သတင္း

ကိုေဆြဝင္း၏ေရွ႕ေနမႀကီး ေဒၚရြက္ႏုေအာင္ သိေစရန္

ဦးဝီရသူ၏ ေရွ႕ေနႀကီး ဦးေဇာ္ဝိတ္ကလည္း တရားရံုးမွာ ေခ်ပခဲ့ၿပီးပါၿပီ။ က်င့္ထံုးဥပေဒ ၅၀၃ နဲ႔ လံုးဝ မဆုိင္ပါဘူး။ ၅၀၃ က ခရိုင္ရာဇဝတ္တရားသူႀကီးထံ ခြင့္ေတာင္းဖုိ႔ ျပ႒ာန္းခ်က္ပါ။ ၅၀၆ က ခရိုင္ရာဇာဝတ္တရားသူႀကီးမွအပ အျခားရာဇဝတ္တရားသူႀကီး တစ္ဦးဦးထံ ခြင့္ေတာင္းဖုိ႔ ျပ႒ာန္းခ်က္ပါ။

ျပ႒ာန္းခ်က္ထဲမွာ မည္သည့္အခ်ိန္အခါတြင္မဆိ္ု တရားေျဖာင့္မွန္ေရးအတြက္ သက္ေသတစ္ဦး၏ သက္ေသခံခ်က္လိုအပ္သျဖင့္ ထုိသက္ေသအား ေကာ္မရွင္စာထုတ္ဆင့္၍ စစ္ေမးသင့္သည္ဟု ယူဆေသာအခါ၊ ထုိ႔အျပင္ အဆုိပါသက္ေသလာေရာက္ျခင္း ၾကန္႔ၾကာမႈ၊ စရိတ္စကကုန္က်မႈ၊ သို႔မဟုတ္ အဆင္မေျပမႈမရွိဘဲ မရရွိႏိုင္ဟု ယူဆေသာအခါ၊ အဆိုပါ ရာဇဝတ္တရားသူႀကီးသည္ အက်ဳိးအေၾကာင္းေဖာ္ျပလ်က္ ခရိုင္ရာဇဝတ္တရားသူႀကီးထံ ေလွ်ာက္ထားရမည္။
ခရုိင္ရာဇဝတ္တရားသူႀကီးသည္ အထက္ကျပ႒ာန္းထားေသာ နည္းလမ္းအတုိင္း ေကာ္မရွင္စာ ထုတ္ဆင့္ႏိုင္သည္။ သို႔မဟုတ္ ေလွ်ာက္ထားခ်က္ကို ပယ္ႏုိင္သည္လုိ႔ ျပ႒ာန္းထားတာ ပါပါတယ္။

“တရားေျဖာင့္မွန္ေရးအတြက္ သက္ေသတစ္ဦး၏ သက္ေသခံခ်က္လိုအပ္သျဖင့္ ထုိသက္ေသအား ေကာ္မရွင္စာထုတ္ဆင့္၍ စစ္ေမးသင့္သည္ဟု ယူဆေသာအခါ”
ဒါေလးကိုပဲ ၾကည့္လုိက္ပါ။ ေစာ္ကားခံရသူ ဦးဝီရသူက အဓိကသက္ေသျဖစ္ပါတယ္။ ထြက္ဆုိဖုိ႔ ၾကန္႔ၾကာေနတာလည္း ေတြ႔ရမွာပါ။ ဒါဆိုရင္ ၅၀၆ နဲ႔ ညီေနၿပီ မဟုတ္ဘူးလား။

ဒီလုိညီေနပါလ်က္နဲ႔ အာမခံေပးခဲ့သူႀကီးက ပယ္လုိက္မယ္ဆုိရင္လည္း ပယ္ေပါ့ဗ်ာ။
သမုိင္းမွာ အမဲစက္ စြန္းထင္း က်န္ရစ္ေနရံုပဲေပါ့။ က်ဳပ္တုိ႔ကေတာ့ ေနျပည္ေတာ္အထိ တက္မယ္ဗ်ာ။

ကိုေဆြဝင္းေရ…
ျမန္ျမန္ၿပီးခ်င္ရင္ ျမန္ျမန္လာခဲ့ပါေနာ္။
ဝီရသူ(မစိုးရိမ္)
4.1.2019

10:10 PM

ရာဇဝတ္က်င့္ထုံးဥပေဒပုဒ္မ ၅၀၃က ခရိုင္ရာရာဇဝတ္တရားသူျကီးက ေကာ္မရွင္ခန္႔အပ္ဖို့ ေပးတာပါ။ ၅၀၆က ခရိုင္ရာဇဝတ္တရားသူျကီးေအာက္က ရာဇဝတ္တရားသူျကီးေတြ ေကာ္မရွင္ခန္အပ္ဖို့ လိုရင္ထပ္ဆင္တင္ျပရမဲ့ လုပ္ထုံးလုပ္နည္းပါ။

