သတင်း



“စာမေးပွဲနီးလို့ သားသားမီးမီးတွေကို အားပေးစကားပြောကြား”

2.3.2019 ရက်နေ့၊ မွန်း ၃း၀၀ နာရီ၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတောင်ရိုး၊ ဓမ္မစေတီကျောင်းတိုက်မှာရှိတဲ့ ပညာရေးအကယ်ဒမီကျောင်းမှ ကျောင်းသား/သူများကို သြဝါဒပေးတာပါ။
ဆယ်တန်းစာမေးပွဲဖြေဆိုဖို့ နီးနေတာကြောင့် အားပေးစကားပြောကြားရင်း စာမေးပွဲဖြေဆိုရာမှာ လိုက်နာကျင့်သုံးဖို့လိုအပ်တဲ့ နည်းလမ်းတွေကို ပြန်လည်ညွှန်ပြပေးခဲ့ပါတယ်။
အိပ်ရေးဝဝအိပ်ဖို့၊ စိတ်အေးအေးထားဖို့၊ ခေါင်းအေးအေးနဲ့တွေးဖို့၊ သေချာဂရုစိုက်ဖြေဖို့တိုက်တွန်းခဲ့တာပါ။