သတင္းအင္တာဗ်ဴး

တရားထဲထည့္ေဟာေနရၿပီ ဆိုကတည္းက ဒီအစိုးရ အသုံးမက်လို႔ပဲ

ဆရာေတာ္ဦးဝီရသူနဲ႔အင္တာဗ်ဴးေတြကို ျမန္မာ့ဥဒါန္းဂ်ာနယ္မွာ အပတ္စဥ္ေဖာ္ျပေပးခဲ့ၿပီး ရဟန္း ရွင္လူမ်ားရဲ႕ ႏွစ္ၿခိဳက္သေဘာက်မႈနဲ႔အတူ ေစာင့္ၾကည့္၊ ေစာင့္ဖတ္ရတဲ့ က႑တစ္ခုအေနနဲ႔ ရွင္သန္ အားေကာင္းခဲ့ပါတယ္။

ျမန္မာ့ဥဒါန္းဂ်ာနယ္ကို ရပ္နားထားရခ်ိန္မွာ အမ်ိဳးသားႏုိင္ငံေရးနဲ႔ ပတ္သက္သမွ် ဆရာေတာ္ရဲ႕ ေျပာဆုိမိန္႔ၾကားသံုးသပ္ခ်က္ေတြကို အားလံုးသိရွိႏုိင္ေစဖို႔အတြက္ ဆရာေတာ္နဲ႔ ဆက္သြယ္ ေမးျမန္းထားသမွ်ကို ျပည္ခ်စ္သားဂ်ာနယ္ရဲ႕ စာမ်က္ႏွာမ်ားမွတစ္ဆင့္ ေရးသားေဖာ္ျပေပးလိုက္ပါတယ္။

ဒီတစ္ပတ္မွာေတာ့ ရခိုင္အေရး ေဆြးေႏြးသံုးသပ္ခ်က္မ်ားနဲ႔အတူ ၿငိမ္သက္ေနတဲ့ အမ်ိဳသားေရး လိႈင္းသစ္ လႈပ္ရွားမႈမ်ားကို ဦးစားေပးေမးျမန္းျဖစ္ခဲ့ပါေၾကာင္း။

ေမး- အစၥလာမၼစ္ႏုိင္ငံျခားေရးဝန္ႀကီး ေတြ (အိုအုိင္စီအဖြဲ႕ဝင္ႏုိင္ငံက ဝန္ႀကီးေတြ)က ရခိုင္ျပည္နယ္မွာျဖစ္ေနတဲ့ ဘဂၤါလီကိစၥနဲ႔ ပတ္သက္ၿပီး ျမန္မာႏုိင္ငံကို အေရးယူဖို႔စည္း႐ံုး လႈံ႕ေဆာ္မႈေတြကို ေမလ ၆ ရက္ေန႔က စတင္ ျပဳလုပ္တယ္လို႔ သိရပါတယ္ဘုရား။ အဲဒါနဲ႔ ပတ္သက္ၿပီး ဘာေျပာခ်င္ပါသလဲဘုရား။

ေျဖ – မိန္းမသားအုပ္ခ်ဳပ္တဲ့တုိင္းျပည္ ဆိုၿပီးေတာ့ ဝိုင္းၿပီးေတာ့ အႏုိင္က်င့္ေနၾက တာေပါ့ကြာ။ မိန္းမသားကလည္း တျခား အတိုက္အခံ လုပ္ခဲ့တုန္းကေတာ့ ျပတ္သား ခဲ့ၿပီးေတာ့ ဒီအမ်ိဳးသားေရးက်မွ ေရငံု ႏႈတ္ပိတ္ ေနေနတာဆိုေတာ့ သူတို႔အႏုိင္ က်င့္ဖို႔ အခြင့္ေကာင္းေတြ ရသြားတာေပါ့။ ဟိုအရင္ အစိုးရလို တင္းတင္းရင္းရင္း ေျပာမယ္၊ ျပတ္ျပတ္သားသား ဆက္ဆံမယ္ ဆိုရင္ေတာ့ ဒီလူေတြ ဒီေလာက္အထိ အတင့္ရဲစရာအေၾကာင္း မရွိဘူးေပါ့၊ ကိုယ့္ဘက္က သူတို႔ကို ေၾကာက္သလိုလို ရြံ႕သလိုလိုျဖစ္ေနတာ့ သူတို႔က ဒါကိုပဲ အခြင့္ ေကာင္းယူၿပီး အတင့္ရဲလာၾကတာေပါ့။

ေမး- ဘဂၤါလီကိစၥေျပာရင္ ခိုးဝင္ေတြ အေၾကာင္း မျဖစ္မေနေျပာရမယ္ ဆိုေတာ့ ေမလ ၉ ရက္ေန႔ကပဲ ႀကံခင္းၿမိဳ႕နယ္၊ ခံုႀကီးေက်းရြာ ရခိုင္႐ိုးမအစပ္မွာ ခိုးဝင္ ဘဂၤါလီ ၁ဝ ဦး ဖမ္းမိတယ္လို႔ သတင္းေတြအရ သိရပါတယ္။ ျပည္တြင္းကို ခိုးဝင္ဘဂၤါလီေတြ စိမ့္ဝင္ပ်ံ႕ႏွံ႔ေနတာကို အစိုးရအေနနဲ႔ ဘယ္လို မ်ိဳး ကိုင္တြယ္ေစခ်င္ပါသလဲဘုရား။

