သတင္း

ၿမဳိင္ မဘသ ႏွစ္ပတ္လည္အခမ္းအနား

16.6.2018 ရက္ေန႔၊ မြန္းလြဲ ၁း၀၀ နာရီ၊ မေကြးတုိင္း၊ ပခုကၠဴခရိုင္၊ ၿမဳိင္ၿမဳိ႕၊ ကိုးေဆာင္ေက်ာင္းတိုက္မွာ က်င္းပပါတယ္။ ယဥ္ေက်းလိမၼာဆုေပးပြဲႏွင့္ ဗုဒၶဓမၼ ပရဟိတေဖာင္ေဒးရွင္း ႏွစ္ပတ္လည္အခမ္းအနားပါ။

မနက္ပိုင္းမွာ ၿမဳိင္တစ္ၿမဳိ႕နယ္လံုးမွ ေထရ္ႀကီးဝါႀကီးဆရာေတာ္ႀကီးမ်ားအမွဴးျပဳေသာ ဆရာေတာ္ သံဃာေတာ္မ်ား စံုစံုလင္လင္တက္ေရာက္ခဲ့ေၾကာင္း သိရပါတယ္။

စာေရးသူတို႔ မန္း မဘသ ဝိုင္းေတာ္သားမ်ားကေတာ့ ေန႔လည္ပိုင္းအခမ္းအနားအမီ ေရာက္လာခဲ့ၾကပါတယ္။ ကေလးအဆုိေတာ္ အိသက္ထားမြန္လည္း လာေရာက္သီဆိုဧည့္ခံေနတာေတြ႔ရပါတယ္။

ေန႔လည္ပိုင္းအခမ္းအနားမွာ ၿမဳိင္တစ္ၿမဳိ႕နယ္လံုးဆိုင္ရာ ယဥ္ေက်းလိမၼာစာေမးပြဲ ပ ဒု တ ရရွိသူမ်ား၊ အထူးေအာင္သူမ်ားကို ဆုေငြႏွင့္ ဆုတံဆိပ္မ်ား၊ ေအာင္လက္မွတ္မ်ားဆုခ်ၿပီး အမ်ဳိးဘာသာ သာသနာအေၾကာင္း သိေကာင္းစရာမ်ားကို ေဟာေျပာၾကပါတယ္။

စာေရးသူက ေနာက္ဆံုးမွာ ေဟာၾကားရပါတယ္။ စာေရးသူကေတာ့ မိုင္တယ္လ္ရယ္၊ မုိက္တယ္လ္ရယ္၊ ၿမဳိင္နယ္ရယ္ ေခါင္းစဥ္နဲ႔ ေဟာၾကားခဲ့ပါတယ္။

မိုင္တယ္လ္တဲ့ မိုင္တယ္လ္

တပ္မေတာ္အင္အားရွိေအာင္

အားျဖည့္ေလတယ္၊

တပ္မေတာ္အင္အားရွိပါမွ

တိုင္းျပည္လုံျခံဳစိတ္ခ်ရမွာမို႔

အခ်ဳပ္အျခာအာဏာခိုင္ၿမဲေရး

အားေပးေလကြယ္။

မိုက္တယ္တဲ့ မိုက္တယ္

အမ်ဳိးဘာသာ သာသနာအေရးကို

ဦးခိုက္ေလတယ္၊

သာသနာအဓြန္႔ရွည္ၿမဲပါမွ

အမ်ဳိးဘာသာ လုံျခံဳရမွာမို႔

မိစၧာရန္ အႏၲရာယ္ကင္းေရး

ေသြးေႏႊးေစကြယ္။

ၿမိဳင္တယ္တဲ့ ၿမိဳင္တယ္

ၿမိဳင္နယ္သူ ၿမိဳင္နယ္သားေတြ

ၿမိဳင္ဆိုင္ေလတယ္၊

ထိုင္ရာမပ်က္ အကဲခတ္သူေတြ

မေက်မနပ္ ထရပ္သူေတြ

တတီတီနဲ႔ ကန္႔ကြက္သူေတြ

ေဘးထြက္ဘုေတာ ဘယ္ေလာက္ေပါလဲ၊

ေသာကေတြလည္းမေပြ

ေဒါသေတြလည္းေႂကြ

ေမာဟေတြလည္းမေထြ

အမ်ဳိးဘာသာ သာသနာအတြက္ေပမို႔

အျပံဳးမပ်က္ေလတယ္။  ။

 

