သတင်း

လားရှိုးခရီးစဉ်(၅)”







 

“လားရှိုးခရီးစဉ်(၅)”

7.4.2018 ရက်နေ့၊ မွန်းလွဲပိုင်းမှာ လားရှိုးမြို့မှ ထွက်ခွာလာပါတယ်။ ညနေပိုင်းမှာ ကျောက်မဲမြို့၊ တိလင်ပရိယတ္တိစာသင်တိုက်သို့ ရောက်ရှိခဲ့ပါတယ်။ တိလင်ဆရာတော်ဘုရားကြီးကို ဖူးမြော်ပူဇော်ပြီး ညီတော်မောင် အရှင်ဝါသဝ၏ အခန်းမှာ ခဏနားပါတယ်။

ယဉ်ကျေးလိမ္မာကလေးငယ်လေးတွေ သင်တန်းရှိတာကြောင့် ကလေးငယ်လေးတွေကို ဆုံးမသြဝါဒပေးပါတယ်။ ဘုရားမမေ့ဖို့၊ တရားမမေ့ဖို့၊ သံဃာမပြစ်မှားဖို့ ဆောင်ပုဒ်လေးတွေပို့ချပေးပြီး အလွတ်ပြန်ဆိုခိုင်းတာပါ။

ဆရာမတွေက ကလေးတွေကို အအေးနှင့်မုန့် တိုက်ကျွေးပါတယ်။ ဆရာ ဆရာမတွေကို သော့ချိတ်လေးတွေလက်ဆောင်ပေးပြီး ဆရာတော်ကြီးကိုနှုတ်ဆက်ကာ ပြန်ထွက်လာခဲ့ပါတယ်။

တိလင်ဆရာတော်ကြီးက သက်တော်(၈၅)နှစ်ရှိပါပြီ။ အမျိုးသားရေးစိတ်ဓာတ် ကြီးမားသူဖြစ်ပါတယ်။ ကျောင်းဝန်းတစ်ခုလုံး ၉၆၉ အမှတ်အသားများ၊ အမျိုးသားရေးကဗျာများ နံရံမှာ ထွင်းထုထားတာ တွေ့ရပါတယ်။

မန်း မဟော်သဓာ အမျိုးသားရေးကျောင်းတော်ကြီး ပေါ်ပေါက်ရေး စိတ်အားထက်သန်လျက်ရှိပြီး အလှူငွေ သိန်းတစ်ရာကျော်လည်း လှူဒါန်းထားပါတယ်။