ေျဖ – အစိုးရကေတာ့ အဲဒီလို ခိုးဝင္ ေအာင္ကို လုပ္ႏုိင္သမွ် လုပ္ေပးခဲ့သလားလို႔ ေတြးစရာရွိတာေတြ အမ်ားႀကီးပဲ။ တံခါးေတြ မသိမသာေလး ဖြင့္ေပးတယ္၊ မင္းတို႔ လူမသိ သူမသိ ဝင္ၾကလို႔ ေျပာထားတဲ့အတုိင္းပဲ။ ဘာျဖစ္လို႔ အဲဒီလိုေျပာရသလဲဆိုေတာ့ ေမာင္းတံဂိတ္ေတြ စတင္ျဖဳတ္တုန္းက ေမာင္းတံဂိတ္ေတြကိုပဲ ျဖဳတ္သေယာင္ ျပလိုက္တာ။ တကယ္ေတာ့ စစ္ေဆးေရး ဂိတ္ေတြ အကုန္လံုးကို မတင္းက်ပ္ေတာ့ ဘဲနဲ႔ ဝင္သာထြက္သာရွိေအာင္ ဟေပးသလို ျဖစ္ေနတာေတြ အမ်ားႀကီးပဲ။

အဲဒါက အေနာက္တံခါးတစ္ခုတည္းတင္ မဟုတ္ေတာ့ဘဲ အေနာက္ေျမာက္တံခါးလို႔ ဆိုႏုိင္တဲ့ ကေလး၊တမူးဘက္ပါ ပါသြားတာေပါ့။ အရင္တုန္းက ဆိုလို႔ရွိရင္ တမူးဘက္ေန ဒီဘက္ကိုလာရင္ စစ္ေဆးေရး ဂိတ္ေတြမွာ ေအာက္ဆင္းရတယ္၊ မွတ္ပံုတင္ျပရတယ္၊ တင္းတင္းက်ပ္က်ပ္ စိစစ္တယ္။ အခု က်ေတာ့ ကားသမားက ေအာက္ဆင္းၿပီး ဘယ္ကား နာမည္၊ ဘယ္ကားလိုင္း၊ဘယ္ကို သြားမွာပါ။ ဒီေလာက္ေလးပဲ သတင္းပို႔ရ ေတာ့တာေပါ့ေလ။ လူေတြ တစ္ေယာက္ခ်င္း ေအာက္ဆင္းစရာလည္း မလိုဘူး။ မွတ္ပံုတင္ စစ္စရာလည္းမလိုဘူး။ ဘယ္သူဘယ္ဝါ ဆုိတာလည္း လာမၾကည့္ဘူးဆိုေတာ့ တကယ့္ကို လြတ္လြတ္လပ္လပ္ႀကီးကို တရားဝင္သြားခြင့္ရတဲ့သေဘာ ျဖစ္သြားေတာ့ ျပည္တြင္းထဲေရာက္တဲ့အခါ စုၿပံဳသြားၿပီး သတိထားမိတဲ့ ျပည္သူေတြအေပၚမွာ အခုလို တာဝန္ပိသြားတာေပါ့ေနာ္။

အဲဒီလို ဖမ္းတာကိုလည္း အစိုးရက ႀကိဳက္ခ်င္မွ ႀကိဳက္မွာေပါ့ေနာ့။ ဘာေၾကာင့္ လဲဆိုေတာ့ သူအင္မတန္ ခ်စ္တဲ့သူေတြ၊ သူ႔အေပၚ အင္မတန္ေကာင္းတဲ့ သူေတြ ျဖစ္ေနတာကိုး။

ေမး – ရခိုင္အေရးနဲ႔ပတ္သက္လာရင္ ခုိးဝင္တာေတြေရာ အိုအိုင္စီ အစရွိတဲ့ ႏုိင္ငံ တကာ ဖိအားေတြေရာ အက်ပ္အတည္း မ်ိဳးစံုနဲ႔ ရင္ဆုိင္ေနရတယ္၊ လိုက္ေလ်ာရတာ ေတြ မ်ားေနတယ္ဆိုတဲ့ သံုးသပ္ခ်က္ေတြ လည္း ရွိေနပါတယ္။ အေရးႀကီးတဲ့ အဲဒီလို အခ်ိန္မ်ိဳးမွာေတာင္ ရခိုင္အေရးကို စိတ္မဝင္ စားတဲ့ လူေတြ၊ ကိုယ့္စားဝတ္ေနေရးေၾကာင့္ပဲ ရခိုင္အေရးကို စိတ္မဝင္စားႏုိင္တဲ့လူေတြလည္း တပည့္ေတာ္တို႔ ပတ္ဝန္းက်င္မွာ ေတြ႕ေနရ ပါတယ္။ သူတို႔ကို (ရခိုင္အေရးနဲ႔ပတ္သက္ၿပီး ဘာသိဘာသာေနတဲ့ သူေတြကို) ရခိုင္ အေရးနဲ႔ ပတ္သက္ၿပီး အရွင္ဘုရားအေနနဲ႔ ဘာေျပာခ်င္ပါသလဲ ဘုရား။

