သတင္းေဆာင္းပါး

ကမာၻေက်ာ္ဆရာေတာ္၏ ကမာၻမေက်ာ္ေသာ အေတြးအေခၚမ်ား (၁၃)

ကမာၻေက်ာ္ဆရာေတာ္၏ ကမာၻမေက်ာ္ေသာ အေတြးအေခၚမ်ား (၁၃)


“စာနာမႈက်င့္စဥ္”

(ဆရာေတာ္ဦးဝီရသူ၏ ႏွစ္သစ္အထူးလက္ေဆာင္)

စာေရးသူသည္ တိရစာၦန္မ်ားကို ခ်စ္ခင္ၾကငၷာတတ္ပါသည္။ ခ်စ္ရျခင္းအေၾကာင္းက သနားျခင္းပင္ ျဖစ္ပါသည္။ သူတို႔ဘဝေလးေတြ အတိတ္ကံအေၾကာင္းတစ္ခုေၾကာင့္ တိရစာၦန္ျဖစ္ၾကရသည္ဟူေသာအေတြးက ခ်စ္တတ္ေအာင္ သင္ျပေပးသကဲ့သို႔ ရွိေလသည္။ လူႏွင့္နီးကပ္သည့္ ေခြး ေၾကာင္ေလးမ်ားမဆိုထားဘိ လူႏွင့္မနီးကပ္သည့္ ငွက္ကေလးေတြ ရွဥ့္ကေလးေတြကိုလည္း ေတြ႕ျမင္ရတိုင္း ခ်စ္ခင္ၾကင္နာစိတ္မ်ား တစ္ဖြားဖြားေပၚလာတတ္ေပသည္။ ထို႔ေၾကာင့္ စာေရးသူသည္ မနက္စာစားၿပီးသည္ႏွင့္ ဆန္မ်ားႀကဲပက္၍ ငွက္ေလး ခိုေလးမ်ားအား အစာေကြၽးပါသည္။ သစ္ပင္မွာ စင္႐ိုက္ထားၿပီး ရွဥ့္ေလးေတြကို အစာေကြၽးပါသည္။

စာေရးသူႏွင့္ အနီးစပ္ဆုံး တိရစာၦန္ေလးမ်ားကား ေခြးႏွင့္ ေၾကာင္မ်ား ျဖစ္ပါသည္။ ေၾကာင္ေလးေတြကို အလိုလိုက္ပါသည္။ ႐ိုက္ျခင္းႏွက္ျခင္းမေျပာႏွင့္ ေအာ္ျခင္း ေငါက္ျခင္း ၿခိမ္းေျခာက္ျခင္းပင္ မျပဳလုပ္ပါ။ စာေရးသူအိပ္ရာ၀င္ခ်ိန္တြင္ အိပ္ရာေပၚ ေၾကာင္ေလးမ်ား အိပ္ေနၾကသည္ကိုေတြ႔လွ်င္ စာေရးသူက တစ္ျခားေနရာသြားအိပ္ပါသည္။ ေၾကာင္ေလးေတြကို ေမာင္းခ်ပစ္ဖုိ႔မဆိုထားဘိ ႏႈိးေတာင္ မႏိႈးရက္ပါ။ ထိုသို႔အလိုလိုက္ထားေသာေၾကာင့္ ေၾကာင္ေလးေတြက စာေရးသူကို လုံးဝ မေၾကာက္ပါ။ ေျဗာင္းဆန္ေအာင္ ေဆာ့ပါသည္။ မ႐ိုက္ရျခင္းအေၾကာင္းမွာ လူေတြကို ေၾကာက္စရာသတၱဝါအျဖစ္ စြဲထင္သြားမည္ကို မလိုလားေသာေၾကာင့္ ျဖစ္ပါသည္။ ထို႔ေၾကာင့္ စာေရးသူ၏ ေၾကာင္ေလးမ်ားသည္ အေၾကာက္အလန္႔ မရွိၾကေပ။ စိတ္ဒဏ္ရာလည္း မရၾကေပ။ စာေရးသူကိုလည္း အလြန္ခင္ၾကပါသည္။ တြတ္တီတြတ္တာ လာလုပ္တတ္ၾကပါသည္။ တီတီတာတာလာခြၽဲၾကပါသည္။ သူတို႔စိတ္ၾကည္ေနလွ်င္ လည္ေခ်ာင္းက ဂလူးဂလူးအသံႀကီး ထြက္ေပၚေနတတ္ေပသည္။ အခ်ိဳ႕ေၾကာင္ေလးမ်ားက စာေရးသူကို အာဘြားေပးတတ္ပါသည္။ သူတို႔အာဘြားေပးသည္က လူေတြႏွင့္မတူပါ။ ပါးကို ဦးေခါင္းျဖင့္ ပြတ္သပ္ျခင္း နားထင္ျဖင့္ပြတ္သပ္ျခင္း ျဖစ္ပါသည္။ သူတို႔အာဘြားေပးသည့္အခါ ဘယ္ဘက္ပါးကို အာဘြားေပးလိုလွ်င္ ဘယ္ဘက္ပါးကို ပုတ္ျပရပါသည္။ ညာဘက္ပါးဟု ပုတ္ျပလိုက္လွ်င္ ညာဘက္ပါးကို အာဘြားေပးပါသည္။ ပုခုံးေပၚတက္၍ အာဘြားေပးသျဖင့္ ပုတ္ျပသည့္ဘက္သို႔ ပုခုံးေပၚမွပင္ ဇက္ကိုေက်ာ္ခြကာ အာဘြားမေပးရေသးသည့္ဘက္ကို အာဘြားသြားေပးျခင္း ျဖစ္ပါသည္။

