သတင္းအင္တာဗ်ဴး

တရားထဲထည့္ေဟာခံေနရၿပီဆိုမွေတာ့ ဒီအစိုးရ အသုံးမက်လို႔ပဲ(၂/နိဂုံး)

ေမး – အမ်ိဳးသားေရးလႈပ္ရွားမႈေတြနဲ႔ ပတ္သက္ၿပီးေတာ့ေပါ့ ဘုရား။ အမ်ိဳးသားေရး လိႈင္းသစ္လႈပ္ရွားမႈ ဆိုတဲ့စကားလံုးကုိ တေလာကပဲ ဆရာေမာင္ေသြးခြၽန္ရဲ႕ ေဆာင္းပါးထဲမွာ ဖတ္ခဲ့ရပါတယ္ ဘုရား။ ေမးခ်င္တာက အဲဒီလိႈင္းေတြ ၿငိမ္လြန္း ေနသလားဘုရား၊ ၿငိမ္ေနခဲ့ရင္ ဘယ္လို အခ်က္ေတြေၾကာင့္ျဖစ္မလဲဘုရား။

ေျဖ – အားမရဘူးေပါ့ေနာ္။ ဘယ္လို အခ်က္ေတြေၾကာင့္ ၿငိမ္လဲဆိုေတာ့ အစိုးရ အေပၚ မူတည္သြားတာေပါ့ေနာ့။ အမ်ားစုက အစိုးရ အားေပးေထာက္ပံ့ လက္ခံပါမွလုပ္ခ်င္ တဲ့သူကမ်ားတာေလ။ အဲဒါေၾကာင့္ အမ်ားစုကေတာ့ အစိုးရအေပၚ မူတည္ၿပီး မလုပ္ၾကေတာ့တာေပါ့။

ေနာက္တစ္ခ်က္ကေတာ့ ေရွ႕သြားေတြ ရွိေနတဲ့အခါက်ေတာ့ ေရွ႕သြားေတြလိုျဖစ္မွာ စိုးသြားတာေပါ့။ ေျပာရရင္ေတာ့ ဦးအခ်ိဳးခံ လိုက္ရတာေပါ့။

ေနာက္ဆံုးတစ္ခုကေတာ့ ဦးလည္းမက်ိဳး ဘူး၊ အစိုးရေပၚလစီကိုလည္း ထည့္မတြက္ဘူး ဆိုတဲ့ အသိုင္းအဝိုင္းကေတာ့ က်န္ခဲ့တာေပါ့။ က်န္ခဲ့တယ္ဆိုေပမယ့္ အဲဒီအသိုင္းအဝိုင္းကို ဝန္းရံမယ့္ အင္အားက မရွိတဲ့အခါက်ေတာ့ လိႈင္းၿငိမ္ေနတယ္လို႔ပဲ ေျပာရမွာေပါ့။

ေမး – ဆရာေတာ္ ဦးဝီရသူ၊ မဘသ၊ ေနာက္ မ်ိဳးခ်စ္ဆိုရင္ အစြန္းေရာက္သူေတြလို႔ ပံုေဖာ္ေရးသားခဲ့ၾကတဲ့ မီဒီယာေတြ ရွိခဲ့ တယ္၊ အဲဒီ အေရးအသားေတြကိုလည္း ယံုတဲ့သူေတြရွိခဲ့တယ္၊ ဒါေပမယ့္ ဒါေတြဟာ သူတို႔လိုသလို ပံုေဖာ္ထားမႈေတြသာျဖစ္ၿပီး အမွန္တရားမဟုတ္ဘူးဆိုတာကိုေတာ့ နီးစပ္ သူေတြ၊ ဒီနယ္ပယ္ထဲမွာ လုပ္ကိုင္ေနတဲ့သူ ေတြပဲ သိၾကတယ္။ တကယ့္အမွန္တရားက ေတာ့ ေပ်ာက္ေနဆဲပဲေပါ့ဘုရား။ ဆိုေတာ့ တကယ္အမွန္တရားကိုသိေအာင္ ဘာေတြ လုပ္သင့္လဲ။ နားလည္မႈ လြဲေနတဲ့သူေတြ အမွန္ကိုသိေအာင္ ဘာေတြလုပ္ရမလဲဘုရား။