ေျဖ – ရခိုင္ၿပိဳရင္ ဗမာငိုမယ္လို႔ ဆို႐ိုးရွိတာပဲေလ။ ရခိုင္အေရးကို ရခိုင္ တိုင္းရင္းသားေတြရဲ႕ အေရးတစ္ခုပဲလို႔ သတ္မွတ္ရင္ေတာ့ မွားမွာေပါ့။ တကယ္ေတာ့ ရခိုင္အေရးက ရခိုင္လူမ်ိဳး တစ္မ်ိဳးတည္းရဲ႕ အေရးမဟုတ္ဘဲနဲ႔ ျပည္ေထာင္စုတစ္ဝွမ္းလံုးရဲ႕ အေရးျဖစ္ေနတာကိုး။

အဲဒီေတာ့ ျပည္သူေတြ စဥ္းစားရမွာ ဟိုဘက္အိမ္ မီးေလာင္တဲ့အခါ ဟိုဘက္အိမ္ပဲ မီးေလာင္တာပါ ဆိုၿပီးေတာ့ ဒီဘက္က မျပင္ဆင္ဘဲ ေနမလား။ ဒါမွမဟုတ္ကိုယ္နဲ႔ မဆိုင္ပါဘူးေလ ဆိုၿပီးေတာ့ မသိခ်င္ေယာင္ ေဆာင္ၿပီးပဲေနမလား။ အဲဒီလို ဘာမွ မျပင္ ဆင္ဘဲေနရင္ ကိုယ္လည္း ပါသြားမွာေပါ့။ မသိခ်င္ေယာင္ ေဆာင္ၿပီးေနရင္လည္း ကိုယ္လည္း ပါသြားမွာေပါ့။ အဲဒီေတာ့ ဟိုဘက္အိမ္ မီးေလာင္ေနၿပီ၊ ဒီဘက္အိမ္က ဝိုင္းကူၿငိမ္းၾကပါ။ အဲဒီလိုၿငိႇမ္းတာ ဟိုဘက္ အိမ္ရဲ႕အက်ိဳးစီးပြား တစ္ခုတည္း မဟုတ္ဘူး။ မိမိရဲ႕ အက်ိဳးစီးပြားလည္းပါတယ္ဆိုတာ ျပည္သူေတြ တစ္ဦးခ်င္း တစ္ေယာက္ခ်င္းစီ သိသြားဖို႔ လိုအပ္တာေပါ့ေနာ္။

ေမး – အေနာက္တစ္ခုကေတာ့ Café-press ဆိုတဲ့ အေမရိကန္က အြန္လိုင္း အေရာင္း စင္တာတစ္ခုမွာ ေစတီေတြ၊ ဘုရားပံုေတြကို (အထူးသျဖင့္ ပုဂံကဘုရား ေတြ)ကို ဘိနပ္မွာ ဒီဇိုင္းေရးဆြဲၿပီး ေရာင္းခ် တာနဲ႔ ပတ္သက္ၿပီး လူမႈကြန္ရက္ေတြမွာ အေတာ္ေလး က်ယ္က်ယ္ျပန္႔ျပန္႔ ေဝဖန္ေန တာေတြ ေတြ႕ရပါတယ္။ တာဝန္အရွိဆံုးလို႔ ယူဆရတဲ့ သာသနာေရးဝန္ႀကီးဌာနကေတာ့ ဒီကေန႔ထိ(ေမလ ၁၁ ရက္ေန႔ထိ) ၿငိမ္ခ်က္သား ေကာင္းေနတုန္းပါပဲ။ အဲဒါနဲ႔ ပတ္သက္ၿပီး ဘာေျပာခ်င္ပါသလဲ ဘုရား။

ေျဖ – ေပၚလစီအရ ေျပာရရင္ သာသနာေရး ဝန္ႀကီးဌာနက ဗုဒၶဘာသာကို ကာကြယ္ေစာင့္ေရွာက္ဖို႔ ႀကိဳးပမ္းရဲ႕လား၊ အားထုတ္ရဲ႕လားဆိုတဲ့ ေမးခြန္းကို ေမးရ မွာပဲ။ ဘာသာေပါင္းစံု ႐ံုးထုိင္ႏုိင္ဖို႔ ႀကိဳးစား ေနတာနဲ႔ပဲ အခ်ိန္ကုန္တာ မ်ားေနသလားလို႔။ ဘာသာတစ္ခုတည္းအတြက္ သူကာကြယ္ မွာ မဟုတ္ဘူး၊ ဘာသာတစ္ခုတည္းကိုပဲ သူေစာင့္ေရွာက္မွာ မဟုတ္ဘူး။ ဦးဇင္း ကေတာ့ ဒီလိုပဲ ျမင္တယ္။ ဒီအိမ္ရွင္ဘာသာ သို႔မဟုတ္ လူမ်ားစုရဲ႕ဘာသာကို ဖဲ့ၿပီးေတာ့ လူနည္းစုကို ေပးဖို႔နဲ႔၊ လူနည္းစုကိုကာကြယ္ ေစာင့္ေရွာက္ဖို႔အတြက္ပဲ သူတို႔ေခါင္းထဲမွာ ရွိၾကတယ္လို႔ ဦးဇင္းတို႔ကေတာ့ ျမင္တယ္။ အဲဒီအတြက္ သာသနာေရးက ဘာမွမလုပ္တာကုိ ဘာမွ ေျပာစရာ မရွိပါဘူး။