ေၾကာင္စားစရာမ်ားကို တပည့္မ်ား ေက်ာင္းသားမ်ားက အၿမဲေကြၽးပါသည္။ အလုပ္မ်ား၍ မေကြၽးျဖစ္သည့္အခါ စာေရးသူထံ အုပ္လိုက္ခ်ီတက္၍ လာေတာင္းတတ္ပါသည္။ ထိုအခါ စာေရးသူကိုယ္တိုင္ နယ္ဖတ္၍ ေသခ်ာေကြၽးရပါသည္။ သတိရသည့္အခါတိုင္းလည္း ‘ေၾကာင္စာေကြၽးၿပီးၿပီလား’ဟု ေမးရပါသည္။

ေခြးေလး ေၾကာင္ေလးေတြ ထိခိုက္ဒဏ္ရာရခဲ့လွ်င္လည္း ကိုယ္တိုင္ေဆးလိမ္းေပးတတ္ပါသည္။ ေနမေကာင္းျဖစ္လွ်င္ ကိုယ္တိုင္ေဆးလိမ္းေပးျခင္း၊ အစာခြံ႔ေကြၽးျခင္းမ်ိဳး ျပဳလုပ္တတ္ပါသည္။

ေရခ်ိဳးသည့္အခါ ေရကန္ထဲ ပု႐ြတ္ဆိတ္ေလးမ်ား ပိုးေကာင္ေလးမ်ား ရွိ မရွိ အလ်င္စူးစမ္းပါသည္။ ရွိလွ်င္ ဖလားျဖင့္ ဆယ္ယူကယ္တင္ရပါသည္။ ေရခ်ိဳးခန္းၾကမ္းျပင္မွာ ပု႐ြတ္ဆိတ္ေတြ အတန္းလိုက္ႀကီး လႈပ္ရွားသြားလာေနလွ်င္ ေရမခ်ိဳးေတာ့ပါ။ တစ္ေကာင္စ ႏွစ္ေကာင္စရွိလွ်င္ ဖမ္းဆီး၍ လြတ္ရာကြၽတ္ရာ ပို႔ေပးတတ္ပါသည္။ ေလးငါးဆယ္ေကာင္ရွိလွ်င္ တံျမက္စည္း အသာအယာလွည္း၍ ဖယ္ရွားေပးတတ္ပါသည္။ ေရခ်ိဳးသည့္အခါ ေရေဘးသင့္၍ ေသသြားႏိုင္ေသာေၾကာင့္ ျဖစ္ပါသည္။

