သတင္း

၂၀၁၈ ဧကာဒသမ ဓမၼသဘင္/ ဧရာဝတီတုိင္း မအူပင္ၿမဳိ႕နယ္ တူးေခ်ာင္း-ဘိုးကံေပးရြာ

10.4.2018 ရက္ေန႔၊ ညေနပိုင္းမွာ ရန္ကုန္ေလဆိပ္မွ လိႈင္သာယာဘက္သို႔ ခရီးဆက္ပါတယ္။ ကိုတမာအိမ္မွာ ခဏနားၿပီး ျမစ္ဆိပ္သို႔ ထြက္ခြာပါတယ္။ ျမစ္ဆိပ္မွာ အမ်ဳိးသားေရးသမားေတြေရာ တရားပြဲစီစဥ္သူေတြပါ ႀကဳိဆိုေရးေရယာဥ္ႏွင့္အတူ ေစာင့္ႀကဳိေနတာေတြ႔ရပါတယ္။

ငါးမိနစ္ေက်ာ္ေက်ာ္ ျမစ္ကူးၿပီး တူးေခ်ာင္း-ဘိုးကံေပးရြာေရာက္ပါတယ္။ ရြာသူရြာသားမ်ား၊ ေက်ာင္းသူေက်ာင္းသားမ်ား၊ ယဥ္ေက်းလိမၼာ ဆရာ ဆရာမမ်ား၊ သံဃာေတာ္မ်ား ႀကဳိဆိုေနတာ အားရစရာေကာင္းပါတယ္။

မအူပင္ဆိုလုိ႔ အေဝးႀကီးေအာက္ေမ့ေနတာ ရန္ကုန္ႏွင့္ ဧရာဝတီနယ္စပ္ကေလးတင္ ျဖစ္ေနပါတယ္။ ယဥ္ေက်းလိမၼာသင္တန္းဆင္းပြဲ တတိယအႀကိမ္ ဓမၼသဘင္ပါ။

တရားမေဟာခင္ ဆိုၾက ကၾက သရုပ္ေဖာ္တင္ဆက္ၾကနဲ႔ ေပ်ာ္စရာေကာင္းပါတယ္။ အဆိုေတာ္လင္းထိုက္ရဲ႕ ႏွလံုးသားနဲ႔ရဲရင့္သူ သီခ်င္းကို ယဥ္ေက်းလိမၼာဆရာ ဆရာမေလးမ်ားက သရုပ္ျပတင္ဆက္ေဖ်ာ္ေျဖၾကတာ အင္မတန္အားရွိဖို႔ေကာင္းပါတယ္။

တရားပြဲစေတာ့ စာေရးသူရဲ႕ပံုေတြကိုင္ၿပီး ဆီမီးတုိိင္ေတြထြန္းၿပီး ႀကဳိဆိုေနၾကတာမ်ား အံ့ၾသစရာေကာင္းပါတယ္။ ဘယ္သူက ဘယ္လိုစိတ္ကူးေတြရၿပီး အခုလိုႀကဳိဆိုၾကတာလဲ မသိပါ။

စိတ္ကူးလည္းေကာင္း၊ အေကာင္အထည္လည္းေဖာ္ႏိုင္လို႔ ေက်ာင္းထုိင္ဆရာေတာ္ေလး ဦးအဂၢဓမၼအပါအဝင္ ညီေတာ္ေလးမ်ားကို ေက်းဇူးတင္မဆံုး ျဖစ္ခဲ့ရတာပါ။ အဖိုးတန္အမုန္းတရား ေဟာၾကားခဲ့ပါတယ္။ ကေလးေတြအတြက္ေရာ လူႀကီးေတြအတြက္ပါ ေဟာၾကားခဲ့တာပါ။

 

“၂၀၁၈ ဧကာဒသမ ဓမ္မသဘင်/ ဧရာဝတီတိုင်း မအူပင်မြို့နယ် တူးချောင်း-ဘိုးကံပေးရွာ”

10.4.2018 ရက်နေ့၊ ညနေပိုင်းမှာ ရန်ကုန်လေဆိပ်မှ လှိုင်သာယာဘက်သို့ ခရီးဆက်ပါတယ်။ ကိုတမာအိမ်မှာ ခဏနားပြီး မြစ်ဆိပ်သို့ ထွက်ခွာပါတယ်။ မြစ်ဆိပ်မှာ အမျိုးသားရေးသမားတွေရော တရားပွဲစီစဉ်သူတွေပါ ကြိုဆိုရေးရေယာဉ်နှင့်အတူ စောင့်ကြိုနေတာတွေ့ရပါတယ်။

ငါးမိနစ်ကျော်ကျော် မြစ်ကူးပြီး တူးချောင်း-ဘိုးကံပေးရွာရောက်ပါတယ်။ ရွာသူရွာသားများ၊ ကျောင်းသူကျောင်းသားများ၊ ယဉ်ကျေးလိမ္မာ ဆရာ ဆရာမများ၊ သံဃာတော်များ ကြိုဆိုနေတာ အားရစရာကောင်းပါတယ်။

မအူပင်ဆိုလို့ အဝေးကြီးအောက်မေ့နေတာ ရန်ကုန်နှင့် ဧရာဝတီနယ်စပ်ကလေးတင် ဖြစ်နေပါတယ်။ ယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲ တတိယအကြိမ် ဓမ္မသဘင်ပါ။

တရားမဟောခင် ဆိုကြ ကကြ သရုပ်ဖော်တင်ဆက်ကြနဲ့ ပျော်စရာကောင်းပါတယ်။ အဆိုတော်လင်းထိုက်ရဲ့ နှလုံးသားနဲ့ရဲရင့်သူ သီချင်းကို ယဉ်ကျေးလိမ္မာဆရာ ဆရာမလေးများက သရုပ်ပြတင်ဆက်ဖျော်ဖြေကြတာ အင်မတန်အားရှိဖို့ကောင်းပါတယ်။

တရားပွဲစတော့ စာရေးသူရဲ့ပုံတွေကိုင်ပြီး ဆီမီးတိိုင်တွေထွန်းပြီး ကြိုဆိုနေကြတာများ အံ့သြစရာကောင်းပါတယ်။ ဘယ်သူက ဘယ်လိုစိတ်ကူးတွေရပြီး အခုလိုကြိုဆိုကြတာလဲ မသိပါ။

စိတ်ကူးလည်းကောင်း၊ အကောင်အထည်လည်းဖော်နိုင်လို့ ကျောင်းထိုင်ဆရာတော်လေး ဦးအဂ္ဂဓမ္မအပါအဝင် ညီတော်လေးများကို ကျေးဇူးတင်မဆုံး ဖြစ်ခဲ့ရတာပါ။ အဖိုးတန်အမုန်းတရား ဟောကြားခဲ့ပါတယ်။ ကလေးတွေအတွက်ရော လူကြီးတွေအတွက်ပါ ဟောကြားခဲ့တာပါ။