ေမး – ေနာက္တစ္ခုကေတာ့ အရွင္ ဘုရားရဲ႕ တရားပြဲေတြနဲ႔ ပတ္သက္ၿပီး ေမးခ်င္တာ ရွိပါတယ္ဘုရား။ ၿမိဳ႕တခ်ိဳ႕မွာ အရွင္ဘုရားရဲ႕ တရားပြဲကို ဓာတ္ပံုလာ႐ိုက္တာ၊ ေစာင့္ၾကည့္နားေထာင္တာေတြကို ခပ္႐ိုင္း႐ိုင္း အမူအရာမ်ိဳးေတြနဲ႔ လုပ္ၾကတာကိုေတြ႕ ရတယ္။ တရားေဟာေနတဲ့ ဘုန္းႀကီးကို သံဃာကို ရန္လိုေနတဲ့ ဗုဒၶဘာသာဝင္ေတြရွိတာ စိတ္မေကာင္းစရာပါ ဘုရား။ သူတို႔နဲ႔ ပတ္သက္ၿပီးေတာ့ေရာ အရွင္ဘုရားအေနနဲ႔ ဘာမ်ားေျပာခ်င္ပါသလဲဘုရား။

ေျဖ – သူတို႔ေတြက ႏုိင္ငံေရးနဲ႔ဘာသာေရး မကြဲတာလည္းပါတာေပါ့။ ေနာက္ကိုယ့္ပါတီ မွ ကိုယ္ပါတီဆိုၿပီး အစြဲအလမ္းႀကီးတာလည္း ပါတာေပါ့။ တကယ္တမ္းက်ေတာ့ ဘယ္အစိုးရ လက္ထက္မွာပဲျဖစ္ျဖစ္ ဓမၼကထိကဆိုတာ ရွိေနမွာပဲေလ။ ဘယ္အစိုးရလက္ထက္မွာပဲ ျဖစ္ျဖစ္ ဓမၼကထိက ဆရာေတာ္ေတြကလည္း တရားခ်စ္ခင္တဲ့သူေတြကို လိုအပ္ရင္လိုအပ္သလို တရားေဟာေနၾကရမွာပဲေလ။ အဲဒီေတာ့ တရားထဲ ထည့္ၿပီး ေဟာၾကားေနရၿပီဆိုကတည္းကိုက ဒီအစိုးရ အသံုးမက်လို႔ပဲ။ အသံုးက်မယ္ ထင္တုန္းက ဒီအစိုးရေခါင္းေဆာင္ကို ဝိုင္း ၿပီးေတာ့ ခ်ီးက်ဴးေထာမနာျပဳတဲ့ တရားေတာ္ ေတြကို ဓမၼကထိက ေတာ္ေတာ္မ်ားမ်ား ေဟာၾကားခဲ့ၾကတာပဲေလ။ အဲဒီတုန္းကေတာ့ လက္ခုပ္လက္ဝါးတီးၿပီး သာဓုၿမိဳင္ၿမိဳင္ ေခၚေနၾကတဲ့သူေတြဟာ ဒီကေန႔ ေဝဖန္ေထာက္ ျပတဲ့ ဓမၼကထိကေတြကိုက်ေတာ့ လက္ပိုက္လို ပိုက္၊ ခါးေထာက္လိုေထာက္ မ်က္ေစာင္း ထိုးလိုထိုး၊ မ်က္ေမွာင္က်ဳတ္လိုက်ဳတ္ ျဖစ္ေနတာေတြက ဓမၼကထိကအေပၚမွာ မူတည္သြားတာ မဟုတ္ဘူး။ မိမိရဲ႕သဒၶါတရားအေပၚမွာ စိတ္ေနစိတ္ထား အေပၚမွာ မူတည္သြားတာေပါ့ေနာ္။

အဲဒီပုဂၢိဳလ္ေတြကေတာ့ သဘာဝရဲ႕ ဒဏ္ခတ္ျခင္းကို ခံရမွာပဲေလ။ အရင္တစ္ခါက မေကြးတုိင္းထဲက ၿမိဳ႕နယ္တစ္ခုပဲ။ ဦးဇင္း တရားလာေဟာတာကို သူတို႔က အထင္အျမင္ လႊဲမွားၿပီးေတာ့ သူတို႔ဝတ္စံုေတြနဲ႔ ခါးေထာက္ ၿပီးေတာ့ ရပ္ၾကည့္တဲ့သူက ၾကည့္၊ လက္ပိုက္ ၿပီးေတာ့ အကဲခတ္တဲ့သူက ခတ္ေပါ့ေလ။ သိပ္မၾကာတဲ့အခ်ိန္မွာပဲ အမ်ိဳးသမီးတစ္ေယာက္၊ အဲဒီဝတ္စံုနဲ႔ပဲ ဆုိင္ကယ္ေမွာက္ၿပီး ခေမာက္ ကေလးနဲ႔ ေသြးအိုင္ထဲမွာလဲၿပီး ေခြေခြေလး ေသသြားရတာကို ေတြ႕ရတာေပါ့ေနာ္။

