ေဆာင္းပါး

ကမၻာေက်ာ္ဆရာေတာ္၏ ကမၻာမေက်ာ္ေသာ အေတြးအေခၚမ်ား (၁၇)

ကမၻာေက်ာ္ဆရာေတာ္၏ ကမၻာမေက်ာ္ေသာ အေတြးအေခၚမ်ား (၁၇)

“အိပ္စက္အနားယူျခင္း”

ဆရာေတာ္ဦးဝီရသူ၏ ႏွစ္သစ္အထူးလက္ေဆာင္)

စာေရးသူသည္ အိပ္စက္အနားယူခ်ိန္ကို ေျခာက္နာရီသာ သတ္မွတ္ထားပါသည္။ ေန႔ဘက္တစ္နာရီႏွင့္ ညဘက္ငါးနာရီ- စုစုေပါင္း ၂၄နာရီမွာ ေန႔စဥ္ ေျခာက္နာရီသာ အိပ္စက္ပါသည္။ အိပ္ခ်ိန္မွန္ေသာ္လည္း အိပ္ရာဝင္ခ်ိန္ မမွန္ပါ။ အလုပ္အေပၚမူတည္၍သာ အိပ္ရာဝင္ပါသည္။ မြန္းလြဲ ၂း၀၀နာရီမွ အလုပ္ျပတ္လွ်င္ မြန္းလြဲ ၂း၀၀နာရီမွာ အိပ္ရာဝင္ပါသည္။ ည ၁၂း၀၀နာရီမွ အလုပ္ျပတ္လွ်င္ ည ၁၂း၀၀နာရီမွ အိပ္ရာဝင္ပါသည္။ အိပ္ရာဝင္ခ်ိန္ကား အလုပ္အေပၚမွာသာ မူတည္ေနပါသည္။

တစ္ရက္မွာ ၂၄နာရီ ရွိသည့္အနက္ ၆နာရီသာ အိပ္စက္သျဖင့္ က်န္ ၁၈နာရီမွာ လႈပ္ရွားခ်ိန္ျဖစ္ပါသည္။ ထိုလႈပ္ရွားခ်ိန္ ၁၈နာရီတြင္ ေရခ်ဳိးခ်ိန္ ဆြမ္းစားခ်ိန္ ဝတ္တက္ရြတ္ဖတ္ခ်ိန္မ်ား ႏုတ္လုိက္လွ်င္ ၁၆နာရီက်န္ပါသည္။ ထိုေၾကာင့္ ၈နာရီကို မိမိအတြက္၊ ၁၆နာရီကို ေလာကအတြက္ဟု သတ္မွတ္ႏိုင္ပါသည္။ အခ်ိန္ရွိခုိက္ လံု႔လစိုက္ဟူသည့္ စကားပံုႏွင့္အညီ အခ်ိန္ကို တန္ဖိုးထား ေလးစားပါသည္။ ငါးမိနစ္ရလွ်င္ ငါးမိနစ္အလုပ္လုပ္ပါသည္။ ဥပမာ- ေရခ်ဳိးၿပီးသည့္အခါ ဆြမ္းစားသြားဖို႔ ငါးမိနစ္လိုေသးသည္ကို ေတြ႔ရလွ်င္ ထိုငါးမိနစ္စာအတြက္ အလုပ္တစ္ခုခု လုပ္လုိက္ပါသည္။ ဥပမာ- ဖုန္းဆက္ျခင္း၊ မက္ေဆ့ပို႔ျခင္း စသည္တို႔ျဖစ္ပါသည္။

ဘုန္းႀကီးဘဝမွာ စည္းစိမ္သံုးပါး ရွိပါသည္။ ေရခ်ဳိးလွ်င္ ဇိမ္ႏွင့္ခ်ဳိးရျခင္း၊ ဆြမ္းစားလွ်င္ ဇိမ္ႏွင့္စားရျခင္း၊ အိပ္စက္လွ်င္ ဇိမ္ႏွင့္အိပ္စက္ရျခင္းတုိ႔ ျဖစ္ပါသည္။ အပူအပင္ကင္းစြာ နားေအးပါးေအးေနရ စိတ္ေအးလက္ေအးစားရသည္ကို ဆိုလိုဟန္တူေပသည္။စာေရးသူမွာ စားေကာင္းျခင္္းမစားရ၊အိပ္ေကာင္းျခင္း မအိပ္ရေလာက္ေအာင္ အလုပ္မ်ားျပားမႈ မရွိေသာ္လည္း စားခ်ိန္ အိပ္ခ်ိန္ ေရခ်ဳိးခ်ိန္မ်ားကား ဇိမ္က်လွသည္မဟုတ္ပါ။ ဆြမ္းစားေက်ာင္းသြားလွ်င္ ဖုန္းထားခဲ့ေသာ္လည္း အေရးႀကီးဖုန္းလာသည္ဟုဆိုကာ ဆြမ္းစားေက်ာင္းမေရာက္ခင္ အေျပးလုိက္ပို႔သည္မ်ဳိးႏွင့္လည္း ႀကဳံရပါသည္။ ဆြမ္းစားသြားခါနီး ဖုန္းလက္ခံေျပာမိရာမွ ဆြမ္းစားေက်ာင္းသြားရာ လမ္းတစ္ေလွ်ာက္မွာပါ ဖုန္းေျပာရသည္မ်ဳိးလည္း ရွိပါသည္။ ေရခ်ဳိးခန္းထဲမွာ နာရီခ်ိတ္ထားကာ နာရီတစ္ၾကည့္ၾကည့္ ေရခ်ဳိးရတတ္သလို အေရးႀကီးဖုန္းလာသည္ဟုဆိုကာ ေရခ်ဳိးခန္းထဲထိ ဖုန္းလာပို႔သည္ႏွင့္လည္း ႀကဳံရပါသည္။ ေရခ်ဳိးရင္းတန္းလန္းႏွင့္ပင္ ဖုန္းေျပာရသည္မ်ဳိးလည္း ရွိပါသည္။ အိပ္ခ်ိန္မွာလည္း အေရးေပၚဖုန္းမ်ား ဝင္လာတတ္ပါသည္။ အေရးေပၚလွ်င္ ေပၚသလုိ အလုပ္လုပ္ရပါသည္။ ႏွစ္ပရိေစၧဒၾကာျမင့္စြာ ညအခါဖုန္းမပိတ္ဘဲ အိပ္ရာဝင္ပါသည္။ အေရးအေၾကာင္းရွိလွ်င္ အကူအညီေတာင္းလိုသူမ်ားအတြက္ ျဖစ္ပါသည္။ မၾကာေသးခင္ကာလမွပင္ အိပ္ရာဝင္လွ်င္ Fly Moodလုပ္ျခင္း၊ ပါဝါပိတ္ျခင္းမ်ား လုပ္ခဲ့ရျခင္း ျဖစ္ပါသည္။