အခန္းထဲမွာျဖစ္ေစ ေက်ာင္းေပၚမွာျဖစ္ေစ လမ္းေလွ်ာက္ရာအခါျဖစ္ေစ ပု႐ြတ္ဆိတ္တန္းႀကီးေတြၽ႕မင္ရလွ်င္ လာရာႏွင့္ လားရာကို ေလ့လာပါသည္။ အဘယ္မွလာ၍ အဘယ္သို႔ သြားသနည္း စူးစမ္းပါသည္။ ဘာေၾကာင့္သြားသနည္း ဘာသယ္သြားသနည္း စူးစမ္းသည့္အခါ အစာရွိရာ အစာသြားသယ္ျခင္းမ်ိဳးျဖစ္ေနလွ်င္ ၎အစာကိုေကာက္ယူ၍ ပု႐ြတ္ဆိတ္တြင္းႏွင့္ အနီးစပ္ဆုံးေနရာမွာ သြားခ်ေပးလိုက္ပါသည္။ အစာသယ္စဥ္ နင္းမိ ႀကိတ္မိ၍ ေသဆုံးႏိုင္ေသာေၾကာင့္ ျဖစ္ပါသည္။ ဥပမာ- ထန္းလ်က္ခဲကို ဝိုင္းအုံေနလွ်င္ ၎ထန္းလ်က္ခဲကို ေကာက္ယူ၍ တြင္းနားသြားခ်ထားျခင္းမ်ိဳး ငါးေျခာက္တုံးေလးကို ဝိုင္းအုံေနလွ်င္ ၎ငါးေျခာက္တုံးေလးကို ေကာက္ယူကာ ပု႐ြတ္ဆိတ္တြင္းနား သြားခ်ထားျခင္းမ်ိဳး ျဖစ္ပါသည္။ ထိုသို႔ျပဳလုပ္ေပးျခင္းျဖင့္ သူတို႔ေလးေတြလည္း အႏၲရာယ္ကင္း၊ လူေတြလည္း အကုသိုလ္ကင္း၊ သူတို႔ေလးေတြလည္း သယ္ရပို႔ရ သြားလာရလြယ္ကူျခင္း အက်ိဳးမ်ားရရွိႏိုင္ပါသည္။

“ပု႐ြတ္ဆိတ္တန္းႀကီးျမင္လွ်င္ တံျမက္စည္းလွည္းမပစ္ၾကပါႏွင့္ သူတို႔အစာလိုက္ရွာၿပီး လမ္းလြတ္ရာကို ေ႐ႊ႕ေပးလိုက္ၾကပါ” ဤသည္မွာ စာေရးသူ၏ ၾသဝါဒျဖစ္ပါသည္။ တံျမက္စည္းလွည္းလိုက္လွ်င္ သူတို႔ကို ေႏွာင့္ယွက္ရာေရာက္ပါသည္။ သူတို႔လည္း မလိုက္နာၾကပါ။ ထိုအခါ သူတို႔အသက္ေသသည္အထိ ရွင္းလင္းပစ္ရတတ္ပါသည္။ ထိုသို႔ အစာရွာ၍ လြတ္ရာကြၽတ္ရာေ႐ႊ႕ေပးလိုက္လွ်င္ အားလုံးစိတ္ခ်မ္းသာစရာခ်ည္း ျဖစ္ပါသည္။ ေနာင္အခါ စားစရာ တိုလီထြာလီေလးမ်ား ဖိတ္စင္သြားလွ်င္ ေကာက္ယူၿပီး သူတို႔ရွိရာသြားခ်ထားျခင္းမ်ိဳး တကူးတကခ်န္ထား၍ သြားေကြၽးျခင္းမ်ိဳးပင္ ျပဳလုပ္လာတတ္ပါသည္။ ေကာင္းေသာအေလ့အက်င့္ျဖစ္လာျခင္းပင္။ ေငြအကုန္အက်မရွိဘဲ အလႉဒါနျပဳလုပ္ႏိုင္ျခင္းပင္ ျဖစ္ပါသည္။

      မေတာ္တဆ တံခါးညႇပ္မိ၍ အိမ္ေျမႇာင္မ်ားျပဳတ္က်လာလွ်င္ ေဆးလိမ္းေပးကာ လြတ္ရာကြၽတ္ရာသို႔ အသာအယာေ႐ႊ႕ေပးတတ္ပါသည္။ ထိုသို႔ ျပဳလုပ္ေပးျခင္းျဖင့္ ေပ်ာက္ကင္းသြားသည္မ်ားရွိသလို ေသသြားသည္မ်ားလည္း ရွိပါသည္။ တံခါးၾကားမွာ ညႇပ္ေသေနသည့္ အိမ္ေျမႇာင္အေသေကာင္မ်ားေတြ႕လွ်င္ စိတ္မခ်မ္းသာႏိုင္ေတာ့ပါ။ မိမိကိုယ္ကိုယ္ တရားခံအျဖစ္ သတ္မွတ္ကာ ဝမ္းနည္းပူေဆြးေနမိတတ္ေပသည္။