အဲဒါေၾကာင့္မို႔ ဘုန္းႀကီးကို အႏုိင္က်င့္ လို႔ရမယ္ မေကာင္းမႈ အကုသိုလ္ကံကိုေတာ့ အႏုိင္က်င့္လို႔မရဘူး။ ဘုန္းႀကီးကသာခြင့္ လႊတ္ႏုိင္ရင္ ခြင့္လႊတ္လိမ့္မယ္၊မေကာင္းမႈ အကုသုိလ္ကံကေတာ့ မိမိကုိ ခြင့္လႊတ္မွာ မဟုတ္ဘူး ဆုိတာကို အဲဒီ အသိုင္းအဝိုင္း က အစြဲအလန္းႀကီးတဲ့သူေတြကို သတိေပးခ်င္ တာေပါ့ေနာ္။

တရားထဲထည့်ဟောနေရပြီ ဆိုကတည်းက ဒီအစိုးရ အသုံးမကျလို့ပဲ

ဆရာတော်ဦးဝီရသူနဲ့အင်တာဗျူးတွေကို မြန်မာ့ဥဒါန်းဂျာနယ်မှာ အပတ်စဉ်ဖော်ပြပေးခဲ့ပြီး ရဟန်း ရှင်လူများရဲ့ နှစ်ခြိုက်သဘောကျမှုနဲ့အတူ စောင့်ကြည့်၊ စောင့်ဖတ်ရတဲ့ ကဏ္ဍတစ်ခုအနေနဲ့ ရှင်သန် အားကောင်းခဲ့ပါတယ်။

မြန်မာ့ဥဒါန်းဂျာနယ်ကို ရပ်နားထားရချိန်မှာ အမျိုးသားနိုင်ငံရေးနဲ့ ပတ်သက်သမျှ ဆရာတော်ရဲ့ ပြောဆိုမိန့်ကြားသုံးသပ်ချက်တွေကို အားလုံးသိရှိနိုင်စေဖို့အတွက် ဆရာတော်နဲ့ ဆက်သွယ် မေးမြန်းထားသမျှကို ပြည်ချစ်သားဂျာနယ်ရဲ့ စာမျက်နှာများမှတစ်ဆင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

ဒီတစ်ပတ်မှာတော့ ရခိုင်အရေး ဆွေးနွေးသုံးသပ်ချက်များနဲ့အတူ ငြိမ်သက်နေတဲ့ အမျိုသားရေး လှိုင်းသစ် လှုပ်ရှားမှုများကို ဦးစားပေးမေးမြန်းဖြစ်ခဲ့ပါကြောင်း။

မေး- အစ္စလာမ္မစ်နိုင်ငံခြားရေးဝန်ကြီး တွေ (အိုအိုင်စီအဖွဲ့ဝင်နိုင်ငံက ဝန်ကြီးတွေ)က ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ ဘင်္ဂါလီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံကို အရေးယူဖို့စည်းရုံး လှုံ့ဆော်မှုတွေကို မေလ ၆ ရက်နေ့က စတင် ပြုလုပ်တယ်လို့ သိရပါတယ်ဘုရား။ အဲဒါနဲ့ ပတ်သက်ပြီး ဘာပြောချင်ပါသလဲဘုရား။

ဖြေ – မိန်းမသားအုပ်ချုပ်တဲ့တိုင်းပြည် ဆိုပြီးတော့ ဝိုင်းပြီးတော့ အနိုင်ကျင့်နေကြ တာပေါ့ကွာ။ မိန်းမသားကလည်း တခြား အတိုက်အခံ လုပ်ခဲ့တုန်းကတော့ ပြတ်သား ခဲ့ပြီးတော့ ဒီအမျိုးသားရေးကျမှ ရေငုံ နှုတ်ပိတ် နေနေတာဆိုတော့ သူတို့အနိုင် ကျင့်ဖို့ အခွင့်ကောင်းတွေ ရသွားတာပေါ့။ ဟိုအရင် အစိုးရလို တင်းတင်းရင်းရင်း ပြောမယ်၊ ပြတ်ပြတ်သားသား ဆက်ဆံမယ် ဆိုရင်တော့ ဒီလူတွေ ဒီလောက်အထိ အတင့်ရဲစရာအကြောင်း မရှိဘူးပေါ့၊ ကိုယ့်ဘက်က သူတို့ကို ကြောက်သလိုလို ရွံ့သလိုလိုဖြစ်နေတာ့ သူတို့က ဒါကိုပဲ အခွင့် ကောင်းယူပြီး အတင့်ရဲလာကြတာပေါ့။

