သတင်း


တပို့တွဲလပြည့်ကျော် ၄ ရက် (23.5.2019)ရက်နေ့၊ ည ၇း၀၀ နာရီ၊ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ စကျင်ကျေးရွာ၊ ခြောက်ဆူကျောင်းတိုက်၊ ခြောက်ဆူကျောင်းဆရာတော် ဘဒ္ဒန္တအာစိဏ္ဏပြုပြင်တည်ထားသော ငွေယားစေတီထီးတော်တင်မင်္ဂလာနှင့် ကျောင်းဆောင်သစ်ရေစက်ချ၊ ဒုတိယအကြိမ် ရဟန်းခံ၊ ရှင်ပြု နားသ၊ သီလရှင်ဝတ်အလှူတော်မင်္ဂလာအကြို ဓမ္မသဘင်။



“၂၀၁၉ ဧကာဒသမဓမ္မသဘင် (မတ္တရာ-စကျင်)”

တပို့တွဲလပြည့်ကျော် ၄ ရက် (23.5.2019)ရက်နေ့၊ ည ရး၀၀ နာရီ၊ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ စကျင်ကျေးရွာ၊ ခြောက်ဆူကျောင်းတိုက်၊ ခြောက်ဆူကျောင်းဆရာတော် ဘဒ္ဒန္တအာစိဏ္ဏပြုပြင်တည်ထားသော ငွေယားစေတီထီးတော်တင်မင်္ဂလာနှင့် ကျောင်းဆောင်သစ်ရေစက်ချ၊ ဒုတိယအကြိမ် ရဟန်းခံ၊ ရှင်ပြု နားသ၊ သီလရှင်ဝတ်အလှူတော်မင်္ဂလာအကြို ဓမ္မသဘင်။

ဓမ္မဒါနကုသိုလ်ရှင်က စကျင်ကျေးရွာ ကျောင်း ရဟန်းဒါယကာ ဦးအောင်မိုး+ကျောင်း ရဟန်း ဒါယိကာမ ဒေါ်ကြည်ကြည်ဦး၊ သား ကိုရှိုင်းထက်အောင်+မမြတ်သီင်္ဂီ၊ မောင်အေးချမ်းအောင်၊ မြေး ရတီဝတ်မှုံ မိသားစု ဖြစ်ပါတယ်။
ခြောက်ဆူကျောင်းမှာ ခဏနားပါတယ်။
စကျင်ကျောက်တောင်ကြီးကို လေ့လာပါတယ်။
ည ၇ နာရီမှာ တရားဟောပါတယ်။
အမျိုးသားရေးတရားတော် ဟောကြားခဲ့တာပါ။
အမျိုးသားရေးဆိုတာ ဘာမှန်းမသိကြဘဲနဲ့ ရဟန်းသံဃာတွေကို ပြစ်မှားမိခဲ့ကြတဲ့ ရိုးသားတဲ့ရွာသူရွာသားတွေကို အမြင်မှန်ရစေတဲ့ တရားတော်လေးပါ။
တရားနာအပြီးမှာ ရွာသူရွာသားတွေ အမြင်ကြည်လင်သွားကြလို့ပဲ ဖြစ်ပါတယ်။

“အမျိုးသားရေးတရားတော်”
အမျိုးသားရေးဆိုသည်မှာ အမျိုးဂုဏ်ကိုမြှင့်တင်တာ။
အမျိုးသားရေးဆိုသည်မှာ ယဉ်ကျေးမှုကိုထိန်းသိမ်းတာ။
အမျိုးသားရေးဆိုသည်မှာ ဘုရားတည်တာ ကျောင်းဆောက်တာ။
အမျိုးသားရေးဆိုသည်မှာ တရားထိုင်တာ စာကျက်တာ။
အမျိုးသားရေးဆိုသည်မှာ ရဟန်းခံတာ ရှင်ပြုတာ။
အမျိုးသားရေးဆိုသည်မှာ ပရဟိတဆောင်ရွက်တာ။
အမျိုးသားရေးဆိုသည်မှာ ကုသိုလ်ကောင်းမှုပြုလုပ်တာ။
အမျိုးသားရေးဆိုသည်မှာ အချုပ်အခြာအာဏာကာကွယ်တာ။
အမျိုးသားရေးဆိုသည်မှာ ပါရမီလမ်းစဉ်ပါ။
အမျိုးသားရေးဆိုသည်မှာ ဘုရားအလောင်းလမ်းစဉ်ပါ။
အမျိုးသားရေးဆိုသည်မှာ မြတ်စွာဘုရားလမ်းစဉ်ပါ။