ပ်ားေကာင္ေလးမ်ား ေရနစ္ေနလွ်င္ ဆယ္ယူေပးတတ္ပါသည္။ စာေရးသူ ကိုရင္ဘ၀တုန္းက ဆရာေတာ္ႀကီးခ်ိဳးေရထည့္ရာ ေရအင္တုံထဲ ေရနစ္ေနသည့္ ပ်ားေကာင္မ်ားကို လက္ျဖင့္ဆယ္ယူေပးခဲ့ဖူးပါသည္။ ေၾကာက္အားလန္႔အား ဝိုင္းတုပ္ၾကသည္ကို ခံခဲ့ရဖူးပါသည္။ ဥပုသ္သည္ အဖြားႀကီးတစ္ဦးက “ဟယ္ ကိုရင္ ပ်ားတုပ္ခံရၿပီႏွင့္တူတယ္ “ဟု လွမ္းေအာ္ေျပာသည္ကို ယခုထိ ၾကားေယာင္ေနမိပါသည္။ ထိုအခ်ိန္မွစ၍ ယခုအခ်ိန္ထိ ပ်ားေကာင္ဆယ္လွ်င္ ေရမႈတ္ျဖင့္ျဖစ္ေစ ေရဖလားျဖင့္ျဖစ္ေစ သစ္ခက္သစ္ေခ်ာင္းျဖင့္ ျဖစ္ေစ အကူကိရိယာတစ္ခုခုျဖင့္သာ ဆယ္ယူရပါေတာ့၏။

ယခုလို နားေအးပါးေအးေနရခ်ိန္၌ ေခြးေတြကို ေန႔စဥ္အစာေကြၽးခ်ိန္ ရရွိပါသည္။ ကိုယ္တိုင္နယ္ဖတ္၍ ေသခ်ာက်န ေကြၽးေမြးပါသည္။ ငွက္ကေလးမ်ား ရွဥ့္ကေလးေမ်ားကိုလည္း ေန႔စဥ္အစာေကြၽးပါသည္။

တိရစာၦန္ေလးမ်ားကို အစာေကြၽးျခင္းျဖင့္ ဘဝငါးရာ ခ်မ္းသာႏိုင္ေၾကာင္း ဘုရားလမ္းၫႊန္ထားပါသည္။ သို႔ေသာ္ အက်ိဳးလို၍ ေညာင္ေရေလာင္းျခင္းမ်ိဳး မဟုတ္ပါ။ သနား၍ ျပဳစုေစာင့္ေရွာက္ျခင္းသာ ျဖစ္ပါသည္။

တိရစာၦန္ေလးမ်ားကို ညႇဥ္းဆဲႏွိပ္စက္ေနေသာ ဗြီဒီယိုဖိုင္လ္မ်ား ၾကည့္မိလွ်င္ ဒုကၡာမုစၥႏၲဳ – ဒုကၡမွ လြတ္ေျမာက္ပါေစဟူ၍လည္းေကာင္း၊ သုခိတာ ေဟာထ – ခ်မ္းသာၾကပါေစ ဟူ၍လည္းေကာင္း က႐ုဏာႏွင့္ ေမတၱာပို႔သတတ္ပါသည္။ အႏွိပ္စက္ခံသတၱဝါေလးမ်ားကိုၾကည့္၍ က႐ုဏာပို႔ကာ ႏွိပ္စက္ေနေသာလူသားမ်ားကိုၾကည့္၍ ေမတၱာပို႔သေနျခင္း ျဖစ္ပါသည္။

တိရစာၦန္ေလးမ်ားကို ၾကင္နာၾကပါ။ တိရစာၦန္ေလးမ်ားကို ၾကင္နာျခင္းသည္ လူသားတစ္ဦးျဖစ္ေၾကာင္း သက္ေသျပျခင္းပင္ ျဖစ္ပါသည္။