မေး- ဘင်္ဂါလီကိစ္စပြောရင် ခိုးဝင်တွေ အကြောင်း မဖြစ်မနေပြောရမယ် ဆိုတော့ မေလ ၉ ရက်နေ့ကပဲ ကြံခင်းမြို့နယ်၊ ခုံကြီးကျေးရွာ ရခိုင်ရိုးမအစပ်မှာ ခိုးဝင် ဘင်္ဂါလီ ၁ဝ ဦး ဖမ်းမိတယ်လို့ သတင်းတွေအရ သိရပါတယ်။ ပြည်တွင်းကို ခိုးဝင်ဘင်္ဂါလီတွေ စိမ့်ဝင်ပျံ့နှံ့နေတာကို အစိုးရအနေနဲ့ ဘယ်လို မျိုး ကိုင်တွယ်စေချင်ပါသလဲဘုရား။

ဖြေ – အစိုးရကတော့ အဲဒီလို ခိုးဝင် အောင်ကို လုပ်နိုင်သမျှ လုပ်ပေးခဲ့သလားလို့ တွေးစရာရှိတာတွေ အများကြီးပဲ။ တံခါးတွေ မသိမသာလေး ဖွင့်ပေးတယ်၊ မင်းတို့ လူမသိ သူမသိ ဝင်ကြလို့ ပြောထားတဲ့အတိုင်းပဲ။ ဘာဖြစ်လို့ အဲဒီလိုပြောရသလဲဆိုတော့ မောင်းတံဂိတ်တွေ စတင်ဖြုတ်တုန်းက မောင်းတံဂိတ်တွေကိုပဲ ဖြုတ်သယောင် ပြလိုက်တာ။ တကယ်တော့ စစ်ဆေးရေး ဂိတ်တွေ အကုန်လုံးကို မတင်းကျပ်တော့ ဘဲနဲ့ ဝင်သာထွက်သာရှိအောင် ဟပေးသလို ဖြစ်နေတာတွေ အများကြီးပဲ။

အဲဒါက အနောက်တံခါးတစ်ခုတည်းတင် မဟုတ်တော့ဘဲ အနောက်မြောက်တံခါးလို့ ဆိုနိုင်တဲ့ ကလေး၊တမူးဘက်ပါ ပါသွားတာပေါ့။ အရင်တုန်းက ဆိုလို့ရှိရင် တမူးဘက်နေ ဒီဘက်ကိုလာရင် စစ်ဆေးရေး ဂိတ်တွေမှာ အောက်ဆင်းရတယ်၊ မှတ်ပုံတင်ပြရတယ်၊ တင်းတင်းကျပ်ကျပ် စိစစ်တယ်။ အခု ကျတော့ ကားသမားက အောက်ဆင်းပြီး ဘယ်ကား နာမည်၊ ဘယ်ကားလိုင်း၊ဘယ်ကို သွားမှာပါ။ ဒီလောက်လေးပဲ သတင်းပို့ရ တော့တာပေါ့လေ။ လူတွေ တစ်ယောက်ချင်း အောက်ဆင်းစရာလည်း မလိုဘူး။ မှတ်ပုံတင် စစ်စရာလည်းမလိုဘူး။ ဘယ်သူဘယ်ဝါ ဆိုတာလည်း လာမကြည့်ဘူးဆိုတော့ တကယ့်ကို လွတ်လွတ်လပ်လပ်ကြီးကို တရားဝင်သွားခွင့်ရတဲ့သဘော ဖြစ်သွားတော့ ပြည်တွင်းထဲရောက်တဲ့အခါ စုပြုံသွားပြီး သတိထားမိတဲ့ ပြည်သူတွေအပေါ်မှာ အခုလို တာဝန်ပိသွားတာပေါ့နော်။

အဲဒီလို ဖမ်းတာကိုလည်း အစိုးရက ကြိုက်ချင်မှ ကြိုက်မှာပေါ့နော့။ ဘာကြောင့် လဲဆိုတော့ သူအင်မတန် ချစ်တဲ့သူတွေ၊ သူ့အပေါ် အင်မတန်ကောင်းတဲ့ သူတွေ ဖြစ်နေတာကိုး။

မေး – ရခိုင်အရေးနဲ့ပတ်သက်လာရင် ခိုးဝင်တာတွေရော အိုအိုင်စီ အစရှိတဲ့ နိုင်ငံ တကာ ဖိအားတွေရော အကျပ်အတည်း မျိုးစုံနဲ့ ရင်ဆိုင်နေရတယ်၊ လိုက်လျောရတာ တွေ များနေတယ်ဆိုတဲ့ သုံးသပ်ချက်တွေ လည်း ရှိနေပါတယ်။ အရေးကြီးတဲ့ အဲဒီလို အချိန်မျိုးမှာတောင် ရခိုင်အရေးကို စိတ်မဝင် စားတဲ့ လူတွေ၊ ကိုယ့်စားဝတ်နေရေးကြောင့်ပဲ ရခိုင်အရေးကို စိတ်မဝင်စားနိုင်တဲ့လူတွေလည်း တပည့်တော်တို့ ပတ်ဝန်းကျင်မှာ တွေ့နေရ ပါတယ်။ သူတို့ကို (ရခိုင်အရေးနဲ့ပတ်သက်ပြီး ဘာသိဘာသာနေတဲ့ သူတွေကို) ရခိုင် အရေးနဲ့ ပတ်သက်ပြီး အရှင်ဘုရားအနေနဲ့ ဘာပြောချင်ပါသလဲ ဘုရား။

