သတင်း

မောင် နီဆိုတာ ခြံစည်းရိုးနားက ရွာကြီးပါ

မောင် နီဆိုတာ ခြံစည်းရိုးနားက ရွာကြီးပါ။
ဘင်္ဂလီ တွေပဲ နေလို့ မောင် မဲရွာလို့ ခေါ်ပါတယ် ။
လူဦး ရေ ဘယ် လောက် များလဲဆိုရင် မောင် တောတစ် နယ် လုံးက တိုင်းရင်းသား တွေ ပေါင်းရင် တောင်
မောင် နီရွာလူဦး ရေကို မမီပါဘူးတဲ့။

ဝီရသူ (မစိုးရိမ် )

29.8.2017
pm 12:15
……………………..

စိတ်ကြွဆေးပြားများသောက်ပြီး
အကြမ်းဖက်ရန်လာသူ၂ ဦး လက်နက်များနှင့်အတူဖမ်းမိ

အောင်ကျော်မင်း(မောင်တော)
နိရဉ္စရာ၊ သြဂုတ် ၂၉

မောင်တောမြို့ မောင်နီရွာတွင် စိတ်ကြွဆေးပြားများ သောက်ပြီးအကြမ်းဖက်ရန် ၀င်ရောက်လာသော အကြမ်းဖက်သမား ဘင်္ဂလီလူမျိုး ၂ ဦးကို လက်နက်များ၊ စိတ်ကြွဆေးပြားများနှင့် အတူ ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

သြဂုတ် ၂၉ ရက် မနက်အစောကြီး ၁ နာရီ မောင်တောမြို့ မြိုမ ကညင်တန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့
မောင်နီရွာ ကျေးရွာအတွင်း ကင်းစောင့်နေကြစဉ် မောင်တောမြို့ မြိုမတောင် ရပ်ကွက်နေ ရော်ဟီးမူလာ (၃၀) နှစ် (ဘ) ဇော်ဟစ်ရာမောက်နှင့် မောင်နီရွာကျေးရွာနေ ဆီရာဇူဟောက်(၁၉)နှစ်(ဘ)ကာဆိမ်း တို့ ၂ ဦးအား ဓါးများကိုင်၍ ၀င်ရောက်လာသည်ကို တွေ့ရှိ၍ ဝိုင်းဝန်း ဖမ်းဆီးလိုက်သည်ဟု သိရသည်။

ဖမ်းဆီးမိပြီးနောက် သက်ဆိုင်ရာသို့ အကြောင်းကြားရာ မောင်တောခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဥာဏ်ဝင်းဦး၊ ဒုရဲမှူးကြီး ဇော်လင်းသိန်း၊ မြိုနယ်မှူး ရဲမှူး ကျော်မြဝင်းတို့ ဦးဆောင်အဖွဲ့မှ ရဲစခန်းတောင်ဘက် မောင်နီရွာ ကျေးရွာသို့ လိုက်ပါသွားခဲ့ပြီး ဖမ်းဆီးခံထားရသူ နှစ်ဦးကို စစ်ဆေးရာ ၎င်းတို့မှာ စိတ်ကြွဆေးပြားများ သောက်သုံးပြီး အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ရန် ၀င်ရောက်လာခြင်း ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု ဆိုသည်။

ဖမ်းဆီးခံရသူ ဆီရာဇူးယောက်ထံမှ အမဲရောင်ဓါးအိတ်နှင့် ထည့်ထားသော အလျား ၁ ပေ ၉ လက်မ ခန့်ရှိသော နှစ်ဖက် ဓါးသွားပါ ဓါးဦးချွန် ၁ ချောင်း၊ ရော်ဟီမူလာထံမှ အရိုး/အသွား (၃) ပေရှည် ဗြက် ၂ လက်မခန့်ရှိသည့် ငှက်ကြီးတောင် ဓါး ၁ ချောင်း၊ နက်စိမ်းရောင် Diesel စာတန်းပါ ခါပတ်အိတ် ၁ လုံး၊ ၎င်း အိတ်အတွင်း MPT ဆင်းကဒ်ပါ Symphony ရွှေရောင်ဖုန်း ၁ လုံး၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံလုပ် Grameen ဆင်းကဒ်ပါ Symphony ရွှေရောင် ဖုန်း ၁ လုံး၊ Nokia အမျိုးအစား လက်ကိုင်ဖုန်း အလွတ်တစ်လုံး၊ မြန်မာကျပ်ငွေ (၁၂၂၃၅၀)ကျပ် နှင့် မူးယစ်ဆေးဝါး သုံးစွဲရာတွင် အသုံးပြုသော စီကရက်ခဲပြား စက္ကူ ၃ ရွက်၊ ဘလက်ဒါး ၁ ချောင်း၊ လက်ချုပ်အပ် ၁ ချောင်း၊ wy စိတ်ကြွ ဆေးပြား ၃၀ ပြား၊ အလျား ၁ လက်မ – အချင်း ၁ မတ်လုံးခန့်ရှိ အဖျားချွန်သံစ ၂ စတို့အား တွေ့ရှိ ဖမ်းဆီးရမိခဲ့သည်။

ရဲအုပ်လှမြင့်ဦးမှ သက်သေများရှေ့တွင် သိမ်းဆည်းပြီး ၎င်းတို့ နှစ်ဦးကို မူးယစ်ဆေး လက်ဝယ်ထားရှိမှု မတမယ(ပ)၉/၂၀၁၇ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၂(ခ)/၂၁ အရအမူဖွင့်ဆောင်ရွက်ထားကြောင်းသိရပါသည်။

အစွန်းရောက်ဘင်္ဂလီများ၏ အစည်းရုံးခံ ဘင်္ဂလီလူငယ်များ သည် အကြမ်းဖက်သမားများ၏ ထောက်ပံ့သော ငွေကြေးများဖြင့် စိတ်ကြွဆေးများ သုံးစွဲကာ အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်နေသည်ကို စိစစ်တွေ့ရှိရကြောင်း သက်ဆိုင်ရာ ရဲတာဝန်ရှိသူက ပြောဆိုသည်။