သတင်း

မော်ရွှေမြိုင်သို့ (၂)

4.4.2017 မနက်ပိုင်းမှာ မွန်ပြည်နယ်၊ ကျိုက္ကော်မြို့နယ်၊သုဝဏ္ဏဝတီမြို့သစ်၊ ဓမ္မဒူတ သုခိတာရုံကျောင်းသို့ ရောက်ရှိပါတယ်။ ဓမ္မဒူတ သုခိတာရုံကျောင်းမှာ သင်တန်းဖွင့်လှစ်နေတာ တွေ့ရပါတယ်။ တတိယအကြိမ် စကောကရင် စာပေနှင့် ယဉ်ကျေးမှု ထိန်းသိမ်းရေးသင်တန်းဖြစ်ကြောင်း သိရပါတယ်။

တစ်ရွာလျှင် ကရင်တိုင်းရင်းသူတိုင်းရင်းသား နှစ်ယောက်စီဖိတ်ကြားပြီး ပိုချတဲ့သင်တန်းပါ။ ကမ္မဋ္ဌာနာစရိယ နယ်လှည့်ဓမ္မကထိက ဆရာတော် ဓမ္မဒူတ အရှင်သုဓမ္မ ဦးဆောင်ကျင်းပတာပါ။ သင်တန်းသူ သင်တန်းသား ၂၇၅ ဦး၊ ဆရာ ဆရာမ ၂၅ ဦး တက်ရောက်ကြပါတယ်။

၎င်းကျောင်းမှာ နေ့ဆွမ်းစားပြီး ဆရာ ဆရာမများနှင့် သင်တန်းသူ သင်တန်းသားများကို သြဝါဒပေးပါတယ်။ စာပေနှင့် ယဉ်ကျေးမှုကိုထိန်းသိမ်းဖို့ ဘာသာစကားကို အလေးထားဖို့ စာဖတ်ကြဖို့ အဓိကတိုက်တွန်းခဲ့တာပါ။ ကရင်တိုင်းရင်းသူ တိုင်းရင်းသားလေးတွေ ရိုးရာဝတ်စုံနဲ့မြင်ရတာ ကျက်သရေရှိလိုက်တာဗျာ။

ဒီယဉ်ကျေးမှုတွေကို ဝတ်ရုံနက်ယဉ်ကျေးမှုကြီးတွေ ဝါးမျိုမသွားအောင် ထိန်းသိမ်းကာကွယ်တာကို အစွန်းရောက်တယ်စွပ်စွဲရင်လည်း ကျေးဇူးတင်ရမှာပေါ့နော်။