ဖြေ – ရခိုင်ပြိုရင် ဗမာငိုမယ်လို့ ဆိုရိုးရှိတာပဲလေ။ ရခိုင်အရေးကို ရခိုင် တိုင်းရင်းသားတွေရဲ့ အရေးတစ်ခုပဲလို့ သတ်မှတ်ရင်တော့ မှားမှာပေါ့။ တကယ်တော့ ရခိုင်အရေးက ရခိုင်လူမျိုး တစ်မျိုးတည်းရဲ့ အရေးမဟုတ်ဘဲနဲ့ ပြည်ထောင်စုတစ်ဝှမ်းလုံးရဲ့ အရေးဖြစ်နေတာကိုး။

အဲဒီတော့ ပြည်သူတွေ စဉ်းစားရမှာ ဟိုဘက်အိမ် မီးလောင်တဲ့အခါ ဟိုဘက်အိမ်ပဲ မီးလောင်တာပါ ဆိုပြီးတော့ ဒီဘက်က မပြင်ဆင်ဘဲ နေမလား။ ဒါမှမဟုတ်ကိုယ်နဲ့ မဆိုင်ပါဘူးလေ ဆိုပြီးတော့ မသိချင်ယောင် ဆောင်ပြီးပဲနေမလား။ အဲဒီလို ဘာမှ မပြင် ဆင်ဘဲနေရင် ကိုယ်လည်း ပါသွားမှာပေါ့။ မသိချင်ယောင် ဆောင်ပြီးနေရင်လည်း ကိုယ်လည်း ပါသွားမှာပေါ့။ အဲဒီတော့ ဟိုဘက်အိမ် မီးလောင်နေပြီ၊ ဒီဘက်အိမ်က ဝိုင်းကူငြိမ်းကြပါ။ အဲဒီလိုငြှိမ်းတာ ဟိုဘက် အိမ်ရဲ့အကျိုးစီးပွား တစ်ခုတည်း မဟုတ်ဘူး။ မိမိရဲ့ အကျိုးစီးပွားလည်းပါတယ်ဆိုတာ ပြည်သူတွေ တစ်ဦးချင်း တစ်ယောက်ချင်းစီ သိသွားဖို့ လိုအပ်တာပေါ့နော်။

မေး – အနောက်တစ်ခုကတော့ Café-press ဆိုတဲ့ အမေရိကန်က အွန်လိုင်း အရောင်း စင်တာတစ်ခုမှာ စေတီတွေ၊ ဘုရားပုံတွေကို (အထူးသဖြင့် ပုဂံကဘုရား တွေ)ကို ဘိနပ်မှာ ဒီဇိုင်းရေးဆွဲပြီး ရောင်းချ တာနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်တွေမှာ အတော်လေး ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်နေ တာတွေ တွေ့ရပါတယ်။ တာဝန်အရှိဆုံးလို့ ယူဆရတဲ့ သာသနာရေးဝန်ကြီးဌာနကတော့ ဒီကနေ့ထိ(မေလ ၁၁ ရက်နေ့ထိ) ငြိမ်ချက်သား ကောင်းနေတုန်းပါပဲ။ အဲဒါနဲ့ ပတ်သက်ပြီး ဘာပြောချင်ပါသလဲ ဘုရား။

ဖြေ – ပေါ်လစီအရ ပြောရရင် သာသနာရေး ဝန်ကြီးဌာနက ဗုဒ္ဓဘာသာကို ကာကွယ်စောင့်ရှောက်ဖို့ ကြိုးပမ်းရဲ့လား၊ အားထုတ်ရဲ့လားဆိုတဲ့ မေးခွန်းကို မေးရ မှာပဲ။ ဘာသာပေါင်းစုံ ရုံးထိုင်နိုင်ဖို့ ကြိုးစား နေတာနဲ့ပဲ အချိန်ကုန်တာ များနေသလားလို့။ ဘာသာတစ်ခုတည်းအတွက် သူကာကွယ် မှာ မဟုတ်ဘူး၊ ဘာသာတစ်ခုတည်းကိုပဲ သူစောင့်ရှောက်မှာ မဟုတ်ဘူး။ ဦးဇင်း ကတော့ ဒီလိုပဲ မြင်တယ်။ ဒီအိမ်ရှင်ဘာသာ သို့မဟုတ် လူများစုရဲ့ဘာသာကို ဖဲ့ပြီးတော့ လူနည်းစုကို ပေးဖို့နဲ့၊ လူနည်းစုကိုကာကွယ် စောင့်ရှောက်ဖို့အတွက်ပဲ သူတို့ခေါင်းထဲမှာ ရှိကြတယ်လို့ ဦးဇင်းတို့ကတော့ မြင်တယ်။ အဲဒီအတွက် သာသနာရေးက ဘာမှမလုပ်တာကို ဘာမှ ပြောစရာ မရှိပါဘူး။