အဓိကက တရားေျဖာင္မွန္ေရးအတြက္ သက္ေသတစ္ဥိး၏ သက္ေသခံခ်က္ လိုအပ္သျဖင့္ ထိုသက္ေသအား ေကာ္မရွင္စာထုတ္ဆင့္၍ စစ္ေမးသင့္သည္ဟု ယူဆလ်ွင္ ဆိုတဲ့ တရားသူျကီး၏ဆင္ျခင္တုံတရားက အဓိကပါ။ က်န္တာကေတာ့ အေျကာင္းအရာျဖစ္ျပီး အဆင္မေျပမူမရိွဘဲ ဆိုတဲ့အပိုင္းက က်ယ္က်ယ္ဝန္းဝန္းေတြးနိူင္ေအာင္ ျပ႒ာန္းေပးတဲ့သေဘာပါ။ မ်ားေသာအားျဖင့္ ရဟန္းသံဃာ ဂုဏ္သေရရိွလူတန္းစားႏွင့္ က်န္းမာေရး မေကာင္းတဲ့သူေတြကို ဟိုအရင္က ေကာ္မရွင္နာခန့္စစ္ပါတယ္။ တရားမမူေတြ စာခ်ဳပ္ရံုးေတြမွာလည္း ဒီမူသေဘာတရားကိုသုံးျကပါတယ္။

သက္ေတာ္၇၅ႏွစ္ ဝါေတာ္၅၇ဝါရိွျပီး ဖ်ာပုံျမိဳ၌ ဂုိဏ္းခ်ဳပ္ဆရာေတာ္ျကီးျဖစ္၍ သာသနာေရးကိစၥအဝဝကို ဦးေဆာင္မူေပး၍ ေဆာင္ရႊက္ေနရေသာ ဆရာေတာ္အား ဖ်ာပုံျမိဳမွ ရန္ကုန္ျမိဳ့သို့ ကိုယ္တိုင္လာေရာက္ျပီး ရံုးေရွတြင္သက္ေသခံျခင္းထက္ ေကာ္မရွင္ျဖင့္စစ္ေဆးျခင္းသည္ ဥပေဒႏွင့္ညီညြတ္ေပလိမ့္မည္ (ေဒၚစန္းႏွင့္ ဦးသိန္းေမာင္ ၁၉၇၈ မတစ ၂၉)မွာ ဆုံးျဖတ္ထုံး ျပဳထားပါတယ္။

ဦးေဇာ္ဝိတ္(တရားလႊတ္ေတာ္ေရွ႕ေန)

“ကိုဆွေဝင်း၏ရှေ့နေမကြီး ဒေါ်ရွက်နုအောင် သိစေရန်”

ဦးဝီရသူ၏ ရှေ့နေကြီး ဦးဇော်ဝိတ်ကလည်း တရားရုံးမှာ ချေပခဲ့ပြီးပါပြီ။
ကျင့်ထုံးဥပဒေ ၅၀၃ နဲ့ လုံးဝ မဆိုင်ပါဘူး။
၅၀၃ က ခရိုင်ရာဇဝတ်တရားသူကြီးထံ ခွင့်တောင်းဖို့ ပြဋ္ဌာန်းချက်ပါ။
၅၀၆ က ခရိုင်ရာဇာဝတ်တရားသူကြီးမှအပ အခြားရာဇဝတ်တရားသူကြီး တစ်ဦးဦးထံ ခွင့်တောင်းဖို့ ပြဋ္ဌာန်းချက်ပါ။

ပြဋ္ဌာန်းချက်ထဲမှာ မည်သည့်အချိန်အခါတွင်မဆို တရားဖြောင့်မှန်ရေးအတွက် သက်သေတစ်ဦး၏ သက်သေခံချက်လိုအပ်သဖြင့် ထိုသက်သေအား ကော်မရှင်စာထုတ်ဆင့်၍ စစ်မေးသင့်သည်ဟု ယူဆသောအခါ၊ ထို့အပြင် အဆိုပါသက်သေလာရောက်ခြင်း ကြန့်ကြာမှု၊ စရိတ်စကကုန်ကျမှု၊ သို့မဟုတ် အဆင်မပြေမှုမရှိဘဲ မရရှိနိုင်ဟု ယူဆသောအခါ၊ အဆိုပါ ရာဇဝတ်တရားသူကြီးသည် အကျိုးအကြောင်းဖော်ပြလျက် ခရိုင်ရာဇဝတ်တရားသူကြီးထံ လျှောက်ထားရမည်။
ခရိုင်ရာဇဝတ်တရားသူကြီးသည် အထက်ကပြဋ္ဌာန်းထားသော နည်းလမ်းအတိုင်း ကော်မရှင်စာ ထုတ်ဆင့်နိုင်သည်။
သို့မဟုတ် လျှောက်ထားချက်ကို ပယ်နိုင်သည်လို့ ပြဋ္ဌာန်းထားတာ ပါပါတယ်။

