သတင်း





5.4.2020




မြန်မာအစိုးရထံမှ ဒေါ်လာ ၄၂ သန်းကျော် ရရှိခဲ့ဟု Facebook. CEO အဖွဲ့ဝင်ပြောကြား

အတိုက်အခံ အင်အားစု Page / Group
အပါအဝင် ပုဂ္ဂလိက အကောင့်တွေကို
ပိတ်သိမ်းပေးခဲ့သည့်အတွက် မြန်မာအစိုးရထံမှ

ဒေါ်လာ ၄၂ သန်းကျော် ရရှိခဲ့ဟု Facebook. CEO အဖွဲ့ဝင်ပြောကြား


5.4.2020

မြန်မာအစိုးရ အား Facebook ပေါ်မှာ ဝေဖန်ရေးသား ခဲ့တဲ့ အတိုက်အခံ အင်အားစုတွေ ရဲ့
Page /Group နဲ့ ပုဂ္ဂလိက အကောင့်တွေကို ဖျက်ချပေးခဲ့သည့် အတွက် မြန်မာအစိုးရထံမှ အမေရိကန်ဒေါ်လာ ၄၂ သန်းကျော်ကို Fccebook ကုမ္ပဏီကရရှိ
ခဲ့တယ်လို့ Facebook ကုမ္ပဏီ CEO အဖွဲ့ဝင် တောင်အာဖရိက တာဝန်ခံ မစ္စတာ အန်တိနီယို ဂလင်းနာဝါရိုက်စ်က ထုတ်ဖော်ပြောကြားလိုက်ပါတယ် ။

မစ္စတာ အန်တိုနီယိုဂလင်းနာဝါ ရဲ့ပြောကြားချက်အရ မြန်မာအစိုးရ အနေနဲ့ ၂၀၁၆ ခုနှစ် ဇူလိုင်လ ခန့်မှ စတင်ပြီး မြန်မာအစိုးရက Facebook ကုမ္ပဏီ ထံချဉ်းကပ်ဆက်သွယ်ခဲ့ကြောင်း ၂၀၁၇ ခုနှစ်မှာတော့
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ မြန်မာအစိုးရရဲ့ဒီမိုကရေစီ လုပ်ငန်းစဉ်တွေနဲ့ ဆန်ကျင် နေတဲ့အဖွဲအစည်း များနဲ့ ၎င်းတို့ရဲ့ Facebook သုံးစွဲ မှုတွေကို စောင့်ကြည့်ပေးဖို့ နဲ့ အဲ့ဒီလိုဆောင်ရွက်ပေးတဲ့အတွက်ကုန်ကျမယ်စရိတ်စက တွေကိုမြန်မာအစိုးရက ကျခံပေးမယ် လို့ ကမ်းလှမ်းခဲ့သည့်အပြင် ဖြစ်နိုင်ပါက ပူးပေါင်းဆောင်ရွက်မှုများအဆင်ပြေ စေရန် Facebook ကုမ္ပဏီမှာ မြန်မာဝန်ထမ်းတွေ ခနိ့အပ်ပေးဖို့တောင်ဆိုခဲ့တယ်လို့ဆိုပါတယ် ။

အဲ့ဒီကာလ နောက်ပိုင်းမှာ တော့ Facebook ကုမ္ပဏီနဲ့မြန်မာအစိုးရ အကြားနားလည်မှု များရှိခဲ့ပြီး မြန်မာအစိုးရ ရဲ့ အတိုက်အခံအဖွဲ့အစည်းများနဲ့ လက်နက်ကိုင်အဖွဲ့တွေ တိုင်းရင်းသား ပိုင် Facebook page တွေ Group တွေနဲ့ ပုဂ္ဂလိက တစ်ဦးခြင်းပိုင်အကောင့်တွေကို မြန်မာအစိုးရဲ့ လိုအပ်ချက်အရ ဖျက်ချပေးခဲ့ရကြောင်းနဲ့ ဝန်ဆောင်ခအဖြစ် မြန်မာအစိုးရက Facebook ကုမ္ပဏီ ဆီကို အမေရိကန်ဒေါ်လာ ၄၂ သန်းကျော်ပေးဆောင်ခဲ့ကြောင်း နောက်ဆုံးအနေ နှင့် ပြီးခဲ့သည့် ရက်အနည်းငယ်က မြန်မာနိုင်ငံ ပြည်တွင်း ပြည်ပ မှ သုံးစွဲနေတဲ့ Facebook Page /Group နဲ့
အကောင့်ပေါင်း ၁၁၀ ကျော်ကို ဖြုတ်ချပေးခဲ့
တယ်လို့ ထည့်သွင်းပြောကြား ခဲ့သည် ။

https://www.facebook.com/101780997867502/photos/a.101831804529088/231967921515475/?type=3&theater