သတင်း

နိုင်ငံကြီးဝါဒဆန့်ကျင်ကြ

ဗုဒ္ဓဘာသာကို နှိပ်ကွပ်တော့မယ်ဆိုရင် လူမျိုးကြီးဝါဒတို့ ဘာသာတစ်ခုတည်းကြီးစိုးနေတာတို့ အမြဲပြောနေကြတဲ့သူတွေ သတိထားဖို့ပါ။ အမေရိကန်ဟာ နိုင်ငံကြီးဝါဒကျင့်သုံးပြီး နိုင်ငံငယ်လေးတွေကို အနိုင်ကျင့်နေတာ ပေါ်လွင်ပါတယ်။

တကယ်တော့ အကြမ်းဖက်နှိမ်နှင်းရေးခေါင်းစဉ်တပ်ပြီး မောင်းသူမဲ့တွေနှင့် တိုက်ခိုက်တာကြောင့် အပြစ်မဲ့အရပ်သားတွေ သေဆုံးမှုဟာ မောင်တောကဘင်္ဂလီသေဆုံးမှုထက် အရေအတွက်ပိုများပြားပါတယ်။ ဒါတောင် အမေရိကန်က လိုက်တိုက်တာပါ။ မြန်မာစစ်တပ်နှင့်ရဲက အတိုက်ခံရလို့ ပြန်ခုခံတဲ့အဆင့်ပဲရှိပါသေးတယ်။ ဒါကိုပဲ လူမျိုးစုလိုက် သုတ်သင်မှုတို့ လူမျိုသုဉ်းသတ်ဖြတ်မှုတို့ အော်ဟစ်စွပ်စွဲနေတာ တွေ့မြင်နေရပါတယ်။

လုံ/စီဆိုတာဟာလည်း ဆီးရီးယားမှာ၊ အာရပ်နိုင်ငံတွေမှာ အစုလိုက်အပြုံလိုက် မူဆလင်တွေ အသတ်ဖြတ်ခံနေရတာကိုတော့ ဘာတစ်ခွန်းမှမပြောကြဘူး။

မြန်မာပြည်ကိုကျတော့ ပိတ်မယ်ဆို့မယ် အရေးယူမယ်ချည်း လုပ်နေကြတယ်။ ဘာကြောင့်ပါလဲ။

အမေရိကန် လူပါးမဝပါနဲ့။

ကုလသမဂ္ဂ အနိုင်မကျင့်ပါနဲ့။

ဝီရသူ(မစိုးရိမ်)
28.10.2017
PM 9:06
========================================================

“အမေရိကန်က မြန်မာနိုင်ငံ၏ ဘင်္ဂါလီအရေးကို လူမျိုးစုလိုက် သုတ်သင်မှုဟု တရားဝင်ကြေညာရန် စဉ်းစားနေ”

