သတင္း

၂၀၁၉ ပႏၷရသမဓမၼသဘင္ (ခင္ဦး-သရက္ကုန္း)

တပို႔တြဲလျပည့္ေက်ာ္ ၁၂ ရက္ (3.3.2019)ရက္ေန႔၊ ည ၈း၀၀ နာရီ၊ စစ္ကိုင္းတိုင္း၊ ခင္ဦးၿမဳိ႕နယ္၊ သရက္ကုန္းေက်းရြာ၊ ရတနာသိဃၤဆရာေတာ္ သက္ေတာ္(၅၀)ျပည့္ ေရႊရတုေမြးေန႔ႏွင့္ ရတနာသိဃၤတံတားဖြင့္ပြဲ အႀကဳိဓမၼသဘင္။

ရတနာသိဃၤဆရာေတာ္ဆိုတာ မႏၲေလး ျပည္ႀကီးတံခြန္ၿမဳိ႕နယ္၊ တမာတန္းရပ္ကြက္၊ မူလသစ္ဆိမ့္တုိ္က္၊ ရတနာသိဃၤပရိယတၱိစာသင္တုိက္ ပဓာနနာယကဆရာေတာ္ ဘဒၵႏၲဝါသဝ(ဂႏၴဝါစကပ႑ိတ)ပဲ ျဖစ္ပါတယ္။
မန္းမဘသအတြင္းေရးမွဴးဆရာေတာ္ျဖစ္ၿပီး ၎၏ဇာတိရြာမွာ လမ္းေဖာက္ျခင္း၊ တံတားေဆာက္ျခင္း၊ ေဆးခန္းဖြင့္ျခင္း၊ စာသင္ေက်ာင္းေဆာက္ျခင္း၊ စာၾကည့္တုိ္က္ဖြင့္ျခင္း၊ အားကစားကြင္းတည္ျခင္း စသည္တုိ႔ျဖင့္ ေက်းရြာဖြံ႔ၿဖဳိးေရးကို လိုေလေသးမရွိေအာင္ ေဆာင္ရြက္ေနသူလည္း ျဖစ္ပါတယ္။
ယခုဖြင့္လွစ္မည့္ ရတနာသိဃၤတံတားကိုလည္း ၎ပိုင္ကားႏွစ္စီးကို ေရာင္းၿပီး ေဆာက္လွဴထားျခင္းပဲ ျဖစ္ပါတယ္။

ေက်းရြာအတြက္ ဘယ္ေလာက္ပဲလုပ္ေပးလုပ္ေပးေပါ့ဗ်ာ အနီအေၾကာင္ေတြကေတာ့ အေကာင္းမျမင္တဲ့အျပင္ ဟိုတုိင္ဒီေတာနဲ႔ အၿမဲတန္းေစာ္ကားေနၾကတာပါပဲ။
အေၾကာင္းကေတာ့ သူတုိ႔ကိုးကြယ္တဲ့ဘုရားကို ေတာင္ပို႔ႀကီးမွန္းသိလုိ႔ ဆက္မကိုးကြယ္ေတာ့လုိ႔ပါပဲ။
ဒီရြာမွာလည္း မီးသံုးပါးတရားပဲ ေဟာၾကားခဲ့ပါတယ္။

‘မျပစ္မမွား မီးသံုးပါးတရားေတာ္’
မိန္းမတကာ၊ ဓမၼတာျဖင့္၊
အိမ္ရာျပဳေထာင္၊ လူတုိ႔ေဘာင္ဝယ္၊
ထိန္ေျပာင္ညီးညီး၊ သံုးပံုမီးတည့္၊
ႀကီးလွေက်းဇူး၊ ႏွစ္ဦးမိဘ၊
ကာမအရွင္၊ လင္လည္းတစ္ခန္း၊
ရဟန္းပုဏၰား၊ ေရာက္ျငားအထံ၊
လွဴခံပုဂၢဳိလ္၊ မီးသံုးဖိုကို၊
သိမ္းသိုမတတ္၊ က်င့္ယြင္းခၽြတ္က၊
မျပတ္ညီးေျပာင္၊ ေန႔တုိင္းေလာင္ရွင့္၊
ေနာင္လည္းအၿမဲ၊ ငရဲမီးစာ၊
ျဖစ္တတ္စြာ၏။ (မဃ-၄၁၃)

အာဟုေနယ်မီးဆိုတာ၊ မိဘႏွစ္ပါးပါ၊
မရိုေသေသာ္သာ အျပစ္ႀကီးတာ၊ ရိုေသပါကေကာင္းက်ဳိးရ။
ဂဟပတိမီးဆိုတာ၊ အိမ္ေထာင္ဦးစီးပါ၊
မရိုေသေသာ္သာ အျပစ္ႀကီးတာ၊ ရိုေသပါကေကာင္းက်ဳိးရ။
ဒကၡိေဏယ်မီးဆိုတာ ရဟန္းသံဃာပါ၊
မရိုေသေသာ္သာ အျပစ္ႀကီးတာ၊ ရိုေသပါကေကာင္းက်ဳိးရ။