ေျဖ- မီဒီယာကို မီဒီယာနဲ႔ပဲ ျပန္ေျဖရွင္း တာကေတာ့ အေကာင္းဆံုးေပါ့။ ဒါေပမယ့္ လူမ်ားစုရဲ႕ ထုိးႏွက္မႈကို တစ္ေယာက္စ ႏွစ္ေယာက္စကပဲ ျပန္ခုခံ ကာကြယ္ေနရတဲ့ အခ်ိန္ေရာက္ေနတာေပါ့။ အဲဒီေတာ့ မီဒီယာ အင္အားမေကာင္းဘူးဆိုရင္ေတာ့ ျပည္သူေတြ မီဒီယာအဆိပ္သင့္မွာပဲေလ။ အမွီအခိုမကင္းတဲ့ မီဒီယာ အေတာ္မ်ားမ်ားက ျပည္သူေတြကို အဆိပ္ခတ္ေနတာကိုး။ အဲဒီေတာ့ ျပည္သူေတြကို မ်က္ႏွာမူတဲ့ မီဒီယာ ေကာင္းေကာင္းရွိပါေစပဲ ဆုေတာင္းေနရတာေပါ့ေနာ့။

ေမး- မီဒီယာေတြအေၾကာင္းေျပာရင္ အမ်ိဳးသားေရးနဲ႔ပတ္သက္တဲ့ မီဒီယာ ေတြေပါ့ ဘုရား။ အခု ျမန္မာ့ဥဒါန္းဆိုရင္ ဝင္ေငြ ထြက္ေငြမမွ်တတဲ့အတြက္ ရပ္ထားလိုက္ရၿပီ၊ ျပည္ခ်စ္သားကလည္း ႐ုန္းကန္ေနရတယ္၊ ေနာက္- မဟာဝီရလည္းပဲ အေျခအေနက သိပ္ မေကာင္းလွဘူးဆိုေတာ့ အမ်ိဳးသားေရး အင္အားစုေတြအေနနဲ႔ ဒီဂ်ာနယ္ေတြအေပၚမွာ ဘယ္လို ပံုစံမ်ိဳးနဲ႔ ေအာင္ျမင္ေအာင္ လုပ္လို႔ ရႏုိင္မလဲဘုရား။

ေျဖ- အမ်ိဳးသားေရးဂ်ာနယ္ေတြကေတာ့ က႑အေနနဲ႔ နည္းပါးတဲ့ အတြက္ေၾကာင့္ လူတုိင္းဖတ္ဖို႔ မလြယ္ဘူးေလ။ အဲဒါအျပင္ကို ေဖ့ဘုတ္ခ္ေတြ၊ စမတ္ဖုန္းေတြနဲ႔ အင္တာ နက္ေခတ္ ျဖစ္လာတဲ့အခါက်ေတာ့ စာဖတ္ အားေလ်ာ့လာတဲ့အျပင္ ပံုႏွိပ္မီဒီယာကို စိတ္ဝင္စားမႈ ေလ်ာ့လာၾကတာေပါ့။

ႏုိင္ငံတကာမွာလည္း ဒီလိုရိုက္ခတ္မႈေတြ ႀကံဳခဲ့ရတာရွိခဲ့ဖူးပါတယ္။ အေမရိကန္တို႔ အဂၤလန္တို႔မွာဆိုရင္ အလကားေပးတဲ့ သတင္းစာကိုေတာင္ ဖတ္မယ့္သူမရွိေတာ့ဘူး၊ အဲဒီလို အေျခအေနမ်ိဳးထိ ျဖစ္ခ့ဲရတယ္။ စမတ္ ဖုန္း တစ္လံုးထဲမွာပဲ အခ်ိန္နဲ႔တေျပးညီ ျဖစ္ေနတဲ့ သတင္းေတြက အၿမဲတမ္းေတြ႕ေနရတာကိုး။ အဲဒီေတာ့ သတင္းစာကို အလုပ္႐ႈပ္ခံၿပီး မသယ္ေတာ့ဘူး၊ အလုပ္႐ႈပ္ခံၿပီး မဖတ္ေတာ့ဘူး။ အဲဒီလို ပံုစံမ်ိဳးျဖစ္သြားတယ္။

