သတင်း

မော်ရွှေမြိုင်သို့ (၁)

4.4.2017 မနက်ပိုင်းမှာ မွန်ပြည်နယ်၊ ဘီလင်းမြို့သို့ ရောက်ရှိပါတယ်။ ဘီလင်းမြို့မှ ဆရာတော်သံဃာတော်များအမှူးပြုသော အမျိုးသားရေးအင်အားစုများ မျိုးချစ်ဇာနည်များ ကျောင်းသူ ကျောင်းသားများက ကြိုဆိုကြပါတယ်။

ယာဉ်တန်းဖြင့် စောင့်ကြိုသူက ကြို၊ လမ်းမှာ လက်အုပ်ချီ၍ စောင့်ကြိုသူက ကြို၊ မေတ္တာပို့သူက ပို့နဲ့ ဘီလင်းပရိသတ်က အံ့မခန်းပါပဲ။ မွန်ပြည်နယ် ဘီလင်းမြို့ ဘုရင့်နောင်ရပ်ကွက် ပုညသုခိတာရုံကျောင်းတိုက်မှာ ခဏနားပါတယ်။

ထရ်ကြီးဝါကြီးဆရာတော်ကြီးများ မြို့နယ်သံဃနာယကဆရာတော်များက အားပေးစကားပြောကြပါတယ်။ သြဝါဒပေးခိုင်းလို့ မိုက်မပါဘဲ အနည်းအကျဉ်းမျှ သြဝါဒပေးမိပါတယ်။

အနီကဒ်ထိထားတယ်။ ဒိုညစ်တယ်လို့ ပြောရမှာပဲ။ တစ်ဖက်အသင်းသားက ဟန်ဆောင်လှဲချပြီး ငိုပြတာကို လူချတယ်ထင်ပြီး ဒိုင်ကအနီကဒ်ပြလိုက်တာပါ။ အနှေးပြကွက်ကိုပြန်ကြည့်ပြီးမှ အဖြေရပေမယ့် အနီကဒ်ကို ပြန်ရုပ်သိမ်းလို့ မရတော့ပါဘူး။
ဟာသနှောပြီး ဒါးမိုးကရေစီအစိုးရအကြောင်းကို အားပါးတရ ပြောပြလိုက်မိပါတယ်။ တဝါးဝါး တဟားဟားနဲ့ ပျော်စရာကောင်းပါတယ်။