နယုန်လဆန်း၁၀ရက် 4.6.2017 မွန်းလွဲပိုက်မှာ လောကအလင်း ပညာဒါနစာသင်ကျောင်းသို့ ရောက်ရှိခဲ့ပါတယ်။ တနင်္ဂနွေနေ့ဖြစ်လို့ ကျောင်းသူကျောင်းသားများ စုံလင်ပါတယ်။

ဆရာတော်ဦးဓမ္မသာမိ အင်္ဂလိပ်ဘာသာ သင်ကြားပေးနေတာတွေ့ရပါတယ်။ ကျာင်းသူကျောင်းသားများကို အားပေးစကားပြောပြီ မှန်သုံးချပ် အမြဲထောင်ကြည့်နေဖို့ တိုက်တွန်းခဲ့ပါတယ်။

ကျာင်းမှန်မှန်တက်ရမယ်။ စာမှန်မှန်ကျက်ရမယ်။ လေ့ကျင့်ခန်းမှန်မှန်လုပ်ရမယ် ဒီမှန်သုံးချပ်ပြည့်စုံနေရင် မည်သူမဆိုအောင်မြင်နိုင်တယ် ဆိုတာလေးပါပဲ။

လာကအလင်း ပညာဒါန ဆယ်တန်းသီးသန့် စာသင်ကျောင်းကို စာရေးသူ ၂၀၁၂ ခုနှစ်မှာ စတင်တည်ထောင် ခဲ့တာပါ။
လက်ရှိ Fresherတန်း ကျောင်းသူကျောင်းသား ၇၈ဦးရှိပါတယ်။

လာကအလင်း ပညာဒါန စာသင်ကျောင်း ဆရာ ဆရာမများ ကျောင်းသူကျောင်းသားများ လိုအပ်ချက်ကို စာရေးသူ၏ ဓမ္မပူဇာအလှူငွေများထဲမှ သုံးစွဲပါတယ်။

အဆောက်အဦးဆောက်ချင်း၊ ခြံစည်းရိုးခတ်ခြင်း၊ ဆေးသုပ်ခြင်း၊ စာသင်ခုံများပြုပြင်ခြင်းအပါအဝင် ထူးထောင်ထားမှုအားလုံး သီးခြားကုသိုလ်ရှင် မရှိပါ။

စာရေးသူ၏ ချွေးနည်းစာများဖြင့်သာ ထူထောင်ထားခြင်းဖြစ်ပါသည်။ လာကအလင်း ပညာဒါနစာသင်ကျောင်းသည် မန္တလေး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက် ၅၃လမ်းနှင့် ယုဇနလမ်းထောင့်မှာ တည်ရှိပါသည်။