Daily Archives: October 24, 2018

သတင်း

၂၀၁၈ စတုဝီသတိမ ဓမ္မသဘင်/ ပုသိမ်ကြီး-ကျောက်ချောရွာ

သတင်းကျွတ်လဆန်း ၁၃ ရက် (22.10.2018)ရက်နေ့၊ ည ၈း၀၀ နာရီ၊ မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံအုပ်စု၊ ရန်အောင်မြင်စစ်မှုထမ်းဟောင်းအိမ်ရာ၊ မေတ္တာဖြူစင် ပရဟိတအသင်းမှ ဒုတိယအကြိမ်မြောက် ကြီးမှူးကျင်းပအပ်သော အထူးဓမ္မသဘင်။ တရားပွဲကုသိုလ်ရှင်ကတော့ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံအုပ်စု၊ ကျောက်ချောရွာ၊ ဦးချစ်ကြည်+ဒေါ်သီသီဆွေ၊ သမီး ဒေါ်တင်မာမာဆွေ မိသားစုဖြစ်ပါတယ်။ ဒေါ်တင်မာမာဆွေသည် ကျောက်ချောရွာ ပညာဒါနကျူရှင်ကျောင်းမှ သမိုင်းနှင့် ရူပဗေဒဘာသာရပ်ပြ ဆရာမတစ်ဦးလည်းဖြစ်ပါတယ်။ ထေရဝါဒသာသနာ တရားတော် ဟောကြားခဲ့ပါတယ်။ ထေရဝါဒဆိုသည်မှာ၊ မထေရ်မြတ်တို့သာသနာ၊ သာသနာဆိုတာ အဆုံးအမ၊ မြတ်ဘုရားသြဝါဒ “၂၀၁၈ စတုဝီသတိမ ...
ဝီရသူဖောင်ဒေးရှင်းမုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (ဝီရသူဖောင်ဒေးရှင်းအလှူတော်-၃၄)

ဝီရသူဖောင်ဒေးရှင်းအတွက် ဝီရသူဖောင်ဒေးရှင်းဝိုင်းတော်သားများ အောက်တိုလအတွက် အလှူငွေ ၄၀၀၀၀၀ိ (လေးသိန်းကျပ်) လှူဒါန်းပါသည်။ (10.10.2018) ယခုဆိုလျှင် ၁။ ပြင်သစ်နိုင်ငံနေ ကိုအောင်သက်ပိုင်+မကေခိုင်ဌေး မိသားစု အလှူငွေ ၁၅၀၀၀၀ ကျပ်၊ ၂။ အမရပူရမြို့  ကွမ်းဆွဲရပ် ဦးမိုးကို+ဒေါ်ခိုင်မာဝင်း (သမီး) မခင်ဇာခြည်ဝင်း (MK ကျောက်မျက်ရတနာရောင်းဝယ်ရေး) မိသားစုတို့က စက်တင်ဘာလအတွက် အလှူငွေ ၁၀သိန်းကျပ်၊ ၃။ ကိုဇော်ဇော်ထွန်း+မတင်တင်မြိုင်၊ သား-ထူးမြတ်ဇေယျာ၊ သမီး-သိင်္ဂီဝင့်ဇော်၊ ကျောက်ဝိုင်း၊ မဟာအောင်မြေမြို့နယ်၊ မန္တလေး မိသားစုက အလှူငွေ ၅၀၀၀၀၀ိ (ငါးသိန်းကျပ်)၊ ...