အကယ္၍ သင္လည္း ကံအေၾကာင္းမလွ၍ တိရစာၦန္ဘဝေရာက္ခဲ့ရသည္ရွိေသာ္ ၾကင္နာတတ္ေသာ သခင္ႏွင့္ ေတြ႕ႀကဳံရလွ်င္ သင္လည္း ခ်မ္းသာစြာေနထိုင္ရႏိုင္ပါသည္။ သံသရာကား က်ယ္ေျပာလွပါသည္။ သင္ေရာ က်ႏုပ္ပါ တိရစာၦန္ဘဝမေရာက္ႏိုင္ပါဟု အာမမခံႏိုင္ေသးပါ။ က်ႏုပ္ တိရစာၦန္ျဖစ္လွ်င္မူ က်ႏုပ္ကဲ့သို႔ ၾကင္နာတတ္ေသာသခင္မ်ိဳးႏွင့္ ေတြ႕ႀကဳံရလိမ့္မည္ဟု ယုံၾကည္ေနမိပါသည္။

လူသားတိုင္း တိရစာၦန္ေလးမ်ားအေပၚ ၾကင္နာတတ္ၾကပါေစသတည္း…။

စာနာမႈက်င့္စဥ္ ၿပီးပါၿပီ။

ဝီရသူ(မစိုးရိမ္)

12.5.2020

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၁၃)


“စာနာမှုကျင့်စဉ်”

(ဆရာတော်ဦးဝီရသူ၏ နှစ်သစ်အထူးလက်ဆောင်)

စာရေးသူသည် တိရစ္ဆာန်များကို ချစ်ခင်ကြင္နာတတ်ပါသည်။ ချစ်ရခြင်းအကြောင်းက သနားခြင်းပင် ဖြစ်ပါသည်။ သူတို့ဘဝလေးတွေ အတိတ်ကံအကြောင်းတစ်ခုကြောင့် တိရစ္ဆာန်ဖြစ်ကြရသည်ဟူသောအတွေးက ချစ်တတ်အောင် သင်ပြပေးသကဲ့သို့ ရှိလေသည်။ လူနှင့်နီးကပ်သည့် ခွေး ကြောင်လေးများမဆိုထားဘိ လူနှင့်မနီးကပ်သည့် ငှက်ကလေးတွေ ရှဉ့်ကလေးတွေကိုလည်း တွေ့မြင်ရတိုင်း ချစ်ခင်ကြင်နာစိတ်များ တစ်ဖွားဖွားပေါ်လာတတ်ပေသည်။ ထို့ကြောင့် စာရေးသူသည် မနက်စာစားပြီးသည်နှင့် ဆန်များကြဲပက်၍ ငှက်လေး ခိုလေးများအား အစာကျွေးပါသည်။ သစ်ပင်မှာ စင်ရိုက်ထားပြီး ရှဉ့်လေးတွေကို အစာကျွေးပါသည်။

စာရေးသူနှင့် အနီးစပ်ဆုံး တိရစ္ဆာန်လေးများကား ခွေးနှင့် ကြောင်များ ဖြစ်ပါသည်။ ကြောင်လေးတွေကို အလိုလိုက်ပါသည်။ ရိုက်ခြင်းနှက်ခြင်းမပြောနှင့် အော်ခြင်း ငေါက်ခြင်း ခြိမ်းခြောက်ခြင်းပင် မပြုလုပ်ပါ။ စာရေးသူအိပ်ရာဝင်ချိန်တွင် အိပ်ရာပေါ် ကြောင်လေးများ အိပ်နေကြသည်ကိုတွေ့လျှင် စာရေးသူက တစ်ခြားနေရာသွားအိပ်ပါသည်။ ကြောင်လေးတွေကို မောင်းချပစ်ဖို့မဆိုထားဘိ နှိုးတောင် မနှိုးရက်ပါ။ ထိုသို့အလိုလိုက်ထားသောကြောင့် ကြောင်လေးတွေက စာရေးသူကို လုံးဝ မကြောက်ပါ။ ဗြောင်းဆန်အောင် ဆော့ပါသည်။ မရိုက်ရခြင်းအကြောင်းမှာ လူတွေကို ကြောက်စရာသတ္တဝါအဖြစ် စွဲထင်သွားမည်ကို မလိုလားသောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် စာရေးသူ၏ ကြောင်လေးများသည် အကြောက်အလန့် မရှိကြပေ။ စိတ်ဒဏ်ရာလည်း မရကြပေ။ စာရေးသူကိုလည်း အလွန်ခင်ကြပါသည်။ တွတ်တီတွတ်တာ လာလုပ်တတ်ကြပါသည်။ တီတီတာတာလာချွဲကြပါသည်။ သူတို့စိတ်ကြည်နေလျှင် လည်ချောင်းက ဂလူးဂလူးအသံကြီး ထွက်ပေါ်နေတတ်ပေသည်။ အချို့ကြောင်လေးများက စာရေးသူကို အာဘွားပေးတတ်ပါသည်။ သူတို့အာဘွားပေးသည်က လူတွေနှင့်မတူပါ။ ပါးကို ဦးခေါင်းဖြင့် ပွတ်သပ်ခြင်း နားထင်ဖြင့်ပွတ်သပ်ခြင်း ဖြစ်ပါသည်။ သူတို့အာဘွားပေးသည့်အခါ ဘယ်ဘက်ပါးကို အာဘွားပေးလိုလျှင် ဘယ်ဘက်ပါးကို ပုတ်ပြရပါသည်။ ညာဘက်ပါးဟု ပုတ်ပြလိုက်လျှင် ညာဘက်ပါးကို အာဘွားပေးပါသည်။ ပုခုံးပေါ်တက်၍ အာဘွားပေးသဖြင့် ပုတ်ပြသည့်ဘက်သို့ ပုခုံးပေါ်မှပင် ဇက်ကိုကျော်ခွကာ အာဘွားမပေးရသေးသည့်ဘက်ကို အာဘွားသွားပေးခြင်း ဖြစ်ပါသည်။

