ပြည်ထောင်စုအစိုးရ ဘယ်လိုဖြေရှင်းမလဲ
Weekly Eleven သတင်းစာဆရာ သုံးဦး အဖမ်းခရတာနဲ့ပတ်သက်ပြီး ပြည်ထောင်စုအစိုးရ ဘယ်လိုဖြေရှင်းမလဲ သိချင်ပါတယ်။ အမှိုက်ကစ ပြဿာဒ်မီးလောင်ဆိုသလို ရန်ကုန်တိုင်းဝန်ကြီးချုပ်ကိုမကျေနပ်ရာမှ ပြဿနာကြီးထွားသွားနိုင်ပါတယ်။ လုပ်ငန်းချင်းတူပေမယ့် စေတနာချင်းမတူကြပါဘူး။ ပြီးခဲ့တဲ့ ရိုက်တာသတင်းသမားတွေကိစ္စမှာ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပါတီလူကြီးတွေထံမှ ဘာသံမျှ မကြားရပေမယ့် ဒီတစ်ခါတော့ ပွက်လောညံပါပြီ။ ဒေါ်စန္ဒာမင်းက သတင်းသမားများရေးသားမှု အမှားမပါရှိပြောသလို ဦးကျော်ဇေယျကလည်း အမှားမတွေ့ရဘူးလို့ပြောပါတယ်။ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှစ်ဦးရဲ့ သဘောထားက ပြတ်သားကြောင်း ပြသနေပါတယ်။ ဗဟိုပြန်ကြားရေး မုံရွာဦးအောင်ရှင်ကလည်း သတင်းသမားများကို ဖမ်းဆီးမှုအပေါ်ကန့်ကွက်ကြောင်းနှင့် ဝမ်းနည်းစရာကောင်းကြောင်း တရားဝင်ပြောကြားလာသလို ဒီချုပ်ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကလည်း သတင်းမီဒီယာကောင်စီကနေတုန့်ပြန်တာပဲဖြစ်ဖြစ် ခေါ်ယူဆွေးနွေးတာပဲဖြစ်ဖြစ် ပြုလုပ်တာက ပိုသင့်တော်ကြောင်း လူသိရှင်ကြား ...
ကရင်တိုင်းရင်းသူတိုင်းရင်းသားများ လာရောက်ဖူးမြော်
တော်သလင်းလဆုတ် ၁၄ ရက် (8.10.2018)ရက်နေ့၊ မနက် ၈း၀၀ နာရီ၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းသို့ လာရောက်ကြတာပါ။ ဦးဆောင်သူကတော့ ကော့ကရိတ်မြို့နယ်၊ နဘူးကျေးရွာ၊ အောင်သိဒ္ဓိကျောင်းဆရာတော် ဦးဝိလာသ ဖြစ်ပါတယ်။ မစိုးရိမ်တိုက်သစ်၊ ဓမ္မဂါရဝကျောင်းမှာ ကျင်းပမည့် ဒီဃဒဿီသာမဏေကျော် စာအောင်ဆုနှင်းသဘင်လာရင်း စာရေးသူထံ ဝင်ရောက်ကန်တော့ကြတာပါ။ ဆရာတော် ဦးဝိလာသက မဘသဆရာတော်ဖြစ်ပြီး ဒကာ ဒကာမများကတော့ အခုမှပဲ ဆုံဖူးတာပါ။ တိုင်းရင်းသူတိုင်းရင်းသားတွေ အဝေးကြီးမှ လာဖူးတာဖြစ်လို့ သြဝါဒတရား ဟောကြားခဲ့ပါတယ်။ နမောတဿတရားတော်ပါ။ နမောတဿ ရွတ်ပွားပါ၊ ဘေးရန်ကင်းလို့ချမ်းသာမှာ။ ဘေးကင်းလုံခြုံ ပြည့်စုံဖို့၊ နမောတဿရွတ်ကြစို့။ ...
မုဒိတာရပ်ဝန်း (ဝီရသူဖောင်ဒေးရှင်းအလှူတော်-၂၄)
ဝီရသူဖောင်ဒေးရှင်းအတွက် အမရပူရမြို့  ကွမ်းဆွဲရပ် ဦးမိုးကို+ဒေါ်ခိုင်မာဝင်း (သမီး) မခင်ဇာခြည်ဝင်း (MK ကျောက်မျက်ရတနာရောင်းဝယ်ရေး) မိသားစုတို့က အောက်တိုဘာလအတွက် အလှူငွေ ၁၀၀၀၀၀၀ိ (တစ်ဆယ်သိန်းကျပ်) လှူဒါန်းပါသည်။ (27.9.2018) ယခုဆိုလျှင် ၁။ ပြင်သစ်နိုင်ငံနေ ကိုအောင်သက်ပိုင်+မကေခိုင်ဌေး မိသားစု အလှူငွေ ၁၅၀၀၀၀ ကျပ်၊ ၂။ အမရပူရမြို့  ကွမ်းဆွဲရပ် ဦးမိုးကို+ဒေါ်ခိုင်မာဝင်း (သမီး) မခင်ဇာခြည်ဝင်း (MK ကျောက်မျက်ရတနာရောင်းဝယ်ရေး) မိသားစုတို့က စက်တင်ဘာလအတွက် အလှူငွေ ၁၀သိန်းကျပ်၊ ၃။ ကိုဇော်ဇော်ထွန်း+မတင်တင်မြိုင်၊ သား-ထူးမြတ်ဇေယျာ၊ ...
