Daily Archives: March 3, 2019

သတင်း

၂၀၁၉ ဧကာဒသမဓမ္မသဘင် (မတ္တရာ-စကျင်)

တပို့တွဲလပြည့်ကျော် ၄ ရက် (23.5.2019)ရက်နေ့၊ ည ၇း၀၀ နာရီ၊ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ စကျင်ကျေးရွာ၊ ခြောက်ဆူကျောင်းတိုက်၊ ခြောက်ဆူကျောင်းဆရာတော် ဘဒ္ဒန္တအာစိဏ္ဏပြုပြင်တည်ထားသော ငွေယားစေတီထီးတော်တင်မင်္ဂလာနှင့် ကျောင်းဆောင်သစ်ရေစက်ချ၊ ဒုတိယအကြိမ် ရဟန်းခံ၊ ရှင်ပြု နားသ၊ သီလရှင်ဝတ်အလှူတော်မင်္ဂလာအကြို ဓမ္မသဘင်။ ဓမ္မဒါနကုသိုလ်ရှင်က စကျင်ကျေးရွာ ကျောင်း ရဟန်းဒါယကာ ဦးအောင်မိုး+ကျောင်း ရဟန်း ဒါယိကာမ ဒေါ်ကြည်ကြည်ဦး၊ သား ကိုရှိုင်းထက်အောင်+မမြတ်သီင်္ဂီ၊ မောင်အေးချမ်းအောင်၊ မြေး ရတီဝတ်မှုံ မိသားစု ဖြစ်ပါတယ်။ ခြောက်ဆူကျောင်းမှာ ခဏနားပါတယ်။ စကျင်ကျောက်တောင်ကြီးကို လေ့လာပါတယ်။ ...
သတင်း

မုဒိမ်းကောင်ကြီး ဖျာပုံမှာသောင်းကျန်းနေ

၂၅-၂-၂၀၁၉ ရက်နေ့မှာ ခရိုင်တရားရုံးက မုဒိမ်းကောင်ကြီး တက်ထားတဲ့ အာမခံ ပြန်ရုပ်သိမ်းစေမှုကို ပယ်ချလိုက်ပါတယ်။ ၂၇-၂-၂၀၁၉ ရက်နေ့မှာ မိန်းကလေးမိသားစုရဲ့ အာမခံ ၄ ဦးက ကြောက်လန့်ပြီး နုတ်ထွက်သွားပါတယ်။ ချက်ချင်း အာမခံမရရင် မိန်းကလေးမိသားစု အချုပ်ထဲ ပြန်ဝင်ရမှာပါ။ ဒီအကွက်ကို မုဒိမ်းကောင်ကြီးက ဖန်တီးလိုက်ခြင်းပါပဲ။ တစ်နေကုန်နီးပါး အပူတပြင်း အာမခံရှာရပါတယ်။ ၄ ဦး သိန်း ၈၀ နဲ့ အာမခံရခဲ့ပါတယ်။ မုဒိမ်းကောင်ကြီး အကြံ မအောင်ပြန်ဘူးပေါ့ဗျာ။ ၂၈-၂-၂၀၁၉ ရက်နေ့မှာ မုဒိမ်းကောင်ကြီးက တရားရုံးလာပြီး ...