သတင်း


“အာဏာနဲ့  ခန္ဓာ”

ရမ္မက် ငမ်းငမ်း

တမ်းတမ်း တတ

လွတ်မချချင်ဘူး…..။

လူကြော့ လူပေါ်

လူတွင်ကျယ် လုပ်

ဂုတ်သွေး စုပ်မြဲ…..။

အားကုန်ခဲသမျှ

လွဲလွဲ ချော်ချော်

ပြုံပျော်လျက်သား…..။

နမော် နမဲ့

ရှန်တီး ရှန်တန်

သူငယ်ပြန်သို့ ……။

အိုဘယ့် ဖွါးဖွါး

ကျေးကုလားနဲ့ 

ဘာသာခြားတို့ 

တိုးပွါးနေ့ စဉ်

တစ်ခွင် အားလုံး

မြန်ပြည် သုဉ်းအောင်

လက်ဇောင်း အာဏာ

ထက်လှပါချေတကား…….။

ငြူစူ တိမ်းစောင်း

ဗိုလ်ခြေ အပေါင်းလည်း

ကိန်းအောင်း ဒေါသ

ဆန္ဒအမျက်

ချစ်လျက် မျိုသိပ်

အံကို ကြိတ်ထောင်း

လက်ခပေါင်း ခတ်ရ……။

မြန်ပြည် ထူးအောင်

ရည်စူး အားကုန်

မာန်ဟုန် ပြင်းပြင်း

စိတ်တင်း ချီတက်

အလွဲ ချည်းနှီး

ပျက်စီး သက်သေ

ထင်ရှားနေပြီ…….။

ကိုယ်ချည်း သက်သက်

ဝင်စွက်ဖက်မှ

တိုးတက် ကြီးပွါး

စည်ကား သိုက်မြိုက်

စိတ်လိုက် အဟုတ်

အလုပ် မာန

ထားက မသင့်…..။

မြန်ပြည် အသက်

တိုးတက် ကောင်းရေး

မနှေး အမြန်

ချီတက် ဟန်ဖြင့်

တော်လှန် ပြင်ပြောင်း

အပေါင်း လူငယ်

အသွယ်သွယ်မှ

ရယူ အာဏာ

ထိန်းသိမ်းပါက

တက်ကြွ လန်းဆန်း

အောင်ပန်းသို့ တိုင်

ရောက်နိုင် မလွဲ……။

မမြဲ ခန္ဓာ

အို.နာ.ကျိုး.ကန်း

မခန်း မကုန်

ရာဂ အစုံနဲ့ 

အဖုံဖုံ ဒေါသ

မောဟ သဘော

လိုက်မျှော စီးဝင်

လူ့ဖြစ်အင်သည်

အဘယ်လျှင်အကျိုး


ခန္ဓာ မမြဲ

မမြဲ အာဏာ

အနိစ္စာ ချည်းနှီး

ပျက်စီိး ခဏ

တဒင်္ဂ ဖြစ်လျက်

အသက်ရှည် မှန်

ခန္ဓာဥာဏ် ပေါက်

နိဗ္ဗာန်ရောက်ရေး

စေ့စေ့ တွေးရှု

ကျင့်ကြံပြုဖို့ 

ဆိုး.ကောင်း ဒွန်တွဲ

သဟဲ အာဏာ

လက်လွဲပါက

များလူငယ်လည်း

အားသွန်ခဲရန်


Na  Gain.

“ပြိုင်ပွဲဝင်ကဗျာများ (၁၆)”

“အာဏာနဲ့ ခန္ဓာ”

ရမ္မက် ငမ်းငမ်း
တမ်းတမ်း တတ
လွတ်မချချင်ဘူး…..။

လူကြော့ လူပေါ်
လူတွင်ကျယ် လုပ်
ဂုတ်သွေး စုပ်မြဲ…..။

အားကုန်ခဲသမျှ
လွဲလွဲ ချော်ချော်
ပြုံပျော်လျက်သား…..။

နမော် နမဲ့
ရှန်တီး ရှန်တန်
သူငယ်ပြန်သို့……။

အိုဘယ့် ဖွါးဖွါး
ကျေးကုလားနဲ့
ဘာသာခြားတို့
တိုးပွါးနေ့စဉ်
တစ်ခွင် အားလုံး
မြန်ပြည် သုဉ်းအောင်
လက်ဇောင်း အာဏာ
ထက်လှပါချေတကား…….။

ငြူစူ တိမ်းစောင်း
ဗိုလ်ခြေ အပေါင်းလည်း
ကိန်းအောင်း ဒေါသ
ဆန္ဒအမျက်
ချစ်လျက် မျိုသိပ်
အံကို ကြိတ်ထောင်း
လက်ခပေါင်း ခတ်ရ……။

မြန်ပြည် ထူးအောင်
ရည်စူး အားကုန်
မာန်ဟုန် ပြင်းပြင်း
စိတ်တင်း ချီတက်
အလွဲ ချည်းနှီး
ပျက်စီး သက်သေ
ထင်ရှားနေပြီ…….။

ကိုယ်ချည်း သက်သက်
ဝင်စွက်ဖက်မှ
တိုးတက် ကြီးပွါး
စည်ကား သိုက်မြိုက်
စိတ်လိုက် အဟုတ်
အလုပ် မာန
ထားက မသင့်…..။

မြန်ပြည် အသက်
တိုးတက် ကောင်းရေး
မနှေး အမြန်
ချီတက် ဟန်ဖြင့်
တော်လှန် ပြင်ပြောင်း
အပေါင်း လူငယ်
အသွယ်သွယ်မှ
ရယူ အာဏာ
ထိန်းသိမ်းပါက
တက်ကြွ လန်းဆန်း
အောင်ပန်းသို့တိုင်
ရောက်နိုင် မလွဲ……။

မမြဲ ခန္ဓာ
အို.နာ.ကျိုး.ကန်း
မခန်း မကုန်
ရာဂ အစုံနဲ့
အဖုံဖုံ ဒေါသ
မောဟ သဘော
လိုက်မျှော စီးဝင်
လူ့ဖြစ်အင်သည်
အဘယ်လျှင်အကျိုး
အရှိမျိုး ဖြစ်တော့အံ့……။

ခန္ဓာ မမြဲ
မမြဲ အာဏာ
အနိစ္စာ ချည်းနှီး
ပျက်စီး ခဏ
တဒင်္ဂ ဖြစ်လျက်
အသက်ရှည် မှန်
ခန္ဓာဉာဏ် ပေါက်
နိဗ္ဗာန်ရောက်ရေး
စေ့စေ့ တွေးရှု
ကျင့်ကြံပြုဖို့
ဆိုး.ကောင်း ဒွန်တွဲ
သဟဲ အာဏာ
လက်လွဲပါက
များလူငယ်လည်း
အားသွန်ခဲရန်
အချိန်တန်ခဲ့ပါပြီတကား…….။

Na Gain.