ေနာက္ပိုင္း လူမႈကြန္ရက္စာမ်က္ႏွာေတြနဲ႔ စခရင္ေတြကိုၿငီးေငြ႕လာတဲ့အခါ၊ သတင္းမွား ေတြကို ထိန္းခ်ဳပ္စိစစ္မယ့္ စနစ္မရွိတာေတြ ေၾကာင့္ မဟုတ္ကဟုတ္ကသတင္းေတြ မ်ားလာတဲ့အခါ သူတို႔ေတြက သတင္းစာဘက္ ကို ျပန္လွည့္လာၾကတာေပါ့။

အင္တာနက္ ေဖ့ဘုတ္ခ္ကို ၿငီးေငြ႔လာတဲ့ တစ္ေန႔ ပံုႏွိပ္သတင္းစာေတြ ေခတ္ျပန္ေရာက္ ဦးမွာေပါ့။ အဲဒီအခ်ိန္ ျမန္ျမန္ေရာက္ပါေစ လို႔လည္း ဆုေတာင္းေနရတာပဲ။

ေမး – အခုအခ်ိန္မွာ ႏုိင္ငံေရးကလည္း ေဝေဝဝါးဝါး၊ ရခိုင္အေရးကလည္း ႐ႈပ္႐ႈပ္ ေထြးေထြး ဒီလိုအခ်ိန္မ်ိဳးမွာ အမ်ိဳး ဘာသာ သာသနာအတြက္ သံဃာေတာ္ေတြ အခု အခ်ိန္မွာ အေရးတႀကီး လုပ္ရမယ့္အလုပ္က ဘာျဖစ္မလဲ ဘုရား။

ေျဖ – အဓိကကေတာ့ဗ်ာ၊ NVC ကတ္ကိစၥတို႔၊ အာနန္ေကာ္မရွင္ကိစၥတို႔၊ OIC အတင့္ရဲလာတဲ့ကိစၥတို႔၊ လံုၿခံဳေရး ေကာင္စီသံအမတ္ေတြ ေျပာင္ေျပာင္တင္းတင္း က်ဴးေက်ာ္လာတဲ့ကိစၥတို႔ ဒါေတြကို ျပင္းျပင္းထန္ထန္ ႐ႈတ္ခ်ရမွာေပါ့။ က်န္တဲ့ စီးပြားေရးတို႔၊ ႏုိင္ငံေရးတို႔ကေတာ့ တစ္ပိုင္း ေပါ့ေလ။ အခ်ဳပ္အျခာအာဏာအတြက္ အင္မတန္အေရးႀကီးလာတဲ့ ဒီအပိုင္းကေတာ့ သံဃာေတြေရာ ျပည္သူေတြေရာ တကယ့္ကို ေတာ္လွန္ေရးႀကီး တစ္ခုပံုစံမ်ိဳး၊ အေရး အခင္းႀကီး တစ္ခုပံုစံမ်ိဳးလို တစ္မ်ဳိးသားလံုး ကုိယ္စား ခုခံကာကြယ္ၾကရေတာ့ မွာေပါ့။