“တရားဖြောင့်မှန်ရေးအတွက် သက်သေတစ်ဦး၏ သက်သေခံချက်လိုအပ်သဖြင့် ထိုသက်သေအား ကော်မရှင်စာထုတ်ဆင့်၍ စစ်မေးသင့်သည်ဟု ယူဆသောအခါ”
ဒါလေးကိုပဲ ကြည့်လိုက်ပါ။
စော်ကားခံရသူ ဦးဝီရသူက အဓိကသက်သေဖြစ်ပါတယ်။
ထွက်ဆိုဖို့ ကြန့်ကြာနေတာလည်း တွေ့ရမှာပါ။
ဒါဆိုရင် ၅၀၆ နဲ့ ညီနေပြီ မဟုတ်ဘူးလား။

ဒီလိုညီနေပါလျက်နဲ့ အာမခံပေးခဲ့သူကြီးက ပယ်လိုက်မယ်ဆိုရင်လည်း ပယ်ပေါ့ဗျာ။
သမိုင်းမှာ အမဲစက် စွန်းထင်း ကျန်ရစ်နေရုံပဲပေါ့။
ကျုပ်တို့ကတော့ နေပြည်တော်အထိ တက်မယ်ဗျာ။
ကိုဆွေဝင်းရေ…
မြန်မြန်ပြီးချင်ရင် မြန်မြန်လာခဲ့ပါနော်။
ဝီရသူ(မစိုးရိမ်)
4.1.2019

10:10 PM

ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၀၃က ခရိုင်ရာရာဇဝတ်တရားသူကြီးက ကော်မရှင်ခန့်အပ်ဖို့ ပေးတာပါ။ ၅၀၆က ခရိုင်ရာဇဝတ်တရားသူကြီးအောက်က ရာဇဝတ်တရားသူကြီးတွေ ကော်မရှင်ခန်အပ်ဖို့ လိုရင်ထပ်ဆင်တင်ပြရမဲ့ လုပ်ထုံးလုပ်နည်းပါ။

အဓိကက တရားဖြောင်မှန်ရေးအတွက် သက်သေတစ်ဥိး၏ သက်သေခံချက် လိုအပ်သဖြင့် ထိုသက်သေအား ကော်မရှင်စာထုတ်ဆင့်၍ စစ်မေးသင့်သည်ဟု ယူဆလျှင် ဆိုတဲ့ တရားသူကြီး၏ဆင်ခြင်တုံတရားက အဓိကပါ။ ကျန်တာကတော့ အကြောင်းအရာဖြစ်ပြီး အဆင်မပြေမူမရှိဘဲ ဆိုတဲ့အပိုင်းက ကျယ်ကျယ်ဝန်းဝန်းတွေးနိူင်အောင် ပြဋ္ဌာန်းပေးတဲ့သဘောပါ။ များသောအားဖြင့် ရဟန်းသံဃာ ဂုဏ်သရေရှိလူတန်းစားနှင့် ကျန်းမာရေး မကောင်းတဲ့သူတွေကို ဟိုအရင်က ကော်မရှင်နာခန့်စစ်ပါတယ်။ တရားမမူတွေ စာချုပ်ရုံးတွေမှာလည်း ဒီမူသဘောတရားကိုသုံးကြပါတယ်။

သက်တော်၇၅နှစ် ဝါတော်၅၇ဝါရှိပြီး ဖျာပုံမြို၌ ဂိုဏ်းချုပ်ဆရာတော်ကြီးဖြစ်၍ သာသနာရေးကိစ္စအဝဝကို ဦးဆောင်မူပေး၍ ဆောင်ရွှက်နေရသော ဆရာတော်အား ဖျာပုံမြိုမှ ရန်ကုန်မြို့သို့ ကိုယ်တိုင်လာရောက်ပြီး ရုံးရှေတွင်သက်သေခံခြင်းထက် ကော်မရှင်ဖြင့်စစ်ဆေးခြင်းသည် ဥပဒေနှင့်ညီညွတ်ပေလိမ့်မည် (ဒေါ်စန်းနှင့် ဦးသိန်းမောင် ၁၉၇၈ မတစ ၂၉)မှာ ဆုံးဖြတ်ထုံး ပြုထားပါတယ်။
ဦးဇော်ဝိတ်(တရားလွှတ်တော်ရှေ့နေ)