သတင်း

မြစေတီဆရာတော်ကြီးအား ဦးတင်ပူဇော်ပါ၏ဘုရား ညီတော်နောင်တော်များ ကျေးဇူးအထူးပါ

 

ပညာဝေဖြာ မဟော်သဓာ(မန္တလေး)ကျောင်းတော်ကြီးအတွက် ပညာဒါနအလှူတော် ဓမ္မပူဇာသဘင်
—– —– —– —–

ပညာဝေဖြာ မဟော်သဓာ(မန္တလေး)ကျောင်းတော်ကြီးအတွက် ပညာဒါနအလှူတော် ဓမ္မပူဇာသဘင်အား ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် ပြည်သာယာလမ်း စတုဘုမ္မိကမဂ္ဂင်ရိပ်သာကျောင်းရှေ့ တွင် ၂၀၁၈ ဇန္နဝါရီ ၂၁ မှ ၂၅ ထိ ၅ ညတိုင်တိုင်ကျင်းပသွားမည်ဖြစ်ပါတယ်။

ဓမ္မသဘင်ကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်က ပညာဝေဖြာ မဟော်သဓာ(မန္တလေး)ကျောင်းတော်ကြီးလျင်မြန်စွာအကောင်အထည်ဖော်ဆောင်နိုင်ရေးအတွက်ပဲဖြစ်ပါတယ်၊ ၅ ညတိုင်တိုင်ဟောကြားမည့် ဓမ္မကထိကဆရာတော်ဘုရားများမှ ခုနှစ်ရက်သားသမီးအပေါင်းလှူဒါန်းသည့် နဝကမ္မဝထ္ထုငွေအားလုံးကို ပညာဝေဖြာ မဟော်သဓာ(မန္တလေး)ကျောင်းတော်ကြီးသို့ ပြန်လည်လှူဒါန်းသွားမည်ဖြစ်ပါတယ်။

တရားပွဲဝေယျာဝစ္စ အစအဆုံးကုန်ကျစရိတ်များကို ကိုမြင့်ဇော်(တစ်ကျော့ပြန်-ဒိန်းဒေါင်)မိသားစု ကိုရန်ကြီးအောင်မိသားစု ဒေါက်တာမူမူသန်းမိသားစု ကိုဇော်အောင်ချိုမိသားစု ကိုမင်းနိုင်ထွန်းမိသားစုတို့ မှလှူဒါန်းသွားမှာဖြစ်ပြီး ဖိတ်စာနှင့်ဗွီနိုင်းအတွက် ကိုငြိမ်းချမ်းသာ(မြန်မာ့ဥဒါန်းအယ်ဒီတာ)မိသားစုကလှူဒါန်းသွားမှာဖြစ်ပါတယ်။

ခုနှစ်ရက်သားသမီးအလှူရှင်အပေါင်း၏ ပေါင်းစုသည့်ကောင်းမှု့အလှူငွေအသီးသီးတို့ သည် ပညာဝေဖြာ မဟော်သဓာ(မန္တလေး)ကျောင်းတော်ကြီးအတွက် ပညာဒါနအလှူပင်ဖြစ်ပါကြောင်းနှင့် ယခုနှစ်တစ်ကြိမ်တည်းသာကျင်းပမည်ဖြစ်ပြီး နောင်လာနောက်သားများအတုယူပြီး ဆောင်ရွက်နိုင်စေရေးအလို့ ငှာ စီစဉ်ကျင်းပခြင်းဖြစ်ကြောင်းအသိပေးအပ်ပါတယ်။

မြင့်ဇော်(တရားပွဲကျင်းပရေးတာဝန်ခံ)
09459118102