မင္းကြန္း ပုထိုးေတာ္ႀကီး ပညာဒါနစာသင္ေက်ာင္းသတင္း

မင္းကြန္းပုထုိးေတာ္ႀကီးသုိ႔ ေနာက္တစ္ေခါက္

နယုန္လဆန္း(၈)ရက္၊ (22.5.2018)ရက္ေန႔၊ ညေနပုိင္းမွာ စစ္ကိုင္းၿမဳိ႕နယ္၊ မင္းကြန္းရြာ၊ ပုထိုးေတာ္ႀကီး ပညာေရးအကယ္ဒမီေက်ာင္းသို႔ ေရာက္ရွိခဲ့ပါတယ္။

ေက်ာင္းသူေက်ာင္းသားမ်ား ဆရာ ဆရာမမ်ား စားပြဲတစ္ဝိုင္းစာစီ သင္ၾကားျပသ သင္ယူက်က္မွတ္ေနတာကို ေတြ႔ရပါတယ္။ (၅)တန္းမွ (၁၀)တန္းအထိ ေက်ာင္းသူေက်ာင္းသားမ်ား (၁၀၀)ေက်ာ္ရွိပါတယ္။ တုိင္းရင္းသား ျပည္နယ္ကေလးငယ္ေတြကမ်ားၿပီး ျပည္မႀကီးမွ ကေလးေလးေတြလည္း ရွိပါတယ္။

အတန္းအလိ္ုက္ တစ္ေန႔စာ တစ္ေန႔က်က္ၿပီး အလြတ္ျပန္ဆိုရပါတယ္။ ဆရာ ဆရာမမ်ားက အလြတ္မရမခ်င္း ထုိင္ေစာင့္ေပးေနတာပါ။ မင္းကြန္းပုထိုးေတာ္ႀကီး ပညာေရးအကယ္ဒမီေက်ာင္းဟာ ဓမၼေစတီေက်ာင္းတုိက္အတြင္းမွာ တည္ရွိပါတယ္။ ေက်ာင္းအုပ္ဆရာေတာ္ႏွစ္ပါး ေက်ာင္းဆရာ ဆရာမ (၂၇)ဦးျဖင့္ အနီးကပ္ ႀကီးၾကပ္ ေန႔စဥ္သင္ၾကား သြန္သင္ေပးလ်က္ရွိပါတယ္။

အေျခအရပ္ရပ္ေၾကာင့္ မိမိေက်းရြာမွာ ေက်ာင္းဆက္လက္တက္ဖို႔ရန္ အခက္အခဲရွိေနေသာ အလယ္တန္း အထက္တန္း ေက်ာင္းသူေက်ာင္းသားမ်ား အပ္ႏွံလုိပါက ဆက္သြယ္ႏိုင္သလုိ ေက်ာင္းသူေက်ာင္းသားမ်ားရဲ႕ စားဝတ္ေနေရး ပညာေရးအတြက္ လွဴဒါန္းေထာက္ပံ့လိုသူမ်ားလည္း ဆက္သြယ္ႏိုင္ပါတယ္။

ဦးေသာဘိတ(ေသာၾကာၾကယ္) – 09454611969

ဦးသုမနာလကၤာရ – 09797107964 / 09422212933

ဦးဥကၠ႒ – 09781513980 / 0947234939

 

မင်းကွန်းပုထိုးတော်ကြီးသို့ နောက်တစ်ခေါက်”

နယုန်လဆန်း(၈)ရက်၊ (22.5.2018)ရက်နေ့၊ ညနေပိုင်းမှာ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းရွာ၊ ပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်းသို့ ရောက်ရှိခဲ့ပါတယ်။ ကျောင်းသူကျောင်းသားများ ဆရာ ဆရာမများ စားပွဲတစ်ဝိုင်းစာစီ သင်ကြားပြသ သင်ယူကျက်မှတ်နေတာကို တွေ့ရပါတယ်။

(၅)တန်းမှ (၁၀)တန်းအထိ ကျောင်းသူကျောင်းသားများ (၁၀၀)ကျော်ရှိပါတယ်။ တိုင်းရင်းသား ပြည်နယ်ကလေးငယ်တွေကများပြီး ပြည်မကြီးမှ ကလေးလေးတွေလည်း ရှိပါတယ်။ အတန်းအလိုက် တစ်နေ့စာ တစ်နေ့ကျက်ပြီး အလွတ်ပြန်ဆိုရပါတယ်။ ဆရာ ဆရာမများက အလွတ်မရမချင်း ထိုင်စောင့်ပေးနေတာပါ။

မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်းဟာ ဓမ္မစေတီကျောင်းတိုက်အတွင်းမှာ တည်ရှိပါတယ်။ ကျောင်းအုပ်ဆရာတော်နှစ်ပါး ကျောင်းဆရာ ဆရာမ (၂၇)ဦးဖြင့် အနီးကပ် ကြီးကြပ် နေ့စဉ်သင်ကြား သွန်သင်ပေးလျက်ရှိပါတယ်။

အခြေအရပ်ရပ်ကြောင့် မိမိကျေးရွာမှာ ကျောင်းဆက်လက်တက်ဖို့ရန် အခက်အခဲရှိနေသော အလယ်တန်း အထက်တန်း ကျောင်းသူကျောင်းသားများ အပ်နှံလိုပါက ဆက်သွယ်နိုင်သလို ကျောင်းသူကျောင်းသားများရဲ့ စားဝတ်နေရေး ပညာရေးအတွက် လှူဒါန်းထောက်ပံ့လိုသူများလည်း ဆက်သွယ်နိုင်ပါတယ်။

ဦးသောဘိတ(သောကြာကြယ်) – 09454611969
ဦးသုမနာလင်္ကာရ – 09797107964 / 09422212933
ဦးဥက္ကဋ္ဌ – 09781513980 / 0947234939