မုဒိတာရပ်ဝန်း (ဝီရသူဖောင်ဒေးရှင်းအလှူတော်-၂၃)
ဝီရသူဖောင်ဒေးရှင်းအတွက် အမရပူရမြို့၊ တောင်ကြီးရပ်၊ ဦးဝင်းမောင်ဦး+ဒေါ်စန်းစန်းမြင့် (MK ကျောက်မျက်ရတနာ)မိသားစုမှ အလှူငွေ ၁၀၀၀၀၀ိ (တစ်သိန်းကျပ်) လှူဒါန်းပါသည်။ (27.9.2018) ယခုဆိုလျှင် ၁။ ပြင်သစ်နိုင်ငံနေ ကိုအောင်သက်ပိုင်+မကေခိုင်ဌေး မိသားစု အလှူငွေ ၁၅၀၀၀၀ ကျပ်၊ ၂။ အမရပူရမြို့  ကွမ်းဆွဲရပ် ဦးမိုးကို+ဒေါ်ခိုင်မာဝင်း (သမီး) မခင်ဇာခြည်ဝင်း (MK ကျောက်မျက်ရတနာရောင်းဝယ်ရေး) မိသားစုတို့က စက်တင်ဘာလအတွက် အလှူငွေ ၁၀သိန်းကျပ်၊ ၃။ ကိုဇော်ဇော်ထွန်း+မတင်တင်မြိုင်၊ သား-ထူးမြတ်ဇေယျာ၊ သမီး-သိင်္ဂီဝင့်ဇော်၊ ကျောက်ဝိုင်း၊ မဟာအောင်မြေမြို့နယ်၊ မန္တလေး မိသားစုက ...
မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၃၅၆
မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် ကျိုက်လတ်မြို့နယ်၊ ကိုရဲကျော်စွာ+မဇင်မာလှိုင် မိသားစုမှ အလှူငွေ ၁၀၀၀၀၀ိ (တစ်သိန်းကျပ်) လှူဒါန်းစဉ်။ (10.10.2018) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်၊ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ ထိုင်းနိုင်ငံ မြန်မာပရဟိတအဖွဲ့များမှ လှူဒါန်းငွေ ...
ကျောက်ချောကျူရှင်ကျောင်းသို့အလည်တစ်ခေါက်-(၂)
တော်သလင်းလပြည့်ကျော် ၈ ရက် (2.10.2018 ရက်နေ့၊ ည ၇း၀၀ နာရီ၊ ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာ၊ ပညာဒါနကျူရှင်ကျောင်းသို့ ရောက်ရှိခဲ့ပါတယ်။ 1.10.2018 ရက်နေ့မှစပြီး ညဂိုက်တန်းဖွင်လှစ်ထားတာကို သွားရောက်ကြည့်ရှုတာပါ။ ၉-၁၀ တန်း ကျောင်းသူကျောင်းသားတွေ စိတ်ပါလက်ပါ စာကျက်နေကြသလို ဂိုက်ဆရာ ဆရာမတွေကလည်း အားတက်သရော သင်ကြားပေး ပြသပေး နားထောင်ပေးနေတာတွေရပါတယ်။ကျောင်းအုပ်ဆရာတော်လေး ဦးဣန္ဒက(M.A) ကျောင်းအုပ်ဆရာမကြီးဒေါ်ဌေးဌေးမြင့် (မြို့နယ်ပညာရေး-ငြိမ်း)နှင့် ပထဝီ/အီကိုပြ ဆရာကြီးဦးအေးနိုင်တို့လည်း အစစအရာရာ စောင့်ရှောက်ကြီးကြပ်နေကြပါတယ်။ မိဘဆရာအသင်းမှ အလှည့်ကျမိဘများကလည်း လာရောက်စောင့်ရှောက်ကြပါတယ်။ စာရေးသူကတော့ နှစ်ပေါင်းရာကျော်ရှိပြီဖြစ်တဲ့ သရက်ပင်ကြီးအောက်မှာ မဟာသမယသုတ်တော် (၇)သုတ် ...