ေမး – ျပည္ခ်စ္သားဂ်ာနယ္ ပရိသတ္ေတြ အတြက္ ၾသဝါဒစကား မိန္႔ၾကားေပးပါဦးဘုရား။

ေျဖ- အမ်ဳိးသားေရးသမားေတြ တာဝန္ ေက်ခဲ့ပါၿပီ။ ေနာက္ထပ္လည္း တာဝန္ေက် ၾကပါ။ တုိင္းျပည္ရဲ႕ အခ်ဳပ္အျခာအာဏာ လံုၿခဳံေရးနဲ႔ အမ်ဳိးဘာသာ သာသနာေတာ္ႀကီး လံုၿခဳံေရးအတြက္ အမ်ဳိးသားေရးသမားေတြကုိ ပဲ အားကုိးေနရတာပါ။ ဒါေၾကာင့္ သမုိင္းတစ္ေခတ္ ျပန္မေရာက္မခ်င္း ေတာင့္ခံထားဖုိ႔ တုိက္တြန္းပါရေစ။

ၿငိမ္းခ်မ္းသာဆက္သြယ္ေမးျမန္းသည္။
၂ဝ၁၈ ခုႏွစ္၊ ေမလ ၁၁ ရက္

 

တရားထဲထည့်ဟောခံနေရပြီဆိုမှတော့ ဒီအစိုးရ အသုံးမကျလို့ပဲ(၂/နိဂုံး)

မေး – အမျိုးသားရေးလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီးတော့ပေါ့ ဘုရား။ အမျိုးသားရေး လှိုင်းသစ်လှုပ်ရှားမှု ဆိုတဲ့စကားလုံးကို တလောကပဲ ဆရာမောင်သွေးချွန်ရဲ့ ဆောင်းပါးထဲမှာ ဖတ်ခဲ့ရပါတယ် ဘုရား။ မေးချင်တာက အဲဒီလှိုင်းတွေ ငြိမ်လွန်း နေသလားဘုရား၊ ငြိမ်နေခဲ့ရင် ဘယ်လို အချက်တွေကြောင့်ဖြစ်မလဲဘုရား။

ဖြေ – အားမရဘူးပေါ့နော်။ ဘယ်လို အချက်တွေကြောင့် ငြိမ်လဲဆိုတော့ အစိုးရ အပေါ် မူတည်သွားတာပေါ့နော့။ အများစုက အစိုးရ အားပေးထောက်ပံ့ လက်ခံပါမှလုပ်ချင် တဲ့သူကများတာလေ။ အဲဒါကြောင့် အများစုကတော့ အစိုးရအပေါ် မူတည်ပြီး မလုပ်ကြတော့တာပေါ့။

နောက်တစ်ချက်ကတော့ ရှေ့သွားတွေ ရှိနေတဲ့အခါကျတော့ ရှေ့သွားတွေလိုဖြစ်မှာ စိုးသွားတာပေါ့။ ပြောရရင်တော့ ဦးအချိုးခံ လိုက်ရတာပေါ့။

နောက်ဆုံးတစ်ခုကတော့ ဦးလည်းမကျိုး ဘူး၊ အစိုးရပေါ်လစီကိုလည်း ထည့်မတွက်ဘူး ဆိုတဲ့ အသိုင်းအဝိုင်းကတော့ ကျန်ခဲ့တာပေါ့။ ကျန်ခဲ့တယ်ဆိုပေမယ့် အဲဒီအသိုင်းအဝိုင်းကို ဝန်းရံမယ့် အင်အားက မရှိတဲ့အခါကျတော့ လှိုင်းငြိမ်နေတယ်လို့ပဲ ပြောရမှာပေါ့။

မေး – ဆရာတော် ဦးဝီရသူ၊ မဘသ၊ နောက် မျိုးချစ်ဆိုရင် အစွန်းရောက်သူတွေလို့ ပုံဖော်ရေးသားခဲ့ကြတဲ့ မီဒီယာတွေ ရှိခဲ့ တယ်၊ အဲဒီ အရေးအသားတွေကိုလည်း ယုံတဲ့သူတွေရှိခဲ့တယ်၊ ဒါပေမယ့် ဒါတွေဟာ သူတို့လိုသလို ပုံဖော်ထားမှုတွေသာဖြစ်ပြီး အမှန်တရားမဟုတ်ဘူးဆိုတာကိုတော့ နီးစပ် သူတွေ၊ ဒီနယ်ပယ်ထဲမှာ လုပ်ကိုင်နေတဲ့သူ တွေပဲ သိကြတယ်။ တကယ့်အမှန်တရားက တော့ ပျောက်နေဆဲပဲပေါ့ဘုရား။ ဆိုတော့ တကယ်အမှန်တရားကိုသိအောင် ဘာတွေ လုပ်သင့်လဲ။ နားလည်မှု လွဲနေတဲ့သူတွေ အမှန်ကိုသိအောင် ဘာတွေလုပ်ရမလဲဘုရား။