ကြောင်စားစရာများကို တပည့်များ ကျောင်းသားများက အမြဲကျွေးပါသည်။ အလုပ်များ၍ မကျွေးဖြစ်သည့်အခါ စာရေးသူထံ အုပ်လိုက်ချီတက်၍ လာတောင်းတတ်ပါသည်။ ထိုအခါ စာရေးသူကိုယ်တိုင် နယ်ဖတ်၍ သေချာကျွေးရပါသည်။ သတိရသည့်အခါတိုင်းလည်း ‘ကြောင်စာကျွေးပြီးပြီလား’ဟု မေးရပါသည်။

ခွေးလေး ကြောင်လေးတွေ ထိခိုက်ဒဏ်ရာရခဲ့လျှင်လည်း ကိုယ်တိုင်ဆေးလိမ်းပေးတတ်ပါသည်။ နေမကောင်းဖြစ်လျှင် ကိုယ်တိုင်ဆေးလိမ်းပေးခြင်း၊ အစာခွံ့ကျွေးခြင်းမျိုး ပြုလုပ်တတ်ပါသည်။

ရေချိုးသည့်အခါ ရေကန်ထဲ ပုရွတ်ဆိတ်လေးများ ပိုးကောင်လေးများ ရှိ မရှိ အလျင်စူးစမ်းပါသည်။ ရှိလျှင် ဖလားဖြင့် ဆယ်ယူကယ်တင်ရပါသည်။ ရေချိုးခန်းကြမ်းပြင်မှာ ပုရွတ်ဆိတ်တွေ အတန်းလိုက်ကြီး လှုပ်ရှားသွားလာနေလျှင် ရေမချိုးတော့ပါ။ တစ်ကောင်စ နှစ်ကောင်စရှိလျှင် ဖမ်းဆီး၍ လွတ်ရာကျွတ်ရာ ပို့ပေးတတ်ပါသည်။ လေးငါးဆယ်ကောင်ရှိလျှင် တံမြက်စည်း အသာအယာလှည်း၍ ဖယ်ရှားပေးတတ်ပါသည်။ ရေချိုးသည့်အခါ ရေဘေးသင့်၍ သေသွားနိုင်သောကြောင့် ဖြစ်ပါသည်။