ဘုန္းႀကီးစည္းစိမ္သံုးပါးရွိရာတြင္ သံုးပါးလံုးမွာ ဇိမ္မက်ႏိုင္ခဲ့ေသာ ဘဝပါပင္တည္း။

အိပ္ရာဝင္ခ်ိန္ မမွန္ေသာ္လည္း အိပ္ခ်ိန္ကုိကား လံုးဝ အေလ်ာ့မခံပါ။ ေန႔ဘက္ လံုးဝ မအိပ္ရလွ်င္ ညဘက္အစားထုိး အိပ္ပါသည္။ ဥပမာ – ေန႔ဘက္ အလုပ္မ်ားသျဖင့္ ည ၈းဝဝ နာရီမွ အိပ္ရာဝင္သျဖင့္ ညဘက္ေစာေစာ အိပ္ရာဝင္ျခင္း မဟုတ္ပါ။ ေန႔ဘက္ အနားယူရမည့္အခ်ိန္ တစ္နာရီစာ လက္လြတ္သြားသျဖင့္ အစားထုိး အိပ္ျခင္း ျဖစ္ပါသည္။ ထုိ႔ေၾကာင့္ ည ၉းဝဝ နာရီ စြန္းစြန္းေလးမွာ အိပ္ရာထကာ ညလုပ္ငန္းမ်ား ဆက္လက္လုပ္ေဆာင္ရပါေတာ့၏။ ထုိအခါမ်ဳိး၌ ညဥ့္ႏွစ္ခ်က္တီးထိ အလုပ္လုပ္ႏုိင္သည္ကုိ ေတြ႕ရပါသည္။ ညဥ့္ ၂းဝဝ နာရီမွာ အိပ္ရာဝင္လွ်င္ မနက္ ၇းဝဝ နာရီမွာ အိပ္ရာထပါသည္။ ျပန္အိပ္၍ မရေတာ့ပါ။ ည ၁၂းဝဝ နာရီ အိပ္ရာဝင္လွ်င္ မနက္ ၅းဝဝ နာရီ အိပ္ရာထပါသည္။ အိပ္ရာဝင္ေစာသည္ျဖစ္ေစ ေနာက္က်သည္ျဖစ္ေစ ငါးနာရီဆက္တုိက္ အိပ္လုိက္ရလွ်င္ အိပ္ေရးဝပါသည္။ ပင္ပန္းျခင္း၊ အိပ္ရာဝင္ေနာက္က်ျခင္းစေသာ အေၾကာင္းမ်ားေၾကာင့္ အိပ္ရာမထဘဲ ဆက္အိပ္ေနသည္ဟူ၍ မရွိပါ။ တပည့္ ဒကာ ဒကာမမ်ားႏွင့္ စကားစပ္မိလွ်င္ “က်ဳပ္ ဘဝ စက္႐ုပ္ႀကီးလုိကုိ ျဖစ္ေနေတာ့တာပါဗ်ာ။ အိပ္ခ်ိန္ ငါးနာရီျပည့္လွ်င္ ဘယ္လုိမွ ျပန္အိပ္လုိ႔ မရေတာ့ပါဘူး”ဟု ေျပာတတ္ပါသည္။ မွန္ပါသည္။ ေရခဲေလာက္ေအာင္ ေအးလြန္းေသာအရပ္သို႔ ေရာက္သည့္အခါ ညတရားပြဲလုပ္၍ မရပါ။ ဆည္းဆာတရားပြဲသာ က်င္းပၾကပါသည္။ ညေန ၅းဝဝ နာရီ ေနာက္ပုိင္း၌ ဖုန္းကုိင္လွ်င္လည္း လက္ေတြေအး၊ တရားထုိင္လွ်င္လည္း ႏွာေတြေစး၊ အျပင္ထြက္လမ္းေလွ်ာက္လွ်င္လည္း ခ်မ္းခ်မ္းတုန္ေနပါေတာ့သည္။ ထုိအခါမ်ဳိး၌ ည ၈းဝဝ နာရီ ၉းဝဝ နာရီမွာ အိပ္ရာဝင္ရပါေတာ့၏။ အိပ္ရာဝင္ေစာသည္မွာ ျပႆနာမရွိေသာ္လည္း အိပ္ရာထေစာသည္ကား ျပႆနာ တစ္ရပ္ ျဖစ္ေနပါေတာ့၏။ ညဥ့္ ၂းဝဝ နာရီမွာ အိပ္ရာႏုိးသျဖင့္ လံုးဝ ျပန္အိပ္ မရေတာ့သည့္အခါ လုပ္စရာရွိလွ်င္လည္း လုပ္၍မရ၊ မလုပ္ဘဲေနရမည့္ အေရးကလည္း မလြယ္ကူ၊ ျပန္အိပ္မည္ဆုိျပန္လွ်င္လည္း အိပ္မရ ျဖစ္ေနပါေတာ့သည္။ ထုိ႔ေၾကာင့္ ညဥ့္ ၂းဝဝ နာရီမွာ မေျပး႐ံုတစ္မည္ လမ္းေလွ်ာက္လ်က္ ရြတ္ဖတ္ရပါေတာ့၏။ ဤကား စာေရးသူ၏ ခႏၶာကုိယ္သည္ စက္္႐ုပ္သဖြယ္ ယႏၲရားလည္ပတ္ေနပံု ျဖစ္ပါသည္။