ဖြေ- မီဒီယာကို မီဒီယာနဲ့ပဲ ပြန်ဖြေရှင်း တာကတော့ အကောင်းဆုံးပေါ့။ ဒါပေမယ့် လူများစုရဲ့ ထိုးနှက်မှုကို တစ်ယောက်စ နှစ်ယောက်စကပဲ ပြန်ခုခံ ကာကွယ်နေရတဲ့ အချိန်ရောက်နေတာပေါ့။ အဲဒီတော့ မီဒီယာ အင်အားမကောင်းဘူးဆိုရင်တော့ ပြည်သူတွေ မီဒီယာအဆိပ်သင့်မှာပဲလေ။ အမှီအခိုမကင်းတဲ့ မီဒီယာ အတော်များများက ပြည်သူတွေကို အဆိပ်ခတ်နေတာကိုး။ အဲဒီတော့ ပြည်သူတွေကို မျက်နှာမူတဲ့ မီဒီယာ ကောင်းကောင်းရှိပါစေပဲ ဆုတောင်းနေရတာပေါ့နော့။

မေး- မီဒီယာတွေအကြောင်းပြောရင် အမျိုးသားရေးနဲ့ပတ်သက်တဲ့ မီဒီယာ တွေပေါ့ ဘုရား။ အခု မြန်မာ့ဥဒါန်းဆိုရင် ဝင်ငွေ ထွက်ငွေမမျှတတဲ့အတွက် ရပ်ထားလိုက်ရပြီ၊ ပြည်ချစ်သားကလည်း ရုန်းကန်နေရတယ်၊ နောက်- မဟာဝီရလည်းပဲ အခြေအနေက သိပ် မကောင်းလှဘူးဆိုတော့ အမျိုးသားရေး အင်အားစုတွေအနေနဲ့ ဒီဂျာနယ်တွေအပေါ်မှာ ဘယ်လို ပုံစံမျိုးနဲ့ အောင်မြင်အောင် လုပ်လို့ ရနိုင်မလဲဘုရား။

ဖြေ- အမျိုးသားရေးဂျာနယ်တွေကတော့ ကဏ္ဍအနေနဲ့ နည်းပါးတဲ့ အတွက်ကြောင့် လူတိုင်းဖတ်ဖို့ မလွယ်ဘူးလေ။ အဲဒါအပြင်ကို ဖေ့ဘုတ်ခ်တွေ၊ စမတ်ဖုန်းတွေနဲ့ အင်တာ နက်ခေတ် ဖြစ်လာတဲ့အခါကျတော့ စာဖတ် အားလျော့လာတဲ့အပြင် ပုံနှိပ်မီဒီယာကို စိတ်ဝင်စားမှု လျော့လာကြတာပေါ့။

နိုင်ငံတကာမှာလည်း ဒီလိုရိုက်ခတ်မှုတွေ ကြုံခဲ့ရတာရှိခဲ့ဖူးပါတယ်။ အမေရိကန်တို့ အင်္ဂလန်တို့မှာဆိုရင် အလကားပေးတဲ့ သတင်းစာကိုတောင် ဖတ်မယ့်သူမရှိတော့ဘူး၊ အဲဒီလို အခြေအနေမျိုးထိ ဖြစ်ခဲ့ရတယ်။ စမတ် ဖုန်း တစ်လုံးထဲမှာပဲ အချိန်နဲ့တပြေးညီ ဖြစ်နေတဲ့ သတင်းတွေက အမြဲတမ်းတွေ့နေရတာကိုး။ အဲဒီတော့ သတင်းစာကို အလုပ်ရှုပ်ခံပြီး မသယ်တော့ဘူး၊ အလုပ်ရှုပ်ခံပြီး မဖတ်တော့ဘူး။ အဲဒီလို ပုံစံမျိုးဖြစ်သွားတယ်။

