သတင်း

ရွှေစေတီဆရာတော်ကြီး မွေးနေ့အကြိုအခမ်းအနား

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ရွာ ရွှေစေတီဆရာတော်ဘုရားကြီး သက်တော်(၉၀)ပြည့် မွေးနေ့ပွဲအကြို အခမ်းအနားကို ရွှေစေတီကျောင်းဝန်းအတွင်း ရပ်တော်မူ ရုပ်ပွားတော်ကြီးရှေ့တော်မှောက်မှာ ကျင်းပဖို့စီစဉ်ထားပါတယ်။

ရေဖြူထွေအုပ် ပြန်သွားပြီး မကြာခင်မှာပဲ အသံချဲ့စက်မသုံးဖို့ လာတားမြစ်ပါတယ်။ ရွာထဲအသံမရောက်အောင် အသံချဲ့စက်တွေမသုံးဘဲ စောင်းဘောက်နှစ်လုံးသားသုံးဖို့ လာပြောတာပါ။ အသံချဲ့စက်ဆရာက စာရေးသူတို့ကိုလာလျှောက်ပြီး ကြောက်လန့်နေပါတယ်။

စာရေးသူတို့ပြန်သွားရင် သူ့ကိုဖမ်းနိုင်ကြောင်းလည်း လျှောက်ထားပါတယ်။ ဒါကြောင့် ငှားထားတဲ့ စက်တွေအကုန်ဖြုတ်ပြီး ပြန်ပေးလိုက်ပါတယ်။ ကျောင်းပိုင်စက်နှင့်ပဲ အခမ်းအနားစပါတယ်။ ဆရာတော်ကြီးက သီလပေး တရားဟောပါတယ်။
စာရေးသူက စစ်မနိုင်မြို့ တရားဟောပါတယ်။

ရွာသူရွာသားတွေကတော့ အကြောက်တရားတွေ လွှမ်းမိုးနေလို့ သိပ်မလာကြပါဘူး။ ငှက်နာတွေ ငှက်ဆိုးတွေကြောင့် မလာရဲတာလည်း ပါပါတယ်။ ဒီမိုကရေစီမှာ အကြောက်တရားမရှိဘူး ပြည်သူက အစိုးရကို ကြောက်စရာမလိုဘူး။ အစိုးရကသာ ပြည်သူကိုကြောက်နေရမှာ။

ပြည်သူက ဝန်ထမ်းကိုကြောက်စရာမလိုဘူး၊ ဝန်ထမ်းကသာ ပြည်သူကိုကြောက်နေရမှာ။ ခေတ်အဆက်ဆက်ပြည်သူတွေဟာ ခေတ်အဆက်ဆက်အစိုးရတွေကိုကြောက်နေခဲ့ရတယ်။ ကြောက်ခေတ်ကုန်ဆုံးချိန်ရောက်ပြီ။ ဘယ်ဝန်ထမ်း ဘယ်အစိုးရကိုမှ လုံးဝမကြောက်ပါနှင့်။ ဥပဒေဘောင်အတွင်းမှာ ရှိနေရင် ဘယ်သူ့ကိုမှ ကြောက်စရာမလိုဘူး။ မကြောက်တရားတွေ ဟောကြားခဲ့ပါတယ်။

စာရေးသူဟောကြားတဲ့ မကြောက်တရားဟာ Freedom From Fear ဆိုသူကြီးရဲ့ မကြောက်တရားနှင့် အတူတူပါပဲ။
သက်တော်ရှည် ကံပေါက်ဆရာတော်ကြီးက စာရေးသူတို့ကို စိုးရိမ်လို့လားမသိ အခမ်းအနားပြီးသည်အထိ ပလ္လင်ပေါ်မှာထိုင်တော်မူပြီး ချီးမြှောက်အားပေးတော်မူရှာပါတယ်။

အခမ်းအနားပြီးတဲ့အခါ ဘယ်သူလာတားတား ငါတို့ကတော့ အောင်မြင်ခဲ့ပြီဟု မိန့်တော်မူပါတယ်။ မွေးနေ့ပွဲ အခမ်းအနားကို အစမှအဆုံးထိ တနင်္သာရီမဘသက Live လွှင့်ပေးနေပါတယ်။ ပြည်တွင်းပြည်ပမှ ပရိသတ်များ စိတ်ဝင်တစား ရှိကြကြောင်း သိရပါတယ်။
ရေဖြူထွေအုပ်ရေ ကျေးဇူးပါ။