“၂၀၁၉ ပန္နရသမဓမ္မသဘင် (ခင်ဦး-သရက်ကုန်း)”

တပို့တွဲလပြည့်ကျော် ၁၂ ရက် (3.3.2019)ရက်နေ့၊ ည ၈း၀၀ နာရီ၊ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ သရက်ကုန်းကျေးရွာ၊ ရတနာသိင်္ဃဆရာတော် သက်တော်(၅၀)ပြည့် ရွှေရတုမွေးနေ့နှင့် ရတနာသိင်္ဃတံတားဖွင့်ပွဲ အကြိုဓမ္မသဘင်။

ရတနာသိင်္ဃဆရာတော်ဆိုတာ မန္တလေး ပြည်ကြီးတံခွန်မြို့နယ်၊ တမာတန်းရပ်ကွက်၊ မူလသစ်ဆိမ့်တိုက်၊ ရတနာသိင်္ဃပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဝါသဝ(ဂန္ထဝါစကပဏ္ဍိတ)ပဲ ဖြစ်ပါတယ်။
မန်းမဘသအတွင်းရေးမှူးဆရာတော်ဖြစ်ပြီး ၎င်း၏ဇာတိရွာမှာ လမ်းဖောက်ခြင်း၊ တံတားဆောက်ခြင်း၊ ဆေးခန်းဖွင့်ခြင်း၊ စာသင်ကျောင်းဆောက်ခြင်း၊ စာကြည့်တိုက်ဖွင့်ခြင်း၊ အားကစားကွင်းတည်ခြင်း စသည်တို့ဖြင့် ကျေးရွာဖွံ့ဖြိုးရေးကို လိုလေသေးမရှိအောင် ဆောင်ရွက်နေသူလည်း ဖြစ်ပါတယ်။
ယခုဖွင့်လှစ်မည့် ရတနာသိင်္ဃတံတားကိုလည်း ၎င်းပိုင်ကားနှစ်စီးကို ရောင်းပြီး ဆောက်လှူထားခြင်းပဲ ဖြစ်ပါတယ်။

ကျေးရွာအတွက် ဘယ်လောက်ပဲလုပ်ပေးလုပ်ပေးပေါ့ဗျာ အနီအကြောင်တွေကတော့ အကောင်းမမြင်တဲ့အပြင် ဟိုတိုင်ဒီတောနဲ့ အမြဲတန်းစော်ကားနေကြတာပါပဲ။
အကြောင်းကတော့ သူတို့ကိုးကွယ်တဲ့ဘုရားကို တောင်ပို့ကြီးမှန်းသိလို့ ဆက်မကိုးကွယ်တော့လို့ပါပဲ။
ဒီရွာမှာလည်း မီးသုံးပါးတရားပဲ ဟောကြားခဲ့ပါတယ်။

‘မပြစ်မမှား မီးသုံးပါးတရားတော်’
မိန်းမတကာ၊ ဓမ္မတာဖြင့်၊
အိမ်ရာပြုထောင်၊ လူတို့ဘောင်ဝယ်၊
ထိန်ပြောင်ညီးညီး၊ သုံးပုံမီးတည့်၊
ကြီးလှကျေးဇူး၊ နှစ်ဦးမိဘ၊
ကာမအရှင်၊ လင်လည်းတစ်ခန်း၊
ရဟန်းပုဏ္ဏား၊ ရောက်ငြားအထံ၊
လှူခံပုဂ္ဂိုလ်၊ မီးသုံးဖိုကို၊
သိမ်းသိုမတတ်၊ ကျင့်ယွင်းချွတ်က၊
မပြတ်ညီးပြောင်၊ နေ့တိုင်းလောင်ရှင့်၊
နောင်လည်းအမြဲ၊ ငရဲမီးစာ၊
ဖြစ်တတ်စွာ၏။ (မဃ-၄၁၃)

အာဟုနေယျမီးဆိုတာ၊ မိဘနှစ်ပါးပါ၊
မရိုသေသော်သာ အပြစ်ကြီးတာ၊ ရိုသေပါကကောင်းကျိုးရ။
ဂဟပတိမီးဆိုတာ၊ အိမ်ထောင်ဦးစီးပါ၊
မရိုသေသော်သာ အပြစ်ကြီးတာ၊ ရိုသေပါကကောင်းကျိုးရ။
ဒက္ခိဏေယျမီးဆိုတာ ရဟန်းသံဃာပါ၊
မရိုသေသော်သာ အပြစ်ကြီးတာ၊ ရိုသေပါကကောင်းကျိုးရ။