အမေရိကန် ဥပဒေပြုအမတ်များက မြန်မာတပ်မတော်အား ပိတ်ဆို့မှုများ ပြုလုပ်ရန် တောင်းဆိုခဲ့ပြီး အမေရိကန် နိုင်ငံခြားရေးဌာနက မြန်မာနိုင်ငံ၌ ဘင်္ဂါလီမွတ်စလင်များကို ချေမှုန်းခဲ့မှုအား လူမျိုးစုလိုက် သုတ်သင်မှုဟု တရားဝင်ကြေညာရန် စဉ်းစားနေကြောင်း အမေရိကန်အာဏာပိုင်များက အောက်တိုဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က လာမည့်လ၌ သူ၏ပထမဆုံး အာရှခရီးစဉ်မစတင်မီ မြန်မာနိုင်ငံ၏ ဘင်္ဂါလီအရေးနှင့် ပတ်သက်၍ အမေရိကန်အနေဖြင့် ပိုမိုပြင်းထန်စွာ တုံ့ပြန်ရန် ဖိအားများ မြင့်တက်လာ ခြင်းဖြစ်သည်။ လာမည့်လတွင် ထရန့်သည် မနီလာမြို့တွင် ပြုလုပ်မည့် မြန်မာနိုင်ငံအပါအ၀င် အရှေ့တောင်အာရှနိုင်ငံများ၏ ထိပ်သီးဆွေးနွေးပွဲတစ်ရပ်ကို တက်ရောက်မည် ဖြစ်သည်။
အမေရိကန် အာဏာပိုင်များသည် နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆင်အတွက် အကြံပြုချက်တစ်စောင်ကို ပြင်ဆင်နေပြီး ယင်းသည် မြန်မာတပ်မတော်က ဦးဆောင်သည့် ဘင်္ဂါလီမွတ်စလင်များအပေါ် စစ်ဆင်ရေးအား လူမျိုးစုလိုက်သုတ်သင်မှုဟု သတ် မှတ်ရန်ဖြစ်ပြီး ယင်းက ပိတ်ဆို့မှုအသစ်များ ဖြစ်လာစေနိုင်သည်ဟု အမေရိကန်အစိုးရ သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ မူဝါဒနှင့်ပတ်သက်သော လွှမ်းခြုံသုံးသပ်ချက်တစ်ရပ်၏ အစိတ်အပိုင်းအဖြစ် အဆိုပြုချက်တစ်ရပ်ကို အစောဆုံးအဖြစ် ယခုသီတင်းပတ်အတွင်းတွင် တေလာဆင်ထံသို့ ပေးပို့နိုင်သည်။ ယင်းနောက် တေလာဆင်က ယင်းကို အတည်ပြုသင့် မသင့် ဆုံးဖြတ်လိမ့်မည်ဟု အမည်မဖော်လိုသော အမေရိကန် အာဏာပိုင်များက ဆိုသည်။
ဘင်္ဂါလီမွတ်စလင် ၆၀၀,၀၀၀ ကျော်သည် တပ်မတော်စစ်ဆင်ရေးတစ်ရပ်ကို ဖြစ်စေသည့် သြဂုတ် ၂၅ ရက်၌ ဘင်္ဂါလီအကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုများ ဖြစ်ပွားပြီး နောက်ပိုင်း ဗုဒ္ဓဘာသာဝင်အများစုနေထိုင်သော မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားခဲ့ကြသည်။ ကုလသမဂ္ဂက ယင်းကို လူမျိုးစုလိုက် သုတ်သင်မှု၏ ပြဋ္ဌာန်းစာအုပ်နမူနာဟု ခေါ်ဆိုကာ ပြစ်တင်ရှုတ်ချခဲ့ပြီးဖြစ်သည်။
အောက်တိုဘာ ၂၄ ရက်က အထက်လွှတ်တော်ကြားနာမှုတစ်ရပ်တွင် အမေရိကန် အာဏာပိုင်သုံးဦးက မြန်မာနိုင်ငံတွင် ဘင်္ဂါလီမွတ်စလင်များအပေါ် ဆက်ဆံခဲ့မှုကို လူမျိုးစုလိုက် သုတ်သင်မှု မြောက် မမြောက် ပြောကြားရန် ငြင်းဆိုခဲ့သော်လည်း အမေရိ ကန်အစိုးရက စဉ်းစားနေသည့် ပစ်မှတ်ထား ပိတ်ဆို့မှုများ ပြုလုပ်ခြင်း အပါအ၀င် အရေးယူရန် နည်းလမ်းအသစ်များကို စာရင်း တင်ပြခဲ့သည်။
သို့သော် ယင်းခြေလှမ်းများသည် အိုဘားမား အစိုးရလက်ထက်က ရပ်ဆိုင်းခဲ့သော ပိုမိုကျယ်ပြန့်သည့် စီးပွားရေးပိတ်ဆို့မှုများ ပြန်လည်ချမှတ်ခြင်းကဲ့သို့သော အထိရောက်ဆုံး အရေးယူမှု နည်းလမ်းအထိ ဖြစ်လာနိုင်ဖွယ် မရှိပေ။
