သတင်းလောကအလင်းပညာဒါနကျောင်း

လောကအလင်းစာသင်ကျောင်းဖွင့်ပွဲ

၁၃၇၉ ခု ကဆုန်လပြည့်ကျော်(၁)ရက် 11.5.2017 မွန်းလွဲ 1:00 နာရီမှာ ကျင်းပပါတယ်။ ဆရာတော်သံဃာတော်များ ဆရာဆရာမများ ကျောင်းအကျိုးဆောင်ကော်မတီအဖွဲ့သားများ ကျောင်းသား ကျောင်းသူများ မိဘပြည်သူများ တက်ရောက်ကြပါတယ်။

စာရေးသူ သြဝါဒပေးအပြီးမှာ ဆရာ ဆရာမများက မိတ်ဆက်စကား ပြောကြားကြပါတယ်။ ၄င်းနောက် ကျောင်းအကျိုးဆောင်ကော်မတီဥက္ကဋ္ဌ ဦးမိုးအောင်က ဗလာစာအုပ်တစ်ဒါစင်စီ၊ ခဲတံ၊ ဘောပင်၊ ပေတံ၊ ကွန်ပါဘူး တို့ အသီးသီးလှူဒါန်းပါတယ်။
ပရိသတ်အားလုံးကို ပေါင်မုန့်နှင့်အအေး ဧည့်ခံကွေးမွေးပါတယ်။ အခုဖွင့်လှစ်တာက ၉ တန်းအောင် ၁၀ တန်းတက် Fresher သမားတွေအတွက် ဖြစ်ပါတယ်။

အားလုံး (၆၀)ကျော် ရှိပါပြီ။ ၁၀ တန်းအောင်စာရင်းမထွက်သေးလို့ အစိုးရကျောင်းများ မဖွင့်သေးသော်လည်း ၉ တန်းအောင် ကျောင်းသူကျောင်းသားများကို ဘော်ဒါဆောင်နေ ကျောင်းသူကျောင်းသားများနှင့်မခြား တန်းတူပညာဆည်းပူးနိုင်ရေးအတွက် အခုကတည်းက ကြိုဖွင့်လှစ်ခြင်းဖြစ်ပါတယ်။ ၁၀ တန်းအောင်စာရင်းထွက်တဲ့အခါ Repeater တန်းတွေ တိုးပြီး လက်ခံဦးမှာပါ။ ပြီးခဲ့သည့် ၂၀၁၆/၂၀၁၇ စာသင်နှစ်အတွက် ကျောင်းဖွင့်စဉ်တုန်းက Repeater ၈၂ ဦး၊ Fresher ၅၁ ဦး တက်ရောက်ကြပါတယ်။

လာကအလင်းပညာဒါန စာသင်ကျောင်းကို ၂၀၁၂ ခုနှစ်မှာ စတင် တည်ထောင်ခဲ့ပြီး ကျောင်းသူ ကျောင်းသားများ ဆရာ ဆရာမများနှင့် ကျောင်းလိုအပ်ချက်တွေကို စာရေးသူရဲ့ ချွေးနည်းစာ ဓမ္မပူဇာ အလှူငွေများထဲမှ သုံးစွဲပါတယ်။
လောကအလင်းပညာဒါနစာသင်ကျောင်းဟာ ၁၀ တန်းသီးသန့် သင်ကြားပေးခြင်းဖြစ်ပြီး ပညာရေးသာမက လိမ္မာရေးခြားအတွက် ဘာသာရေးနှင့်ယဉ်ကျေးမှုပါ တွဲဖက်သင်ကြားပေးတာပါ။ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်၊ မမ-၁၂၊ ၅၃လမ်းနှင့် ယုဇနလမ်းထောင့်မှာ တည်ရှိပါတယ်။
လောကအလင်းဆောင်ပုဒ်
===============
သာသနာ၊ ပညာ၊ ယဉ်ကျေးမှု
ကောင်း၊ တော်၊ ယဉ်အောင်ပြု။
ဆက်သွယ်ရန်
ဦးမိုးအောင်- 092016500
ဦးမြင့်- 096814324