 

“မြိုင် မဘသ နှစ်ပတ်လည်အခမ်းအနား”

16.6.2018 ရက်နေ့၊ မွန်းလွဲ ၁း၀၀ နာရီ၊ မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့၊ ကိုးဆောင်ကျောင်းတိုက်မှာ ကျင်းပပါတယ်။
ယဉ်ကျေးလိမ္မာဆုပေးပွဲနှင့် ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်း နှစ်ပတ်လည်အခမ်းအနားပါ။

မနက်ပိုင်းမှာ မြိုင်တစ်မြို့နယ်လုံးမှ ထေရ်ကြီးဝါကြီးဆရာတော်ကြီးများအမှူးပြုသော ဆရာတော် သံဃာတော်များ စုံစုံလင်လင်တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

စာရေးသူတို့ မန်း မဘသ ဝိုင်းတော်သားများကတော့ နေ့လည်ပိုင်းအခမ်းအနားအမီ ရောက်လာခဲ့ကြပါတယ်။
ကလေးအဆိုတော် အိသက်ထားမွန်လည်း လာရောက်သီဆိုဧည့်ခံနေတာတွေ့ရပါတယ်။

နေ့လည်ပိုင်းအခမ်းအနားမှာ မြိုင်တစ်မြို့နယ်လုံးဆိုင်ရာ ယဉ်ကျေးလိမ္မာစာမေးပွဲ ပ ဒု တ ရရှိသူများ၊ အထူးအောင်သူများကို ဆုငွေနှင့် ဆုတံဆိပ်များ၊ အောင်လက်မှတ်များဆုချပြီး အမျိုးဘာသာ သာသနာအကြောင်း သိကောင်းစရာများကို ဟောပြောကြပါတယ်။ စာရေးသူက နောက်ဆုံးမှာ ဟောကြားရပါတယ်။

စာရေးသူကတော့ မိုင်တယ်လ်ရယ်၊ မိုက်တယ်လ်ရယ်၊ မြိုင်နယ်ရယ် ခေါင်းစဉ်နဲ့ ဟောကြားခဲ့ပါတယ်။

မိုင်တယ်လ်တဲ့ မိုင်တယ်လ်
တပ်မတော်အင်အားရှိအောင်
အားဖြည့်လေတယ်၊

တပ်မတော်အင်အားရှိပါမှ
တိုင်းပြည်လုံခြုံစိတ်ချရမှာမို့
အချုပ်အခြာအာဏာခိုင်မြဲရေး
အားပေးလေကွယ်။

မိုက်တယ်တဲ့ မိုက်တယ်
အမျိုးဘာသာ သာသနာအရေးကို
ဦးခိုက်လေတယ်၊

သာသနာအဓွန့်ရှည်မြဲပါမှ
အမျိုးဘာသာ လုံခြုံရမှာမို့
မိစ္ဆာရန် အန္တရာယ်ကင်းရေး
သွေးနွှေးစေကွယ်။

မြိုင်တယ်တဲ့ မြိုင်တယ်
မြိုင်နယ်သူ မြိုင်နယ်သားတွေ
မြိုင်ဆိုင်လေတယ်၊

ထိုင်ရာမပျက် အကဲခတ်သူတွေ
မကျေမနပ် ထရပ်သူတွေ
တတီတီနဲ့ ကန့်ကွက်သူတွေ
ဘေးထွက်ဘုတော ဘယ်လောက်ပေါလဲ၊
သောကတွေလည်းမပွေ
ဒေါသတွေလည်းကြွေ
မောဟတွေလည်းမထွေ
အမျိုးဘာသာ သာသနာအတွက်ပေမို့
အပြုံးမပျက်လေတယ်။ ။