အခန်းထဲမှာဖြစ်စေ ကျောင်းပေါ်မှာဖြစ်စေ လမ်းလျှောက်ရာအခါဖြစ်စေ ပုရွတ်ဆိတ်တန်းကြီးတျွေ့မင်ရလျှင် လာရာနှင့် လားရာကို လေ့လာပါသည်။ အဘယ်မှလာ၍ အဘယ်သို့ သွားသနည်း စူးစမ်းပါသည်။ ဘာကြောင့်သွားသနည်း ဘာသယ်သွားသနည်း စူးစမ်းသည့်အခါ အစာရှိရာ အစာသွားသယ်ခြင်းမျိုးဖြစ်နေလျှင် ၎င်းအစာကိုကောက်ယူ၍ ပုရွတ်ဆိတ်တွင်းနှင့် အနီးစပ်ဆုံးနေရာမှာ သွားချပေးလိုက်ပါသည်။ အစာသယ်စဉ် နင်းမိ ကြိတ်မိ၍ သေဆုံးနိုင်သောကြောင့် ဖြစ်ပါသည်။ ဥပမာ- ထန်းလျက်ခဲကို ဝိုင်းအုံနေလျှင် ၎င်းထန်းလျက်ခဲကို ကောက်ယူ၍ တွင်းနားသွားချထားခြင်းမျိုး ငါးခြောက်တုံးလေးကို ဝိုင်းအုံနေလျှင် ၎င်းငါးခြောက်တုံးလေးကို ကောက်ယူကာ ပုရွတ်ဆိတ်တွင်းနား သွားချထားခြင်းမျိုး ဖြစ်ပါသည်။ ထိုသို့ပြုလုပ်ပေးခြင်းဖြင့် သူတို့လေးတွေလည်း အန္တရာယ်ကင်း၊ လူတွေလည်း အကုသိုလ်ကင်း၊ သူတို့လေးတွေလည်း သယ်ရပို့ရ သွားလာရလွယ်ကူခြင်း အကျိုးများရရှိနိုင်ပါသည်။

“ပုရွတ်ဆိတ်တန်းကြီးမြင်လျှင် တံမြက်စည်းလှည်းမပစ်ကြပါနှင့် သူတို့အစာလိုက်ရှာပြီး လမ်းလွတ်ရာကို ရွှေ့ပေးလိုက်ကြပါ” ဤသည်မှာ စာရေးသူ၏ သြဝါဒဖြစ်ပါသည်။ တံမြက်စည်းလှည်းလိုက်လျှင် သူတို့ကို နှောင့်ယှက်ရာရောက်ပါသည်။ သူတို့လည်း မလိုက်နာကြပါ။ ထိုအခါ သူတို့အသက်သေသည်အထိ ရှင်းလင်းပစ်ရတတ်ပါသည်။ ထိုသို့ အစာရှာ၍ လွတ်ရာကျွတ်ရာရွှေ့ပေးလိုက်လျှင် အားလုံးစိတ်ချမ်းသာစရာချည်း ဖြစ်ပါသည်။ နောင်အခါ စားစရာ တိုလီထွာလီလေးများ ဖိတ်စင်သွားလျှင် ကောက်ယူပြီး သူတို့ရှိရာသွားချထားခြင်းမျိုး တကူးတကချန်ထား၍ သွားကျွေးခြင်းမျိုးပင် ပြုလုပ်လာတတ်ပါသည်။ ကောင်းသောအလေ့အကျင့်ဖြစ်လာခြင်းပင်။ ငွေအကုန်အကျမရှိဘဲ အလှူဒါနပြုလုပ်နိုင်ခြင်းပင် ဖြစ်ပါသည်။

      မတော်တဆ တံခါးညှပ်မိ၍ အိမ်မြှောင်များပြုတ်ကျလာလျှင် ဆေးလိမ်းပေးကာ လွတ်ရာကျွတ်ရာသို့ အသာအယာရွှေ့ပေးတတ်ပါသည်။ ထိုသို့ ပြုလုပ်ပေးခြင်းဖြင့် ပျောက်ကင်းသွားသည်များရှိသလို သေသွားသည်များလည်း ရှိပါသည်။ တံခါးကြားမှာ ညှပ်သေနေသည့် အိမ်မြှောင်အသေကောင်များတွေ့လျှင် စိတ်မချမ်းသာနိုင်တော့ပါ။ မိမိကိုယ်ကိုယ် တရားခံအဖြစ် သတ်မှတ်ကာ ဝမ်းနည်းပူဆွေးနေမိတတ်ပေသည်။