မေး – နောက်တစ်ခုကတော့ အရှင် ဘုရားရဲ့ တရားပွဲတွေနဲ့ ပတ်သက်ပြီး မေးချင်တာ ရှိပါတယ်ဘုရား။ မြို့တချို့မှာ အရှင်ဘုရားရဲ့ တရားပွဲကို ဓာတ်ပုံလာရိုက်တာ၊ စောင့်ကြည့်နားထောင်တာတွေကို ခပ်ရိုင်းရိုင်း အမူအရာမျိုးတွေနဲ့ လုပ်ကြတာကိုတွေ့ ရတယ်။ တရားဟောနေတဲ့ ဘုန်းကြီးကို သံဃာကို ရန်လိုနေတဲ့ ဗုဒ္ဓဘာသာဝင်တွေရှိတာ စိတ်မကောင်းစရာပါ ဘုရား။ သူတို့နဲ့ ပတ်သက်ပြီးတော့ရော အရှင်ဘုရားအနေနဲ့ ဘာများပြောချင်ပါသလဲဘုရား။

ဖြေ – သူတို့တွေက နိုင်ငံရေးနဲ့ဘာသာရေး မကွဲတာလည်းပါတာပေါ့။ နောက်ကိုယ့်ပါတီ မှ ကိုယ်ပါတီဆိုပြီး အစွဲအလမ်းကြီးတာလည်း ပါတာပေါ့။ တကယ်တမ်းကျတော့ ဘယ်အစိုးရ လက်ထက်မှာပဲဖြစ်ဖြစ် ဓမ္မကထိကဆိုတာ ရှိနေမှာပဲလေ။ ဘယ်အစိုးရလက်ထက်မှာပဲ ဖြစ်ဖြစ် ဓမ္မကထိက ဆရာတော်တွေကလည်း တရားချစ်ခင်တဲ့သူတွေကို လိုအပ်ရင်လိုအပ်သလို တရားဟောနေကြရမှာပဲလေ။ အဲဒီတော့ တရားထဲ ထည့်ပြီး ဟောကြားနေရပြီဆိုကတည်းကိုက ဒီအစိုးရ အသုံးမကျလို့ပဲ။ အသုံးကျမယ် ထင်တုန်းက ဒီအစိုးရခေါင်းဆောင်ကို ဝိုင်း ပြီးတော့ ချီးကျူးထောမနာပြုတဲ့ တရားတော် တွေကို ဓမ္မကထိက တော်တော်များများ ဟောကြားခဲ့ကြတာပဲလေ။ အဲဒီတုန်းကတော့ လက်ခုပ်လက်ဝါးတီးပြီး သာဓုမြိုင်မြိုင် ခေါ်နေကြတဲ့သူတွေဟာ ဒီကနေ့ ဝေဖန်ထောက် ပြတဲ့ ဓမ္မကထိကတွေကိုကျတော့ လက်ပိုက်လို ပိုက်၊ ခါးထောက်လိုထောက် မျက်စောင်း ထိုးလိုထိုး၊ မျက်မှောင်ကျုတ်လိုကျုတ် ဖြစ်နေတာတွေက ဓမ္မကထိကအပေါ်မှာ မူတည်သွားတာ မဟုတ်ဘူး။ မိမိရဲ့သဒ္ဓါတရားအပေါ်မှာ စိတ်နေစိတ်ထား အပေါ်မှာ မူတည်သွားတာပေါ့နော်။

အဲဒီပုဂ္ဂိုလ်တွေကတော့ သဘာဝရဲ့ ဒဏ်ခတ်ခြင်းကို ခံရမှာပဲလေ။ အရင်တစ်ခါက မကွေးတိုင်းထဲက မြို့နယ်တစ်ခုပဲ။ ဦးဇင်း တရားလာဟောတာကို သူတို့က အထင်အမြင် လွှဲမှားပြီးတော့ သူတို့ဝတ်စုံတွေနဲ့ ခါးထောက် ပြီးတော့ ရပ်ကြည့်တဲ့သူက ကြည့်၊ လက်ပိုက် ပြီးတော့ အကဲခတ်တဲ့သူက ခတ်ပေါ့လေ။ သိပ်မကြာတဲ့အချိန်မှာပဲ အမျိုးသမီးတစ်ယောက်၊ အဲဒီဝတ်စုံနဲ့ပဲ ဆိုင်ကယ်မှောက်ပြီး ခမောက် ကလေးနဲ့ သွေးအိုင်ထဲမှာလဲပြီး ခွေခွေလေး သေသွားရတာကို တွေ့ရတာပေါ့နော်။

အဲဒါကြောင့်မို့ ဘုန်းကြီးကို အနိုင်ကျင့် လို့ရမယ် မကောင်းမှု အကုသိုလ်ကံကိုတော့ အနိုင်ကျင့်လို့မရဘူး။ ဘုန်းကြီးကသာခွင့် လွှတ်နိုင်ရင် ခွင့်လွှတ်လိမ့်မယ်၊မကောင်းမှု အကုသိုလ်ကံကတော့ မိမိကို ခွင့်လွှတ်မှာ မဟုတ်ဘူး ဆိုတာကို အဲဒီ အသိုင်းအဝိုင်း က အစွဲအလန်းကြီးတဲ့သူတွေကို သတိပေးချင် တာပေါ့နော်။