သတင်း




အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (အထက်မြန်မာပြည်)မန္တလေးတိုင်းဒေသကြီး
“သဘောထားကြေညာချက်”

စာအမှတ် ၁ / ၂ဝ၁၉ ရက်စွဲ ၆/ ၁/ ၂ဝ၁၉
(၇၁)ကြိမ်မြောက် လွတ်လပ်ရေးနေ့ဖြစ်သော (၄.၁.၂ဝ၁၉) သောကြာနေ့တွင် AA သောင်းကျန်းသူလက်နက်ကိုင်အဖွဲ့ က နစခ-၃ လက် အောက်ခံ ကျောင်းတောင်ရဲကင်းစခန်း၊ ဂုပ္ပိရဲကင်းစခန်း၊ ခထီးလှရဲကင်းစခန်း၊ ငမြင်းဘော်ရဲကင်းစခန်းတို့ကို သာလွန်အင်အားဖြင့် တပြိုင် နက် ဝင်ရောက်စီးနင်းတိုက်ခိုက်မှုနှင့် အစိုးရဝန်ထမ်း(၈)ဦးတို့ကို ပြန်ပေးဆွဲခြင်းတို့သည် အကြမ်းဖက်အဖွဲ့တို့၏ လုပ်ရပ်ဟု သတ်မှတ်ပြီး ယင်းလုပ်ရပ်ကို အပြင်းအထန် ကန့်ကွက်ရှုတ်ချသည်။ မြန်မာပြည်သူတစ်ရပ်လုံး သူ့ကျွန်ဘဝမှ လွတ်မြောက်ရာ နေ့ထူးနေ့မြတ်ဖြစ်သော လွတ်လပ်ရေးနေ့တွင် နယ်ခြားစောင့် ရဲကင်းစခန်းများကို စီးနှင်း တိုက်ခိုက်ခြင်းသည် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ထိခိုက်စေသည်ဟု မှတ်ယူသည်။ တိုင်းပြည်၏အချုပ်အခြာအာဏာနှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို အသက်ပေး၍ ကာကွယ်စောင့်ရှောက်ခဲ့သော ရဲဝန်းထမ်း (၁၃)ယောက်နှင့် ဒဏ်ရာရ(၉)ဦးတို့အတွက် မိသားစုများနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြောင်း မှတ်တမ်းတင်သည်။ တိုင်းရင်းသားပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရက အပြည့်အဝ တာဝန်ယူပေးရန် အလေးအနက် တိုက်တွန်းသည်။

အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (အထက်မြန်မာပြည်) မန္တလေးတိုင်းဒေသကြီး