် ဘင်္ဂလီရွာသားများ သတ်ဖြတ်ခြင်းခံရသည့် ဟိန္ဒူလူမျိုး ၁၀၀ နီးပါးခန့်ရှိပြီး ထိုအထဲမှာ အလောင်း ၂၈ လောင်းကို ယနေ့တွင် ရှာဖွေ တွေ့ရှိခြင်း ဖြစ်သည်။ ရှာဖွေတွေ့ရှိသည့် အလောင်းများထဲတွင် ကလေးငယ်များ၏ အလောင်းများလည်း ပါဝင်ကြောင်း သိရသည်။

” အခုဘဲ ရှာဖွေနေတဲ့ လူတွေ ရဟတ်ယာဉ်နဲ့ မောင်တောကို ဆင်းလာပါတယ်။ အသေးစိတ်ကိုတော့ များမကြာမီ သိရပါမယ်” ဟု ညနေ ၇ နာရီက ဆက်သွယ်မေးမြန်းစဉ် ပြောကြားသည်။

ဘင်္ဂလီအကြမ်းဖက်သမားများသည် သတင်းပေါက်ကြားသည်၊ စစ်တပ်ကို သတင်းပေးသည်ဟု ဆိုကာ ဟိန္ဒူလူမျိုးများကို ပစ်မှတ်ထား သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း နိရဉ္စရာသတင်းနှင့် တွေ့ဆုံ မေးမြန်းခန်းတစ်ခုတွင် ဘူးသီးတောင်မြို့ အမှတ် (၂) ရပ်ကွက်မှ အစိုးရ အထက်တန်းပြဆရာ ဟိန္ဒူလူမျိုး ဦးမောင်မောင်က ပြောကြားထားသည်။

သတင်းနိရဉ္ဇရာ
ဓာတ်ပုံ မြင့်ဇော် ( ပြည်ချစ်သား)