အိပ္ခ်ိန္ကာလ ပ်မ္းမွ်အားျဖင့္ ေန႔တစ္နာရီ ညငါးနာရီအားျဖင့္ ေျခာက္နာရီ သတ္မွတ္ထားေသာ္လည္း ေလးနာရီသာ အိပ္ရသည့္ ေန႔ရက္မ်ဳိးရွိသလုိ တစ္ေမွးမွ် မအိပ္စက္လုိက္ရသည့္ ေန႔ရက္မ်ဳိးလည္း ရွိပါသည္။ မဘသ ညီလာခံ က်င္းပသည့္အခါ ညဥ့္နက္သည္အထိ ေဆြးေႏြးရသျဖင့္ တစ္ရက္မွာ ေလးနာရီသာ အိပ္စက္ရသည့္အခါမ်ဳိးႏွင့္ အတုမရွိဂ်ာနယ္လ္ ေဖာင္ပိတ္ရက္မွာ အခ်ိန္မီ ၿပီးႏုိင္ေရးအတြက္ အနီးကပ္ ၾကည့္ၾကပ္ရသျဖင့္ တစ္စက္ကေလးမွ် မအိပ္လုိက္ရသည့္ ေန႔ရက္မ်ဳိးပင္ ျဖစ္ပါသည္။ တစ္ခု ကံေကာင္းသည္မွာ ေခါင္းခ်လွ်င္ အိပ္ေပ်ာ္တတ္သည့္ အေလ့ပင္။ အလုပ္လုပ္၍ မရသည့္အခါမ်ဳိး၌ ငုတ္တုတ္လည္း အိပ္ေပ်ာ္ပါသည္။ ထုိ႔ေၾကာင့္ ေလယာဥ္ေပၚမွာ၊ ကားေပၚမွာ၊ ယုတ္စြအဆံုး ေထာ္လာဂ်ီေပၚမွာပင္ ေပ်ာ္ေအာင္အိပ္ႏုိင္ပါသည္။ အခမ္းအနားမ်ား တက္ရလွ်င္လည္း စက္တီေပၚမွာ အိပ္ေပ်ာ္ေနတတ္ပါသည္။ ထုိေက်းဇူးေၾကာင့္ က်န္းမာေရး ေကာင္းမြန္ေနျခင္း ျဖစ္ပါမည္။ အိပ္မေပ်ာ္ၾကသူမ်ားထံမွ ညည္းသံၾကားရလွ်င္ အိပ္ေပ်ာ္နည္းမ်ား ေပးတတ္ပါသည္။ ကုိယ္ပင္ပန္းရမည္။ စိတ္ေအးခ်မ္းရမည္။ ဤႏွစ္ခ်က္ျပည့္စံုလွ်င္ ေခါင္းခ်လုိက္သည္ႏွင့္ အိပ္ေပ်ာ္မည္ဟူ၍လည္း ၾသဝါဒ ေပးတတ္ပါသည္။ မွန္ပါသည္။ ကုိယ္ပင္ပန္းစြာ အလုပ္လုပ္သူမ်ား ေျခပစ္လက္ပစ္ အိပ္ေပ်ာ္တတ္ၾကပါသည္။ စိတ္ေအးခ်မ္းသည့္ ေယာဂီမ်ား ႏွစ္ၿခဳိက္စြာ အိပ္ေပ်ာ္တတ္ၾကပါသည္။ စာေရးသူလည္း ထုိ႔အတူပင္ အလုပ္ပင္ပန္းသည့္အျပင္ ပရိတ္ရြတ္သည့္အခါ က်န္းမာေရး ေလ့က်င့္ခန္းပါ လုပ္ၿပီးသားျဖစ္ေအာင္ ကုိယ္လက္လႈပ္ရွား စႀကႍသြားပါသည္။ ေန႔စဥ္ သံုးႀကိမ္ရြတ္ဖတ္ပူေဇာ္ရေသာ သမာဓိတန္ခုိးေၾကာင့္ စိတ္ေအးခ်မ္းမႈ ရွိပါသည္။ ထုိအေၾကာင္း ႏွစ္ခ်က္ေၾကာင့္ အိပ္မေပ်ာ္သည့္ေ၀ဒနာမ်ဳိး မခံစားရျခင္း ျဖစ္ပါမည္။

