သတင်း






“၂၀၁၉ သတ္တမဓမ္မသဘင် (ရန်ကုန်-လှည်းကူး)”

တပို့တွဲလဆန်း ၁၁ (15.2.2019)ရက်နေ့၊ ည ၈း၀၀ နာရီ၊ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ အမျိုးဘာသာ သာသနာချစ်မြတ်နိုးသူများ၏ ပထမအကြိမ် အထူးဓမ္မသဘင်။
ရန်ကုန်လေဆိပ်မှ တရားပွဲသို့ လာရာလမ်းတစ်လျှောက် ကားကြပ်နေလို့ တရားပွဲနောက်ကျပါတယ်။
လေယာဉ်ကလည်းနောက်ကျ၊ ကားလမ်းကလည်းပိတ်ဆိုတော့ လှည်းကူးသူတွေ တော်တော်မျှော်ရတဲ့သဘောပါပဲ။
တရားပွဲကလည်း အတိုက်အခံတွေ အတိုင်အတောတွေ အနှောင်အယှက်တွေ အကန့်အကွက်တွေကြားမှာ နေရာလည်းရွှေ့ပြောင်းရ၊ ပွဲမိန့်ကိုလည်းနီးကပ်မှချလို့ ပွဲစီးစဉ်သူတွေ အတော်အခက်အခဲတွေ့ကြရပါတယ်။
ဒါပေမယ့် နောက်ဆုံးမှာတော့ အောင်မြင်သွားခဲ့ပါတယ်။
အရှင်ဣန္ဒက(ဣန္ဒဝီရ-လှည်းကူး)၊ ငွေလမင်းဆရာတော်နှင့် ဦးခင်မောင်ဆန်း၊ ဒေါ်ရွှေမမ၊ အမျိုးသားရေး ညီအစ်ကိုမောင်နှမများအားလုံး အတော်လေးကြိုးစားလိုက်ရပါတယ်။

တတိယလူသား ဂျင်းစကား တရားတော် ဟောကြားခဲ့ပါတယ်။
ကုန်းတိုက်စကားဟာ ဓားလိုပါ၊ မေတ္တာတရားကို ခုတ်ဖြတ်တာ။
ကုန်းတိုက်စကားကိုယုံသူဟာ၊ ခြင်္သေ့နွားပမာ ပျက်စီးမှာ။
ကုန်းတိုက်စကားကို မယုံသူသာ၊ နတ်ပြည်ရောက်မှာ ချမ်းသာမှာ။
(ဧကနိပါတ်၊ သန္ဓိဘေဒဇာတ်တော်)