“ဒီကနေ့မှာ ဒါကို အမျိုးအစားသတ်မှတ်နိုင်တဲ့ ရာထူးမျိုးမှာ ကျွန်တော် မရှိပါဘူး။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ပြောရရင် ကျွန်တော့်ရဲ့ ရှည်လျားလှတဲ့ တာဝန်ထမ်းဆောင်မှုကာလအတွင်း ကျွန်တော် ကြုံဖူးသမျှ အဆိုးရွားဆုံး ရက်စက်ကြမ်းကြုတ်မှု အမျိုးအစားအ ချို့နဲ့ သိပ်ကို နီးနီးစပ်စပ်တူတယ်လို့ ပြောလို့ ရပါတယ်”ဟု သူ့အား ယင်းအနေအထားကို လူမျိုးစုလိုက်သုတ်သင်မှုဟု ရှုမြင်သလားဟု ဖိအားပေးမေးမြန်းမှုကို ပြန်လည်ဖြေကြားရာ၌ ဒုတိယလက်ထောက်နိုင်ငံခြားရေးဝန်ကြီး မက်ခ်စတိုရယ်လာက ပြောကြားခဲ့သည်။
နိုင်ငံခြားရေးရာကော်မတီ၏ ထိပ်တန်း ဒီမိုကရက် အထက်လွှတ်တော်အမတ် ဘင်ကာဒင်က ဘင်္ဂါလီ (မူရင်း၌ ရိုဟင်ဂျာဟု ဖော်ပြ) မွတ်စလင်များအပေါ် ဆက်ဆံခဲ့မှုကို လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် သူ့အနေဖြင့် စဉ်းစားနေကြောင်းနှင့် ပိတ်ဆို့မှုများ ထပ်မံချ ထားရန် လို မလို ပါတီနှစ်ရပ်စလုံးက ညှိနှိုင်းနေကြောင်း ပြောကြားခဲ့သည်။
သို့သော် မြန်မာနိုင်ငံက ၎င်းတို့၏လုပ်ဆောင်ချက်သည် အကြမ်းဖက်သမားများကို ချေမှုန်းခြင်းအတွက် လိုအပ်ခဲ့ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။
အမေရိကန် ဥပဒေပြုအမတ်အချို့ သည် တစ်ချိန်က အမေရိကန်တွင် အကြီးအကျယ် လူကြိုက်များခဲ့သည့် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်နှင့် မြန်မာအရပ်သားအစိုးရအဖွဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပိုမိုလုပ်ဆောင်ရန် ပျက်ကွက်ခဲ့မှုအတွက် ဝေဖန်ခဲ့ကြသည်။
ကော်မတီ၏ ရီပက်ဘလီကင်ဥက္ကဋ္ဌဖြစ်သူ အထက်လွှတ်တော်အမတ် ဘော့ကော့ကာက ဘင်္ဂါလီမွတ်စလင်တို့ ဒုက္ခများဖြစ်အောင် လျစ်လျူရှုခဲ့မှုအတွက် ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်တင်ဝေဖန်ခဲ့ပြီး မြန်မာနိုင်ငံနှင့်ပတ်သက်၍ မူဝါဒကို ချိန်ညှိရန် အချိန် ကျလာပြီဟု ဆိုနိုင်ကြောင်း ပြောကြားခဲ့သည်။
ကြားနာမှုတွင် အရှေ့အာရှနှင့်ပစိဖိတ်ရေးရာ ဒုတိယလက်ထောက်နိုင်ငံခြားရေးဝန်ကြီး ပက်ထရစ်မာဖီက ပိတ်ဆို့မှုများ ထပ်မံချမှတ်ရန် စဉ်းစားနေကြောင်း၊ သို့သော် ယင်းကဲ့သို့ ပြုလုပ်ခြင်းကြောင့် မြန်မာနိုင်ငံအပေါ် အမေရိကန်အစိုးရ၏ သြဇာသက်ရောက် နိုင်စွမ်း လျော့ပါးသွားနိုင်သည်ကို သတိပြုရန်လိုကြောင်း ပြောကြားခဲ့သည်။
• writer: Ref: AFP
http://news-eleven.com/international/18422
========================================================
“ဘင်္ဂါလီမွတ်စလင်အရေးအတွက် မြန်မာအား ဖိအားပေးရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်မူကြမ်းတွင် အဆိုပြုထား”

မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ဘင်္ဂါလီ (မူရင်းတွင် ရိုဟင်ဂျာဟု ဖော်ပြ) မွတ်စလင် အရေးအတွက် မြန်မာအား ဖိအားပေးမည့် ဆုံးဖြတ်ချက်မူကြမ်းကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက ချိန်ဆနေကြောင်း အေအက်ဖ်ပီ က အောက်တိုဘာ ၂၅ ရက်တွင် ကြည့်ရှုခဲ့ရသည့် ယင်းမူကြမ်း၌ ဖော်ပြထားသည်ဟု သိရသည်။ ဗြိတိန်နှင့်ပြင်သစ်တို့က အဆိုပြုထားသော ယင်းဆုံးဖြတ်ချက်မူကြမ်းတွင် မြန်မာအာဏာပိုင်များအား စစ်ရေးဆောင်ရွက်မှုများ ချက်ချင်းရပ်ဆိုင်းရန်နှင့် ဘင်္ဂလားဒေ့ရှ်ရှိ ယာယီစခန်းများတွင် နေထိုင်နေရသည့်ဒုက္ခသည်များအား နေရပ်သို့ပြန်လာခွင့်ပြုရန် တောင်းဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
စာမျက်နှာခြောက်မျက်နှာပါ ယင်းဆုံးဖြတ်ချက် မူကြမ်းတွင် ပိတ်ဆို့အရေးယူမှုများ ချမှတ်ရန်အတွက်မူ ခြိမ်းခြောက်မှု မပါဝင်ကြောင်း သိရသည်။ ဘင်္ဂါလီမွတ်စလင်အရေးအတွက် လုံခြုံရေးကောင်စီ၏ ပထမဆုံး တရားဝင် တုံ့ပြန်မှုဖြစ်လာမည့် ယင်းဆုံးဖြတ်ချက်မူကြမ်းသည် တရုတ်ထံမှ ပြင်းပြင်းထန်ထန် ဆန့်ကျင်မှု ကြုံနေရပြီး သဘောတူညီချက်ရရန်အတွက် အကြိတ်အနယ်ဆွေးနွေးရနိုင်ကြောင်း သံတမန်များက ပြောကြားခဲ့သည်။ တရုတ်က ယင်းကိစ္စအတွက် ၎င်းတို့အား မည်သည့်အရာမျှ မပြောစေလိုသလို မည်သည့်အရာမျှ မလုပ်စေလိုကြောင်း အမည်မဖော်သော လုံခြုံရေးကောင်စီမှ သံတမန်တစ်ဦးက ဖုန်းဖြင့်ဖြေကြားခဲ့သည်။
ယင်းဆုံးဖြတ်ချက်မူကြမ်းတွင် ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုနှင့် ဘင်္ဂါလီမွတ်စလင်အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုများအား ရှုတ်ချထားပြီး လူ့ အခွင့်အရေးချိုးဖောက်မှုများနှင့် ညှဉ်းပန်း နှိပ်စက်မှုများတွင် မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းကင်းလှည့်စောင့်ကြည့်သူများ၌ တာဝန်ရှိကြောင်း ဖော်ပြခဲ့သည်။ ရခိုင်ပြည်နယ်သို့ လူသားချင်းစာနာမှု အကူအညီပေးရေးလုပ်သားများ ဘေးကင်း စွာဝင်ရောက်ခွင့်ပြုရန်လည်း မြန်မာအစိုးရအား တောင်းဆိုကြောင်း ယင်းမူကြမ်း၌ ဖော်ပြခဲ့သည်။
ထို့ပြင် ရက်စက်ကြမ်းကြုတ်မှုများ ဖြစ်ပွားခဲ့သည်ဟူသော စွပ်စွဲချက်များအား အစီရင်ခံရန် ရခိုင်ပြည်နယ်သို့ ကုလသမဂ္ဂလူ့ အခွင့်အရေး စုံစမ်းစစ်ဆေးသူများအား ၀င်ရောက်ခွင့်ပြုရန်၊ မြန်မာဆိုင်ရာ ကုလသမဂ္ဂ အထူးအကြံပေးတစ်ဦး ခန့်အပ်ရန်လည်း ယင်းမူကြမ်း၌ တောင်းဆိုခဲ့သည်။ ထို့ပြင် ဘင်္ဂါလီများအား နိုင်ငံသားအခွင့်အရေးများ ပေးသင့်သည်ဟု အကြံပြုထားသည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်သည့် ကော်မရှင်၏အကြံပြုချက်များအား အကောင်အထည်ဖော်ရန်လည်း တောင်းဆိုခဲ့သည်။
မြန်မာ စစ်အစိုးရဟောင်းအား ထောက်ခံသူဖြစ်သော တရုတ်အစိုးရသည် ယင်းအကြမ်းဖက်မှုများအား အဆုံးသတ်ရန်နှင့် ဒုက္ခသည် အကျပ်အတည်းအား ဖြေရှင်းရန်အတွက် သတင်းစကားပေးပို့ရန် ကိုယ်ပိုင်ဆက်သွယ်ရေး လမ်းကြောင်းများကို ဆက်လက်အသုံးပြုနေကြောင်း သံတမန်များက ပြောကြားခဲ့သည်။

• writer: Ref: AFP
http://news-eleven.com/news/18524