စိတ္႐ႈပ္ရသည့္ စီးပြားေရးလုပ္ငန္းမ်ဳိး လုပ္ကုိင္ေနရသည့္ စီးပြားေရးသမားမ်ားကား ကာယလုပ္သားမ်ားကဲ့သုိ႔ ခႏၶာကုိယ္မပင္ပန္းၾကပါ။ သက္ေသာင့္သက္သာ လုပ္ကုိင္ရသည္က မ်ားသျဖင့္ ကုိယ္ပင္ပန္းျခင္း၊ စိတ္ေအးခ်မ္းျခင္းတည္းဟူေသာ အိပ္ေပ်ာ္ျခင္း လကၡဏာႏွစ္ရပ္လံုး မျပည့္စံုၾကပါ။ ထုိ႔ေၾကာင့္ အိပ္ေဆးမ်ား မွီဝဲကာ အိပ္ေဆးမ်ားကုိသာ အားကုိးေနရပါေတာ့၏။ ေနာင္အခါ အိပ္ေဆးမ်ားလည္း လံုးဝ မတတ္ႏုိင္သည့္အဆင့္ထိေရာက္ကာ စိတ္ေရာဂါမ်ား ခံစားရပါေတာ့သည္။ ကုိယ္ခ်မ္းသာေသာ္လည္း စိတ္မခ်မ္းသာသည့္ သူေဌးသူၾကြယ္ဘဝကား သနားစရာပင္။

အိပ္ရာဝင္ခ်ိန္တြင္ အိပ္ေပ်ာ္ခ်င္ေသာ္လည္း(အိပ္ခ်င္ပါလ်က္) အိပ္မေပ်ာ္ၾကသည့္ ဒကာ ဒကာမမ်ားႏွင့္ ေတြ႕လွ်င္ ပင္ပန္းေအးခ်မ္းနည္းလမ္းေလးကုိ လက္ေတြ႕ လုပ္ခုိင္းပါသည္။ တစ္ခ်ိန္တည္း တစ္ၿပဳိင္တည္း၌ ကုိယ္လည္း ပင္ပန္းမည္ စိတ္လည္း ေအးခ်မ္းမည္ဆုိသည့္နည္းကား လမ္းေလွ်ာက္၍ ပုတီးစိပ္နည္း ဂုဏ္ေတာ္ပြားနည္းပင္ ျဖစ္ပါသည္။ ေညာင္းလာသည္အထိ လမ္းေလွ်ာက္ပါ။ ေခါက္တံု႔ေခါက္ျပန္ လမ္းေလွ်ာက္ေနစဥ္ ပုတီးစိပ္ပါ။ ပုတီးလံုးတုိင္းမွာ စိတ္ႏွစ္ထားပါ။ အာ႐ံုႏွင့္စိတ္ တည့္ေနတန္းေနပါေစ။ ဘုရားအာ႐ံုယူလုိက္ ဂုဏ္ေတာ္ပြားလုိက္ လမ္းေလွ်ာက္လုိက္လုပ္ေသာအားျဖင့္က်န္းမာေရးႏွင့္ ဘာသာတရား အလုပ္ႏွစ္မ်ဳိးလံုးကုိ တစ္ၿပဳိင္တည္း လုပ္ၿပီးသား ျဖစ္သြားပါသည္။ ဂုဏ္ေတာ္သမာဓိ တက္လာသည္ႏွင့္အမွ် စိတ္တည္ၿငိမ္လာပါမည္။ စိတ္တည္ၿငိမ္လွ်င္ စိတ္ၾကည္လင္လာပါမည္။ စိတ္ၾကည္လင္လွ်င္ စိတ္ေအးခ်မ္းလာပါမည္။ ခႏၶာကုိယ္က ပင္ပန္းေနေသာေၾကာင့္ အနားယူဖုိ႔ ေတာင့္တလာသလုိ စိတ္ထဲမွာ ဝင္လာသည့္ သမာဓိေၾကာင့္ တည္ၿငိမ္လာသည့္ စိတ္ကလည္း အာ႐ံုေထြျပား မသြားလာလုိေတာ့ပါ။ ထုိ႔ေၾကာင့္ မၾကာမီပင္ အိပ္ေပ်ာ္သြားပါေတာ့သည္။ ထုိထက္ပုိ၍ သမာဓိေကာင္းလာလွ်င္ ေခါင္းခ်လုိက္သည္ႏွင့္ အိပ္ေပ်ာ္သြားပါလိမ့္မည္။ ထုိမွတစ္ဆင့္ ထုိင္လ်က္ အိပ္ေပ်ာ္သြားျခင္းမ်ဳိး၊ အလုပ္တန္းလန္းျဖင့္ အိပ္ငုိက္သြားျခင္းမ်ဳိးပင္ ႀကဳံရပါလိမ့္မည္။

ခႏၶာကုိယ္ကုိ ပင္ပန္းေအာင္ ခုိင္းပါ။
စိတ္ကုိ ေအးခ်မ္းေအာင္ထားပါ။
အိပ္ေဆးမလုိဘဲ အိပ္ေပ်ာ္ပါလိမ့္မည္။
ဤကား စာေရးသူ၏ အိပ္နည္းေဖာ္ျမဴလာ ျဖစ္ပါသည္။

