သတင္း

၂၀၁၉ နဝမဓမၼသဘင္ (မဟာေအာင္ေျမ-လန္ဒန္ဝင္း)

တပို႔တြဲလျပည့္ေက်ာ္ ၁ ရက္ (20.2.2019)ရက္ေန႔၊ ည ၈း၀၀ နာရီ၊ မႏၲေလးၿမဳိ႕၊ မဟာေအာင္ေျမၿမဳိ႕နယ္၊ သံလ်က္ေမွာ္အေရွ႕၊ လန္ဒန္ဝင္းရပ္၊ အကြက္ ၄၁၅၊ ပုညဝၯနသုခကာရီဓမၼာရုံ၊ ပုညဝၯနသုခကာရီအသင္း လျပည့္ေန႔တုိင္း စုေပါင္းဘုံဆြမ္းေလာင္းပြဲ (၁၆)ႏွစ္ျပည့္ ေအာင္ပြဲဓမၼသဘင္။

စာေရးသူရဲ႕ ဆြမ္းဒါယကာ ဒါယိကာမမ်ား ေနထုိင္ရာရပ္ကြက္ပါ။ စာေရးသူ ေမာ္စကိုမသြားခင္ကတည္းက ပြဲႀကီးပြဲေကာင္း ႏႊဲခဲ့ဖူးတဲ့ရပ္ကြက္ျဖစ္သလို ေမာ္စကိုမွျပန္လာတဲ့အခ်ိိန္မွာလည္း မၾကာမၾကာ တရားပြဲက်င္းပခဲ့တဲ့ရပ္ကြက္ေလးပါ။

အဓမၼဝါဒီ အနီအေၾကာင္မ်ား ေပါမ်ားတဲ့ရပ္ကြက္ျဖစ္လုိ႔ ‘ငရဲပန္းကို နတ္ပန္းထင္’ တရားေတာ္ ေဟာၾကားခဲ့ပါတယ္။ အကုသုိလ္ကံ အေၾကာင္းဖန္၊ ေျပာင္းျပန္ယူၾကၿပီ။ ငရဲပန္းျမင္ နတ္ပန္းထင္၊ ပန္ဆင္ၾကေလၿပီ။ တဏွာအစြဲ အတၱစြဲ၊ အစြဲျဖဳတ္သင့္ၿပီ။ သီလကုထံုး ကိုယ္စီသံုး၊ ရႊင္ၿပဳံးနိဗၺာန္ဆီ။

“၂၀၁၉ နဝမဓမ္မသဘင် (မဟာအောင်မြေ-လန်ဒန်ဝင်း)”

တပို့တွဲလပြည့်ကျော် ၁ ရက် (20.2.2019)ရက်နေ့၊ ည ၈း၀၀ နာရီ၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ သံလျက်မှော်အရှေ့၊ လန်ဒန်ဝင်းရပ်၊ အကွက် ၄၁၅၊ ပုညဝဍ္ဎနသုခကာရီဓမ္မာရုံ၊ ပုညဝဍ္ဎနသုခကာရီအသင်း လပြည့်နေ့တိုင်း စုပေါင်းဘုံဆွမ်းလောင်းပွဲ (၁၆)နှစ်ပြည့် အောင်ပွဲဓမ္မသဘင်။

စာရေးသူရဲ့ ဆွမ်းဒါယကာ ဒါယိကာမများ နေထိုင်ရာရပ်ကွက်ပါ။ စာရေးသူ မော်စကိုမသွားခင်ကတည်းက ပွဲကြီးပွဲကောင်း နွှဲခဲ့ဖူးတဲ့ရပ်ကွက်ဖြစ်သလို မော်စကိုမှပြန်လာတဲ့အချိန်မှာလည်း မကြာမကြာ တရားပွဲကျင်းပခဲ့တဲ့ရပ်ကွက်လေးပါ။

အဓမ္မဝါဒီ အနီအကြောင်များ ပေါများတဲ့ရပ်ကွက်ဖြစ်လို့ ‘ငရဲပန်းကို နတ်ပန်းထင်’ တရားတော် ဟောကြားခဲ့ပါတယ်။ အကုသိုလ်ကံ အကြောင်းဖန်၊ ပြောင်းပြန်ယူကြပြီ။ ငရဲပန်းမြင် နတ်ပန်းထင်၊ ပန်ဆင်ကြလေပြီ။ တဏှာအစွဲ အတ္တစွဲ၊ အစွဲဖြုတ်သင့်ပြီ။ သီလကုထုံး ကိုယ်စီသုံး၊ ရွှင်ပြုံးနိဗ္ဗာန်ဆီ။