သတင္း

၂၀၁၉ ခုႏွစ္ တတိယဓမၼသဘင္ (ဆင္ေပါင္ဝဲ-မင္းကန္ရြာ)

ျပာသိုလျပည့္ (20.1.2019)ရက္ေန႔၊ ည ၈း၀၀ နာရီ၊ မေကြးတုိင္း၊ ဆင္ေပါင္ဝဲဲၿမဳိ႕နယ္၊ မင္းကန္ရြာ အေမေန႔အထိမ္းအမွတ္ ဓမၼသဘင္ပါ။ ၂၀၁၉ ခုႏွစ္ရဲ႕ သံုးပြဲေျမာက္ တရားပြဲျဖစ္ပါတယ္။

ရန္ကုန္မွ ေနျပည္ေတာ္ေလဆိပ္၊ ၎မွ ေတာင္ညဳိလမ္းအတုိင္း လာခဲ့ရတာျဖစ္လို႔ ကားမူးၿပီး ေနရထုိင္ရ မသက္သာတာမ်ဳိး ႀကဳံရပါတယ္။ ေန႔ဆြမ္းလည္း ငတ္သြားပါတယ္ခင္ဗ်။ ရြာေရာက္ေတာ့ ၁၂ ေက်ာ္ေနပါၿပီ။ လမ္းမွာထမင္းဆုိင္မရွိလုိ႔ပါ။

ညေနမွာ ေဗာဓိကုန္းသို႔ သြားလည္ၾကပါတယ္။ ဆင္ေပါင္ဝဲၿမဳိ႕နယ္၊ ကိုးပင္ရြာမွာ တည္ေထာင္ထားတဲ့ ေဗာဓိကုန္းပါ။ မစိုးရိမ္တုိက္သစ္ မဟာနာယကဆရာေတာ္တစ္ပါးျဖစ္တဲ့ ဘဒၵႏၲဝါေသ႒ာဘိဝံသကိုယ္တုိင္ဦးစီးၿပီး စီးစဥ္ေနတာပါ။ ဖြင့္လွစ္ဖုိ႔ေတာ့ အမ်ားႀကီးလိုပါေသးတယ္။
ေလာေလာဆယ္ေတာင္ အေတာ္စည္ကားေနပါၿပီ။ ငါးစာေကၽြးရတာနဲ႔ပင္ ေပ်ာ္စရာပါ။

ညတရားပြဲမွာေတာ့ နေမာတႆတရား ေဟာၾကားခဲ့ပါတယ္။ ရြာသူရြာသားေတြ သေဘာက်ၾကပါတယ္။

“၂၀၁၉ ခုနှစ် တတိယဓမ္မသဘင် (ဆင်ပေါင်ဝဲ-မင်းကန်ရွာ)”

ပြာသိုလပြည့် (20.1.2019)ရက်နေ့၊ ည ၈း၀၀ နာရီ၊ မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်၊ မင်းကန်ရွာ အမေနေ့အထိမ်းအမှတ် ဓမ္မသဘင်ပါ။ ၂၀၁၉ ခုနှစ်ရဲ့ သုံးပွဲမြောက် တရားပွဲဖြစ်ပါတယ်။

ရန်ကုန်မှ နေပြည်တော်လေဆိပ်၊ ၎င်းမှ တောင်ညိုလမ်းအတိုင်း လာခဲ့ရတာဖြစ်လို့ ကားမူးပြီး နေရထိုင်ရ မသက်သာတာမျိုး ကြုံရပါတယ်။ နေ့ဆွမ်းလည်း ငတ်သွားပါတယ်ခင်ဗျ။
ရွာရောက်တော့ ၁၂ ကျော်နေပါပြီ။ လမ်းမှာထမင်းဆိုင်မရှိလို့ပါ။

ညနေမှာ ဗောဓိကုန်းသို့ သွားလည်ကြပါတယ်။ ဆင်ပေါင်ဝဲမြို့နယ်၊ ကိုးပင်ရွာမှာ တည်ထောင်ထားတဲ့ ဗောဓိကုန်းပါ။ မစိုးရိမ်တိုက်သစ် မဟာနာယကဆရာတော်တစ်ပါးဖြစ်တဲ့ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသကိုယ်တိုင်ဦးစီးပြီး စီးစဉ်နေတာပါ။ ဖွင့်လှစ်ဖို့တော့ အများကြီးလိုပါသေးတယ်။
လောလောဆယ်တောင် အတော်စည်ကားနေပါပြီ။ ငါးစာကျွေးရတာနဲ့ပင် ပျော်စရာပါ။

ညတရားပွဲမှာတော့ နမောတဿတရား ဟောကြားခဲ့ပါတယ်။ ရွာသူရွာသားတွေ သဘောကျကြပါတယ်။