ပျားကောင်လေးများ ရေနစ်နေလျှင် ဆယ်ယူပေးတတ်ပါသည်။ စာရေးသူ ကိုရင်ဘဝတုန်းက ဆရာတော်ကြီးချိုးရေထည့်ရာ ရေအင်တုံထဲ ရေနစ်နေသည့် ပျားကောင်များကို လက်ဖြင့်ဆယ်ယူပေးခဲ့ဖူးပါသည်။ ကြောက်အားလန့်အား ဝိုင်းတုပ်ကြသည်ကို ခံခဲ့ရဖူးပါသည်။ ဥပုသ်သည် အဖွားကြီးတစ်ဦးက “ဟယ် ကိုရင် ပျားတုပ်ခံရပြီနှင့်တူတယ် “ဟု လှမ်းအော်ပြောသည်ကို ယခုထိ ကြားယောင်နေမိပါသည်။ ထိုအချိန်မှစ၍ ယခုအချိန်ထိ ပျားကောင်ဆယ်လျှင် ရေမှုတ်ဖြင့်ဖြစ်စေ ရေဖလားဖြင့်ဖြစ်စေ သစ်ခက်သစ်ချောင်းဖြင့် ဖြစ်စေ အကူကိရိယာတစ်ခုခုဖြင့်သာ ဆယ်ယူရပါတော့၏။

ယခုလို နားအေးပါးအေးနေရချိန်၌ ခွေးတွေကို နေ့စဉ်အစာကျွေးချိန် ရရှိပါသည်။ ကိုယ်တိုင်နယ်ဖတ်၍ သေချာကျန ကျွေးမွေးပါသည်။ ငှက်ကလေးများ ရှဉ့်ကလေးမျေားကိုလည်း နေ့စဉ်အစာကျွေးပါသည်။

တိရစ္ဆာန်လေးများကို အစာကျွေးခြင်းဖြင့် ဘဝငါးရာ ချမ်းသာနိုင်ကြောင်း ဘုရားလမ်းညွှန်ထားပါသည်။ သို့သော် အကျိုးလို၍ ညောင်ရေလောင်းခြင်းမျိုး မဟုတ်ပါ။ သနား၍ ပြုစုစောင့်ရှောက်ခြင်းသာ ဖြစ်ပါသည်။

တိရစ္ဆာန်လေးများကို ညှဉ်းဆဲနှိပ်စက်နေသော ဗွီဒီယိုဖိုင်လ်များ ကြည့်မိလျှင် ဒုက္ခာမုစ္စန္တု – ဒုက္ခမှ လွတ်မြောက်ပါစေဟူ၍လည်းကောင်း၊ သုခိတာ ဟောထ – ချမ်းသာကြပါစေ ဟူ၍လည်းကောင်း ကရုဏာနှင့် မေတ္တာပို့သတတ်ပါသည်။ အနှိပ်စက်ခံသတ္တဝါလေးများကိုကြည့်၍ ကရုဏာပို့ကာ နှိပ်စက်နေသောလူသားများကိုကြည့်၍ မေတ္တာပို့သနေခြင်း ဖြစ်ပါသည်။

တိရစ္ဆာန်လေးများကို ကြင်နာကြပါ။ တိရစ္ဆာန်လေးများကို ကြင်နာခြင်းသည် လူသားတစ်ဦးဖြစ်ကြောင်း သက်သေပြခြင်းပင် ဖြစ်ပါသည်။

အကယ်၍ သင်လည်း ကံအကြောင်းမလှ၍ တိရစ္ဆာန်ဘဝရောက်ခဲ့ရသည်ရှိသော် ကြင်နာတတ်သော သခင်နှင့် တွေ့ကြုံရလျှင် သင်လည်း ချမ်းသာစွာနေထိုင်ရနိုင်ပါသည်။ သံသရာကား ကျယ်ပြောလှပါသည်။ သင်ရော ကျနုပ်ပါ တိရစ္ဆာန်ဘဝမရောက်နိုင်ပါဟု အာမမခံနိုင်သေးပါ။ ကျနုပ် တိရစ္ဆာန်ဖြစ်လျှင်မူ ကျနုပ်ကဲ့သို့ ကြင်နာတတ်သောသခင်မျိုးနှင့် တွေ့ကြုံရလိမ့်မည်ဟု ယုံကြည်နေမိပါသည်။

လူသားတိုင်း တိရစ္ဆာန်လေးများအပေါ် ကြင်နာတတ်ကြပါစေသတည်း…။

စာနာမှုကျင့်စဉ် ပြီးပါပြီ။

ဝီရသူ(မစိုးရိမ်)
12.5.2020