သတင္း

ကရင္တုိင္းရင္းသူတုိင္းရင္းသားမ်ား လာေရာက္ဖူးေျမာ္

ေတာ္သလင္းလဆုတ္ ၁၄ ရက္ (8.10.2018)ရက္ေန႔၊ မနက္ ၈း၀၀ နာရီ၊ မႏၲေလးၿမဳိ႕၊ မစိုးရိမ္တုိက္သစ္၊ ဓမၼသဟာယေက်ာင္းသုိ႔ လာေရာက္ၾကတာပါ။ ဦးေဆာင္သူကေတာ့ ေကာ့ကရိတ္ၿမဳိ႕နယ္၊ နဘူးေက်းရြာ၊ ေအာင္သိဒၶိေက်ာင္းဆရာေတာ္ ဦးဝိလာသ ျဖစ္ပါတယ္။ မစုိးရိမ္တုိက္သစ္၊ ဓမၼဂါရဝေက်ာင္းမွာ က်င္းပမည့္ ဒီဃဒႆီသာမေဏေက်ာ္ စာေအာင္ဆုႏွင္းသဘင္လာရင္း စာေရးသူထံ ဝင္ေရာက္ကန္ေတာ့ၾကတာပါ။

ဆရာေတာ္ ဦးဝိလာသက မဘသဆရာေတာ္ျဖစ္ၿပီး ဒကာ ဒကာမမ်ားကေတာ့ အခုမွပဲ ဆံုဖူးတာပါ။ တုိင္းရင္းသူတိုင္းရင္းသားေတြ အေဝးႀကီးမွ လာဖူးတာျဖစ္လုိ႔ ၾသဝါဒတရား ေဟာၾကားခဲ့ပါတယ္။

နေမာတႆတရားေတာ္ပါ။
နေမာတႆ ရြတ္ပြားပါ၊ ေဘးရန္ကင္းလို႔ခ်မ္းသာမွာ။
ေဘးကင္းလံုၿခဳံ ျပည့္စံုဖုိ႔၊ နေမာတႆရြတ္ၾကစို႔။
စာေရးသူ ႏွစ္ေပါင္းသံုးဆယ္ေက်ာ္ သုေတသနျပဳၿပီး အႀကိမ္ႀကိမ္စမ္းသပ္ရာ ရာခုိင္ႏႈန္းျပည္ေအာင္ျမင္ခဲ့တဲ့ နေမာတႆအေဆာင္ေတာ္ျဖစ္ပါတယ္။
တုိင္းရင္းသူတုိင္းရင္းသားမ်ား ဝမ္းသာအားရ ေက်းဇူးတင္မဆံုး တၿပဳံးၿပဳံးနဲ႔ အားရေက်နပ္ေနၾကပါတယ္။

“ကရင်တိုင်းရင်းသူတိုင်းရင်းသားများ လာရောက်ဖူးမြော်”

တော်သလင်းလဆုတ် ၁၄ ရက် (8.10.2018)ရက်နေ့၊ မနက် ၈း၀၀ နာရီ၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းသို့ လာရောက်ကြတာပါ။ ဦးဆောင်သူကတော့ ကော့ကရိတ်မြို့နယ်၊ နဘူးကျေးရွာ၊ အောင်သိဒ္ဓိကျောင်းဆရာတော် ဦးဝိလာသ ဖြစ်ပါတယ်။ မစိုးရိမ်တိုက်သစ်၊ ဓမ္မဂါရဝကျောင်းမှာ ကျင်းပမည့် ဒီဃဒဿီသာမဏေကျော် စာအောင်ဆုနှင်းသဘင်လာရင်း စာရေးသူထံ ဝင်ရောက်ကန်တော့ကြတာပါ။

ဆရာတော် ဦးဝိလာသက မဘသဆရာတော်ဖြစ်ပြီး ဒကာ ဒကာမများကတော့ အခုမှပဲ ဆုံဖူးတာပါ။ တိုင်းရင်းသူတိုင်းရင်းသားတွေ အဝေးကြီးမှ လာဖူးတာဖြစ်လို့ သြဝါဒတရား ဟောကြားခဲ့ပါတယ်။

နမောတဿတရားတော်ပါ။
နမောတဿ ရွတ်ပွားပါ၊ ဘေးရန်ကင်းလို့ချမ်းသာမှာ။
ဘေးကင်းလုံခြုံ ပြည့်စုံဖို့၊ နမောတဿရွတ်ကြစို့။
စာရေးသူ နှစ်ပေါင်းသုံးဆယ်ကျော် သုတေသနပြုပြီး အကြိမ်ကြိမ်စမ်းသပ်ရာ ရာခိုင်နှုန်းပြည်အောင်မြင်ခဲ့တဲ့ နမောတဿအဆောင်တော်ဖြစ်ပါတယ်။
တိုင်းရင်းသူတိုင်းရင်းသားများ ဝမ်းသာအားရ ကျေးဇူးတင်မဆုံး တပြုံးပြုံးနဲ့ အားရကျေနပ်နေကြပါတယ်။