စာေရးသူသည္ စကၤာပူေခါင္းေဆာင္ႀကီး လီကြမ္ယု၏ ကုိယ္တုိင္ေရး မွတ္တမ္းစာအုပ္ႀကီး ဖတ္ဖူးပါသည္။ သူလည္း စိတ္ဖိစီးမႈမ်ားသျဖင့္ အိပ္ေဆးေသာက္၍ အိပ္ရေၾကာင္း ေရးထားပါသည္။ မိတ္ေဆြတစ္ဦး၏ တုိက္တြန္းမႈေၾကာင့္ တရားထုိင္ျဖစ္ရာမွ အိပ္ေဆးမလုိအပ္ေတာ့ေၾကာင္း၊ အစပုိင္းတြင္သာ ထုိင္ရသည္မွာ ခက္ခဲေၾကာင္း ေန႔စဥ္ နာရီဝက္မွ တစ္နာရီထိ အၿမဲထုိင္ေၾကာင္း၊ ဓမၼရသ (တရားအရသာ)ကုိ ေကာင္းစြာ ခံစားခဲ့ရေၾကာင္း ေရးသားထားပါသည္။ တရားထုိင္လွ်င္ စိတ္တည္ၿငိမ္ပါသည္။ စိတ္တည္ၿငိမ္လွ်င္ စိတ္ကုိ ေဆာ့ကစားတတ္ေသာ ဥဒၶစၥ တရားဆုိးမ်ား ဝင္မလာဝံ့ပါ။ ၎ဥဒၶစၥက စိတ္ကုိ အိပ္မေပ်ာ္ေအာင္ အာ႐ံုရွိသမွ် လုိက္ပုိ႔တတ္ပါသည္။ ေတြ႔မိရာရာ စြဲမိသြားလွ်င္ အိပ္မရေတာ့ပါ။ ထုိ႔ေၾကာင့္ သမာဓိတရား အေရးႀကီးပါသည္။ သမာဓိလုပ္ငန္းမ်ား လုပ္ေစခ်င္ပါသည္။ သမာဓိၿမဲလွ်င္ စားေကာင္းျခင္း၊ အိပ္ေကာင္းျခင္း၊ ေတြးေကာင္းျခင္း၊ ေရးေကာင္းျခင္း၊ အဆံုးအျဖတ္ မွန္ကန္ျခင္း အက်ဳိးတရားမ်ားကုိ ခံစားရပါသည္။
လူသားအားလံုး ခ်မ္းသာစြာ အိပ္စက္ႏုိင္ပါေစ။

အိပ္စက္အနားယူျခင္း ၿပီးပါၿပီ။

ဝီရသူ(မစိုးရိမ္)
26.5.2020

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၁၇)


“အိပ်စက်အနားယူခြင်း”

ဆရာတော်ဦးဝီရသူ၏ နှစ်သစ်အထူးလက်ဆောင်)

စာရေးသူသည် အိပ်စက်အနားယူချိန်ကို ခြောက်နာရီသာ သတ်မှတ်ထားပါသည်။ နေ့ဘက်တစ်နာရီနှင့် ညဘက်ငါးနာရီ- စုစုပေါင်း ၂၄နာရီမှာ နေ့စဉ် ခြောက်နာရီသာ အိပ်စက်ပါသည်။ အိပ်ချိန်မှန်သော်လည်း အိပ်ရာဝင်ချိန် မမှန်ပါ။ အလုပ်အပေါ်မူတည်၍သာ အိပ်ရာဝင်ပါသည်။ မွန်းလွဲ ၂း၀၀နာရီမှ အလုပ်ပြတ်လျှင် မွန်းလွဲ ၂း၀၀နာရီမှာ အိပ်ရာဝင်ပါသည်။ ည ၁၂း၀၀နာရီမှ အလုပ်ပြတ်လျှင် ည ၁၂း၀၀နာရီမှ အိပ်ရာဝင်ပါသည်။ အိပ်ရာဝင်ချိန်ကား အလုပ်အပေါ်မှာသာ မူတည်နေပါသည်။

တစ်ရက်မှာ ၂၄နာရီ ရှိသည့်အနက် ၆နာရီသာ အိပ်စက်သဖြင့် ကျန် ၁၈နာရီမှာ လှုပ်ရှားချိန်ဖြစ်ပါသည်။ ထိုလှုပ်ရှားချိန် ၁၈နာရီတွင် ရေချိုးချိန် ဆွမ်းစားချိန် ဝတ်တက်ရွတ်ဖတ်ချိန်များ နုတ်လိုက်လျှင် ၁၆နာရီကျန်ပါသည်။ ထိုကြောင့် ၈နာရီကို မိမိအတွက်၊ ၁၆နာရီကို လောကအတွက်ဟု သတ်မှတ်နိုင်ပါသည်။ အချိန်ရှိခိုက် လုံ့လစိုက်ဟူသည့် စကားပုံနှင့်အညီ အချိန်ကို တန်ဖိုးထား လေးစားပါသည်။ ငါးမိနစ်ရလျှင် ငါးမိနစ်အလုပ်လုပ်ပါသည်။ ဥပမာ- ရေချိုးပြီးသည့်အခါ ဆွမ်းစားသွားဖို့ ငါးမိနစ်လိုသေးသည်ကို တွေ့ရလျှင် ထိုငါးမိနစ်စာအတွက် အလုပ်တစ်ခုခု လုပ်လိုက်ပါသည်။ ဥပမာ- ဖုန်းဆက်ခြင်း၊ မက်ဆေ့ပို့ခြင်း စသည်တို့ဖြစ်ပါသည်။

