သတင်း






“၂၀၁၈ စတုဝီသတိမ ဓမ္မသဘင်/ ပုသိမ်ကြီး-ကျောက်ချောရွာ”

သတင်းကျွတ်လဆန်း ၁၃ ရက် (22.10.2018)ရက်နေ့၊ ည ၈း၀၀ နာရီ၊ မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံအုပ်စု၊ ရန်အောင်မြင်စစ်မှုထမ်းဟောင်းအိမ်ရာ၊ မေတ္တာဖြူစင် ပရဟိတအသင်းမှ ဒုတိယအကြိမ်မြောက် ကြီးမှူးကျင်းပအပ်သော အထူးဓမ္မသဘင်။

တရားပွဲကုသိုလ်ရှင်ကတော့ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံအုပ်စု၊ ကျောက်ချောရွာ၊ ဦးချစ်ကြည်+ဒေါ်သီသီဆွေ၊ သမီး ဒေါ်တင်မာမာဆွေ မိသားစုဖြစ်ပါတယ်။

ဒေါ်တင်မာမာဆွေသည် ကျောက်ချောရွာ ပညာဒါနကျူရှင်ကျောင်းမှ သမိုင်းနှင့် ရူပဗေဒဘာသာရပ်ပြ ဆရာမတစ်ဦးလည်းဖြစ်ပါတယ်။

ထေရဝါဒသာသနာ တရားတော် ဟောကြားခဲ့ပါတယ်။
ထေရဝါဒဆိုသည်မှာ၊ မထေရ်မြတ်တို့သာသနာ၊
သာသနာဆိုတာ အဆုံးအမ၊ မြတ်ဘုရားသြဝါဒ