မန်းမဟော်သဓာသတင်း
“ကျောက်ချောကျူရှင်ကျောင်းသို့အလည်တစ်ခေါက်-(၂)”
တော်သလင်းလပြည့်ကျော် ၈ ရက် (2.10.2018 ရက်နေ့၊ ည ရး၀၀ နာရီ၊ ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာ၊ ပညာဒါနကျူရှင်ကျောင်းသို့ ရောက်ရှိခဲ့ပါတယ်။ 1.10.2018 ရက်နေ့မှစပြီး ညဂိုက်တန်းဖွင်လှစ်ထားတာကို သွားရောက်ကြည့်ရှုတာပါ။
၉-၁၀ တန်း ကျောင်းသူကျောင်းသားတွေ စိတ်ပါလက်ပါ စာကျက်နေကြသလို ဂိုက်ဆရာ ဆရာမတွေကလည်း အားတက်သရော သင်ကြားပေး ပြသပေး နားထောင်ပေးနေတာတွေရပါတယ်။ ကျောင်းအုပ်ဆရာတော်လေး ဦးဣန္ဒက(M.A) ကျောင်းအုပ်ဆရာမကြီးဒေါ်ဌေးဌေးမြင့် (မြို့နယ်ပညာရေး-ငြိမ်း)နှင့် ပထဝီ/အီကိုပြ ဆရာကြီးဦးအေးနိုင်တို့လည်း အစစအရာရာ စောင့်ရှောက်ကြီးကြပ်နေကြပါတယ်။ မိဘဆရာအသင်းမှ အလှည့်ကျမိဘများကလည်း လာရောက်စောင့်ရှောက်ကြပါတယ်။
စာရေးသူကတော့ နှစ်ပေါင်းရာကျော်ရှိပြီဖြစ်တဲ့ သရက်ပင်ကြီးအောက်မှာ မဟာသမယသုတ်တော် (၇)သုတ် ရွတ်ဖတ်သရဇ္ဈာယ်ရင်း နတ်ဒေဝါတွေ အမျှအတန်းပေးဝေကာ တိုင်တည်သစ္စာဆိုပါတယ်။ မိုးလေးအေးအေး လေလေးတဖြူးဖြူးနဲ့ အင်မတန်အရသာရှိတဲ့ မင်္ဂလာညချမ်းလေးပါပဲ။