ဘုန်းကြီးဘဝမှာ စည်းစိမ်သုံးပါး ရှိပါသည်။ ရေချိုးလျှင် ဇိမ်နှင့်ချိုးရခြင်း၊ ဆွမ်းစားလျှင် ဇိမ်နှင့်စားရခြင်း၊ အိပ်စက်လျှင် ဇိမ်နှင့်အိပ်စက်ရခြင်းတို့ ဖြစ်ပါသည်။ အပူအပင်ကင်းစွာ နားအေးပါးအေးနေရ စိတ်အေးလက်အေးစားရသည်ကို ဆိုလိုဟန်တူပေသည်။စာရေးသူမှာ စားကောင်းခြင်းမစားရ၊အိပ်ကောင်းခြင်း မအိပ်ရလောက်အောင် အလုပ်များပြားမှု မရှိသော်လည်း စားချိန် အိပ်ချိန် ရေချိုးချိန်များကား ဇိမ်ကျလှသည်မဟုတ်ပါ။ ဆွမ်းစားကျောင်းသွားလျှင် ဖုန်းထားခဲ့သော်လည်း အရေးကြီးဖုန်းလာသည်ဟုဆိုကာ ဆွမ်းစားကျောင်းမရောက်ခင် အပြေးလိုက်ပို့သည်မျိုးနှင့်လည်း ကြုံရပါသည်။ ဆွမ်းစားသွားခါနီး ဖုန်းလက်ခံပြောမိရာမှ ဆွမ်းစားကျောင်းသွားရာ လမ်းတစ်လျှောက်မှာပါ ဖုန်းပြောရသည်မျိုးလည်း ရှိပါသည်။ ရေချိုးခန်းထဲမှာ နာရီချိတ်ထားကာ နာရီတစ်ကြည့်ကြည့် ရေချိုးရတတ်သလို အရေးကြီးဖုန်းလာသည်ဟုဆိုကာ ရေချိုးခန်းထဲထိ ဖုန်းလာပို့သည်နှင့်လည်း ကြုံရပါသည်။ ရေချိုးရင်းတန်းလန်းနှင့်ပင် ဖုန်းပြောရသည်မျိုးလည်း ရှိပါသည်။ အိပ်ချိန်မှာလည်း အရေးပေါ်ဖုန်းများ ဝင်လာတတ်ပါသည်။ အရေးပေါ်လျှင် ပေါ်သလို အလုပ်လုပ်ရပါသည်။ နှစ်ပရိစ္ဆေဒကြာမြင့်စွာ ညအခါဖုန်းမပိတ်ဘဲ အိပ်ရာဝင်ပါသည်။ အရေးအကြောင်းရှိလျှင် အကူအညီတောင်းလိုသူများအတွက် ဖြစ်ပါသည်။ မကြာသေးခင်ကာလမှပင် အိပ်ရာဝင်လျှင် Fly Moodလုပ်ခြင်း၊ ပါဝါပိတ်ခြင်းများ လုပ်ခဲ့ရခြင်း ဖြစ်ပါသည်။

ဘုန်းကြီးစည်းစိမ်သုံးပါးရှိရာတွင် သုံးပါးလုံးမှာ ဇိမ်မကျနိုင်ခဲ့သော ဘဝပါပင်တည်း။

အိပ်ရာဝင်ချိန် မမှန်သော်လည်း အိပ်ချိန်ကိုကား လုံးဝ အလျော့မခံပါ။ နေ့ဘက် လုံးဝ မအိပ်ရလျှင် ညဘက်အစားထိုး အိပ်ပါသည်။ ဥပမာ – နေ့ဘက် အလုပ်များသဖြင့် ည ၈းဝဝ နာရီမှ အိပ်ရာဝင်သဖြင့် ညဘက်စောစော အိပ်ရာဝင်ခြင်း မဟုတ်ပါ။ နေ့ဘက် အနားယူရမည့်အချိန် တစ်နာရီစာ လက်လွတ်သွားသဖြင့် အစားထိုး အိပ်ခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ည ၉းဝဝ နာရီ စွန်းစွန်းလေးမှာ အိပ်ရာထကာ ညလုပ်ငန်းများ ဆက်လက်လုပ်ဆောင်ရပါတော့၏။ ထိုအခါမျိုး၌ ညဉ့်နှစ်ချက်တီးထိ အလုပ်လုပ်နိုင်သည်ကို တွေ့ရပါသည်။ ညဉ့် ၂းဝဝ နာရီမှာ အိပ်ရာဝင်လျှင် မနက် ရးဝဝ နာရီမှာ အိပ်ရာထပါသည်။ ပြန်အိပ်၍ မရတော့ပါ။ ည ၁၂းဝဝ နာရီ အိပ်ရာဝင်လျှင် မနက် ၅းဝဝ နာရီ အိပ်ရာထပါသည်။ အိပ်ရာဝင်စောသည်ဖြစ်စေ နောက်ကျသည်ဖြစ်စေ ငါးနာရီဆက်တိုက် အိပ်လိုက်ရလျှင် အိပ်ရေးဝပါသည်။ ပင်ပန်းခြင်း၊ အိပ်ရာဝင်နောက်ကျခြင်းစသော အကြောင်းများကြောင့် အိပ်ရာမထဘဲ ဆက်အိပ်နေသည်ဟူ၍ မရှိပါ။ တပည့် ဒကာ ဒကာမများနှင့် စကားစပ်မိလျှင် “ကျုပ် ဘဝ စက်ရုပ်ကြီးလိုကို ဖြစ်နေတော့တာပါဗျာ။ အိပ်ချိန် ငါးနာရီပြည့်လျှင် ဘယ်လိုမှ ပြန်အိပ်လို့ မရတော့ပါဘူး”ဟု ပြောတတ်ပါသည်။ မှန်ပါသည်။ ရေခဲလောက်အောင် အေးလွန်းသောအရပ်သို့ ရောက်သည့်အခါ ညတရားပွဲလုပ်၍ မရပါ။ ဆည်းဆာတရားပွဲသာ ကျင်းပကြပါသည်။ ညနေ ၅းဝဝ နာရီ နောက်ပိုင်း၌ ဖုန်းကိုင်လျှင်လည်း လက်တွေအေး၊ တရားထိုင်လျှင်လည်း နှာတွေစေး၊ အပြင်ထွက်လမ်းလျှောက်လျှင်လည်း ချမ်းချမ်းတုန်နေပါတော့သည်။ ထိုအခါမျိုး၌ ည ၈းဝဝ နာရီ ၉းဝဝ နာရီမှာ အိပ်ရာဝင်ရပါတော့၏။ အိပ်ရာဝင်စောသည်မှာ ပြဿနာမရှိသော်လည်း အိပ်ရာထစောသည်ကား ပြဿနာ တစ်ရပ် ဖြစ်နေပါတော့၏။ ညဉ့် ၂းဝဝ နာရီမှာ အိပ်ရာနိုးသဖြင့် လုံးဝ ပြန်အိပ် မရတော့သည့်အခါ လုပ်စရာရှိလျှင်လည်း လုပ်၍မရ၊ မလုပ်ဘဲနေရမည့် အရေးကလည်း မလွယ်ကူ၊ ပြန်အိပ်မည်ဆိုပြန်လျှင်လည်း အိပ်မရ ဖြစ်နေပါတော့သည်။ ထို့ကြောင့် ညဉ့် ၂းဝဝ နာရီမှာ မပြေးရုံတစ်မည် လမ်းလျှောက်လျက် ရွတ်ဖတ်ရပါတော့၏။ ဤကား စာရေးသူ၏ ခန္ဓာကိုယ်သည် စက်ရုပ်သဖွယ် ယန္တရားလည်ပတ်နေပုံ ဖြစ်ပါသည်။

