သတင်း

Venerabale W ဇာတ်ကားမှာ ပါဝင်ကြသူများ

ဒါရိုက်တာကြီးပေးပို့တဲ့ လင့်ကိုဖွင့်ကြည့်ပြီးပါပြီ။ ဝီရသူဘာကြောင့် လူဆိုးအဖြစ် သရုပ်ဖော်ခံရတယ်ဆိုတာ ကမ္ဘာကြီးက သိသွားမှာပါ။

ဝီရသူနာမည်ဆိုးနဲ့ဘယ်လိုပဲကျော်ကြားကျော်ကြား ဝီရသူလိုလားတဲ့ အမျိုးဘာသာ သာသနာနဲ့ အချုပ်အခြာရဲ့အန္တရာယ်ကိုတော့ မာကယ်တို့ စွာကျယ်တို့ ကမ္ဘာ့နိုင်ငံအသီးသီးက နိုင်ငံ့ခေါင်းဆောင်များ သတိထားမိသွားမှာ သေချာပါတယ်။

အမျိုးသားရေးအတွက် အားဆေးတစ်ခွက်ဖြစ်မယ့် ဇာတ်ကားကြီးပါ။ ထုံးစံအတိုင်း ဝီရသူကတော့ လူဆိုးကြီးပေါ့ဗျာ။ ဒါရိုက်တာကြီးပေးပို့သောလင့်အရ ရုပ်ရှင်ဇာတ်လမ်းမှာ ၉၀ မိနစ် တိတိကြာပါတယ်။

သတင်းဌာနတွေကတော့ မိနစ်၁၀၀ ကျော်ရေးထားကြပါတယ်။ နာက်တိုးဘာတွေဆိုတာတော့ မသိရပါဘူး။