နောက်ပိုင်း လူမှုကွန်ရက်စာမျက်နှာတွေနဲ့ စခရင်တွေကိုငြီးငွေ့လာတဲ့အခါ၊ သတင်းမှား တွေကို ထိန်းချုပ်စိစစ်မယ့် စနစ်မရှိတာတွေ ကြောင့် မဟုတ်ကဟုတ်ကသတင်းတွေ များလာတဲ့အခါ သူတို့တွေက သတင်းစာဘက် ကို ပြန်လှည့်လာကြတာပေါ့။

အင်တာနက် ဖေ့ဘုတ်ခ်ကို ငြီးငွေ့လာတဲ့ တစ်နေ့ ပုံနှိပ်သတင်းစာတွေ ခေတ်ပြန်ရောက် ဦးမှာပေါ့။ အဲဒီအချိန် မြန်မြန်ရောက်ပါစေ လို့လည်း ဆုတောင်းနေရတာပဲ။

မေး – အခုအချိန်မှာ နိုင်ငံရေးကလည်း ဝေဝေဝါးဝါး၊ ရခိုင်အရေးကလည်း ရှုပ်ရှုပ် ထွေးထွေး ဒီလိုအချိန်မျိုးမှာ အမျိုး ဘာသာ သာသနာအတွက် သံဃာတော်တွေ အခု အချိန်မှာ အရေးတကြီး လုပ်ရမယ့်အလုပ်က ဘာဖြစ်မလဲ ဘုရား။

ဖြေ – အဓိကကတော့ဗျာ၊ NVC ကတ်ကိစ္စတို့၊ အာနန်ကော်မရှင်ကိစ္စတို့၊ OIC အတင့်ရဲလာတဲ့ကိစ္စတို့၊ လုံခြုံရေး ကောင်စီသံအမတ်တွေ ပြောင်ပြောင်တင်းတင်း ကျူးကျော်လာတဲ့ကိစ္စတို့ ဒါတွေကို ပြင်းပြင်းထန်ထန် ရှုတ်ချရမှာပေါ့။ ကျန်တဲ့ စီးပွားရေးတို့၊ နိုင်ငံရေးတို့ကတော့ တစ်ပိုင်း ပေါ့လေ။ အချုပ်အခြာအာဏာအတွက် အင်မတန်အရေးကြီးလာတဲ့ ဒီအပိုင်းကတော့ သံဃာတွေရော ပြည်သူတွေရော တကယ့်ကို တော်လှန်ရေးကြီး တစ်ခုပုံစံမျိုး၊ အရေး အခင်းကြီး တစ်ခုပုံစံမျိုးလို တစ်မျိုးသားလုံး ကိုယ်စား ခုခံကာကွယ်ကြရတော့ မှာပေါ့။

မေး – ပြည်ချစ်သားဂျာနယ် ပရိသတ်တွေ အတွက် သြဝါဒစကား မိန့်ကြားပေးပါဦးဘုရား။

ဖြေ- အမျိုးသားရေးသမားတွေ တာဝန် ကျေခဲ့ပါပြီ။ နောက်ထပ်လည်း တာဝန်ကျေ ကြပါ။ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာ လုံခြုံရေးနဲ့ အမျိုးဘာသာ သာသနာတော်ကြီး လုံခြုံရေးအတွက် အမျိုးသားရေးသမားတွေကို ပဲ အားကိုးနေရတာပါ။ ဒါကြောင့် သမိုင်းတစ်ခေတ် ပြန်မရောက်မချင်း တောင့်ခံထားဖို့ တိုက်တွန်းပါရစေ။

ငြိမ်းချမ်းသာဆက်သွယ်မေးမြန်းသည်။
၂ဝ၁၈ ခုနှစ်၊ မေလ ၁၁ ရက်