အိပ်ချိန်ကာလ ပျမ်းမျှအားဖြင့် နေ့တစ်နာရီ ညငါးနာရီအားဖြင့် ခြောက်နာရီ သတ်မှတ်ထားသော်လည်း လေးနာရီသာ အိပ်ရသည့် နေ့ရက်မျိုးရှိသလို တစ်မှေးမျှ မအိပ်စက်လိုက်ရသည့် နေ့ရက်မျိုးလည်း ရှိပါသည်။ မဘသ ညီလာခံ ကျင်းပသည့်အခါ ညဉ့်နက်သည်အထိ ဆွေးနွေးရသဖြင့် တစ်ရက်မှာ လေးနာရီသာ အိပ်စက်ရသည့်အခါမျိုးနှင့် အတုမရှိဂျာနယ်လ် ဖောင်ပိတ်ရက်မှာ အချိန်မီ ပြီးနိုင်ရေးအတွက် အနီးကပ် ကြည့်ကြပ်ရသဖြင့် တစ်စက်ကလေးမျှ မအိပ်လိုက်ရသည့် နေ့ရက်မျိုးပင် ဖြစ်ပါသည်။ တစ်ခု ကံကောင်းသည်မှာ ခေါင်းချလျှင် အိပ်ပျော်တတ်သည့် အလေ့ပင်။ အလုပ်လုပ်၍ မရသည့်အခါမျိုး၌ ငုတ်တုတ်လည်း အိပ်ပျော်ပါသည်။ ထို့ကြောင့် လေယာဉ်ပေါ်မှာ၊ ကားပေါ်မှာ၊ ယုတ်စွအဆုံး ထော်လာဂျီပေါ်မှာပင် ပျော်အောင်အိပ်နိုင်ပါသည်။ အခမ်းအနားများ တက်ရလျှင်လည်း စက်တီပေါ်မှာ အိပ်ပျော်နေတတ်ပါသည်။ ထိုကျေးဇူးကြောင့် ကျန်းမာရေး ကောင်းမွန်နေခြင်း ဖြစ်ပါမည်။ အိပ်မပျော်ကြသူများထံမှ ညည်းသံကြားရလျှင် အိပ်ပျော်နည်းများ ပေးတတ်ပါသည်။ ကိုယ်ပင်ပန်းရမည်။ စိတ်အေးချမ်းရမည်။ ဤနှစ်ချက်ပြည့်စုံလျှင် ခေါင်းချလိုက်သည်နှင့် အိပ်ပျော်မည်ဟူ၍လည်း သြဝါဒ ပေးတတ်ပါသည်။ မှန်ပါသည်။ ကိုယ်ပင်ပန်းစွာ အလုပ်လုပ်သူများ ခြေပစ်လက်ပစ် အိပ်ပျော်တတ်ကြပါသည်။ စိတ်အေးချမ်းသည့် ယောဂီများ နှစ်ခြိုက်စွာ အိပ်ပျော်တတ်ကြပါသည်။ စာရေးသူလည်း ထို့အတူပင် အလုပ်ပင်ပန်းသည့်အပြင် ပရိတ်ရွတ်သည့်အခါ ကျန်းမာရေး လေ့ကျင့်ခန်းပါ လုပ်ပြီးသားဖြစ်အောင် ကိုယ်လက်လှုပ်ရှား စင်္ကြံသွားပါသည်။ နေ့စဉ် သုံးကြိမ်ရွတ်ဖတ်ပူဇော်ရသော သမာဓိတန်ခိုးကြောင့် စိတ်အေးချမ်းမှု ရှိပါသည်။ ထိုအကြောင်း နှစ်ချက်ကြောင့် အိပ်မပျော်သည့်ဝေဒနာမျိုး မခံစားရခြင်း ဖြစ်ပါမည်။

စိတ်ရှုပ်ရသည့် စီးပွားရေးလုပ်ငန်းမျိုး လုပ်ကိုင်နေရသည့် စီးပွားရေးသမားများကား ကာယလုပ်သားများကဲ့သို့ ခန္ဓာကိုယ်မပင်ပန်းကြပါ။ သက်သောင့်သက်သာ လုပ်ကိုင်ရသည်က များသဖြင့် ကိုယ်ပင်ပန်းခြင်း၊ စိတ်အေးချမ်းခြင်းတည်းဟူသော အိပ်ပျော်ခြင်း လက္ခဏာနှစ်ရပ်လုံး မပြည့်စုံကြပါ။ ထို့ကြောင့် အိပ်ဆေးများ မှီဝဲကာ အိပ်ဆေးများကိုသာ အားကိုးနေရပါတော့၏။ နောင်အခါ အိပ်ဆေးများလည်း လုံးဝ မတတ်နိုင်သည့်အဆင့်ထိရောက်ကာ စိတ်ရောဂါများ ခံစားရပါတော့သည်။ ကိုယ်ချမ်းသာသော်လည်း စိတ်မချမ်းသာသည့် သူဌေးသူကြွယ်ဘဝကား သနားစရာပင်။

အိပ်ရာဝင်ချိန်တွင် အိပ်ပျော်ချင်သော်လည်း(အိပ်ချင်ပါလျက်) အိပ်မပျော်ကြသည့် ဒကာ ဒကာမများနှင့် တွေ့လျှင် ပင်ပန်းအေးချမ်းနည်းလမ်းလေးကို လက်တွေ့ လုပ်ခိုင်းပါသည်။ တစ်ချိန်တည်း တစ်ပြိုင်တည်း၌ ကိုယ်လည်း ပင်ပန်းမည် စိတ်လည်း အေးချမ်းမည်ဆိုသည့်နည်းကား လမ်းလျှောက်၍ ပုတီးစိပ်နည်း ဂုဏ်တော်ပွားနည်းပင် ဖြစ်ပါသည်။ ညောင်းလာသည်အထိ လမ်းလျှောက်ပါ။ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေစဉ် ပုတီးစိပ်ပါ။ ပုတီးလုံးတိုင်းမှာ စိတ်နှစ်ထားပါ။ အာရုံနှင့်စိတ် တည့်နေတန်းနေပါစေ။ ဘုရားအာရုံယူလိုက် ဂုဏ်တော်ပွားလိုက် လမ်းလျှောက်လိုက်လုပ်သောအားဖြင့်ကျန်းမာရေးနှင့် ဘာသာတရား အလုပ်နှစ်မျိုးလုံးကို တစ်ပြိုင်တည်း လုပ်ပြီးသား ဖြစ်သွားပါသည်။ ဂုဏ်တော်သမာဓိ တက်လာသည်နှင့်အမျှ စိတ်တည်ငြိမ်လာပါမည်။ စိတ်တည်ငြိမ်လျှင် စိတ်ကြည်လင်လာပါမည်။ စိတ်ကြည်လင်လျှင် စိတ်အေးချမ်းလာပါမည်။ ခန္ဓာကိုယ်က ပင်ပန်းနေသောကြောင့် အနားယူဖို့ တောင့်တလာသလို စိတ်ထဲမှာ ဝင်လာသည့် သမာဓိကြောင့် တည်ငြိမ်လာသည့် စိတ်ကလည်း အာရုံထွေပြား မသွားလာလိုတော့ပါ။ ထို့ကြောင့် မကြာမီပင် အိပ်ပျော်သွားပါတော့သည်။ ထိုထက်ပို၍ သမာဓိကောင်းလာလျှင် ခေါင်းချလိုက်သည်နှင့် အိပ်ပျော်သွားပါလိမ့်မည်။ ထိုမှတစ်ဆင့် ထိုင်လျက် အိပ်ပျော်သွားခြင်းမျိုး၊ အလုပ်တန်းလန်းဖြင့် အိပ်ငိုက်သွားခြင်းမျိုးပင် ကြုံရပါလိမ့်မည်။

ခန္ဓာကိုယ်ကို ပင်ပန်းအောင် ခိုင်းပါ။
စိတ်ကို အေးချမ်းအောင်ထားပါ။
အိပ်ဆေးမလိုဘဲ အိပ်ပျော်ပါလိမ့်မည်။
ဤကား စာရေးသူ၏ အိပ်နည်းဖော်မြူလာ ဖြစ်ပါသည်။

စာရေးသူသည် စင်္ကာပူခေါင်းဆောင်ကြီး လီကွမ်ယု၏ ကိုယ်တိုင်ရေး မှတ်တမ်းစာအုပ်ကြီး ဖတ်ဖူးပါသည်။ သူလည်း စိတ်ဖိစီးမှုများသဖြင့် အိပ်ဆေးသောက်၍ အိပ်ရကြောင်း ရေးထားပါသည်။ မိတ်ဆွေတစ်ဦး၏ တိုက်တွန်းမှုကြောင့် တရားထိုင်ဖြစ်ရာမှ အိပ်ဆေးမလိုအပ်တော့ကြောင်း၊ အစပိုင်းတွင်သာ ထိုင်ရသည်မှာ ခက်ခဲကြောင်း နေ့စဉ် နာရီဝက်မှ တစ်နာရီထိ အမြဲထိုင်ကြောင်း၊ ဓမ္မရသ (တရားအရသာ)ကို ကောင်းစွာ ခံစားခဲ့ရကြောင်း ရေးသားထားပါသည်။ တရားထိုင်လျှင် စိတ်တည်ငြိမ်ပါသည်။ စိတ်တည်ငြိမ်လျှင် စိတ်ကို ဆော့ကစားတတ်သော ဥဒ္ဓစ္စ တရားဆိုးများ ဝင်မလာဝံ့ပါ။ ၎င်းဥဒ္ဓစ္စက စိတ်ကို အိပ်မပျော်အောင် အာရုံရှိသမျှ လိုက်ပို့တတ်ပါသည်။ တွေ့မိရာရာ စွဲမိသွားလျှင် အိပ်မရတော့ပါ။ ထို့ကြောင့် သမာဓိတရား အရေးကြီးပါသည်။ သမာဓိလုပ်ငန်းများ လုပ်စေချင်ပါသည်။ သမာဓိမြဲလျှင် စားကောင်းခြင်း၊ အိပ်ကောင်းခြင်း၊ တွေးကောင်းခြင်း၊ ရေးကောင်းခြင်း၊ အဆုံးအဖြတ် မှန်ကန်ခြင်း အကျိုးတရားများကို ခံစားရပါသည်။
လူသားအားလုံး ချမ်းသာစွာ အိပ်စက်နိုင်ပါစေ။

အိပ်စက်အနားယူခြင်း ပြီးပါပြီ။

ဝီရသူ(မစိုးရိမ်)
26.5.2020