Daily Archives: May 27, 2018
ထုတ်ပြန်ကြေညာချက်သတင်း
အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်း(ဗဟို) နှစ်ပတ်လည် စုံညီတွေ့ဆုံပွဲနှင့် သြဝါဒခံယူပွဲ သဘောထားထုတ်ပြန်ကြေညာချက်
“အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်း(ဗဟို) နှစ်ပတ်လည် စုံညီတွေ့ဆုံပွဲနှင့် သြဝါဒခံယူပွဲ သဘောထားထုတ်ပြန်ကြေညာချက်” သာသနာနှစ်- ၂၅၆၂ ခုနှစ်၊ ကောဇာသက္ကရာဇ်- ၁၃၈၀ ပြည့်နှစ်၊၊ နယုန်လဆန်း(၁၃)ရက်၊ ၂၀၁၈ ခု၊ မေလ(၂၇)ရက်၊ တနင်္လာနေ့ ၁။       ယနေ့ မြန်မာနိုင်ငံ၌ ငြိမ်းချမ်းရေးမေတ္တာအဖွဲ့ (Religions for Peace) စသော အမည်ခံဘာသာပေါင်းစုံအဖွဲ့နှင့် ထိုအဖွဲ့၌ပါဝင်နေသော ပုဂ္ဂိုလ်များ၏ လုပ်ရပ်နှင့် ရပ်တည်ချက်များသည်- (က) လူပြိန်းကြိုက် ခေါင်းစဉ်လှလှ အဖွဲ့နာမည်လှလှများ အသုံးပြုကာ ဘာသာရေးခုတုံးလုပ်၍ ကိုယ်ကျိုးရှာ နိုင်ငံရေးအမြတ်ထုတ်နေသော လုပ်ရပ်များဖြစ်ခြင်း၊ ...
မင်းကွန်း ပုထိုးတော်ကြီး ပညာဒါနစာသင်ကျောင်းသတင်း
သာကြာကြယ်ပရဟိတပညာရေးအကူအညီနာယကဆရာတော် အရှင်သီဟ ရိက္ခာများလာရောက်လှူဒါန်းစဉ်
သတင်းအင်တာဗျူး
တရားထဲထည့်ဟောခံနေရပြီဆိုမှတော့ ဒီအစိုးရ အသုံးမကျလို့ပဲ(၂/နိဂုံး)
မေး – အမျိုးသားရေးလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီးတော့ပေါ့ ဘုရား။ အမျိုးသားရေး လှိုင်းသစ်လှုပ်ရှားမှု ဆိုတဲ့စကားလုံးကို တလောကပဲ ဆရာမောင်သွေးချွန်ရဲ့ ဆောင်းပါးထဲမှာ ဖတ်ခဲ့ရပါတယ် ဘုရား။ မေးချင်တာက အဲဒီလှိုင်းတွေ ငြိမ်လွန်း နေသလားဘုရား၊ ငြိမ်နေခဲ့ရင် ဘယ်လို အချက်တွေကြောင့်ဖြစ်မလဲဘုရား။ ဖြေ – အားမရဘူးပေါ့နော်။ ဘယ်လို အချက်တွေကြောင့် ငြိမ်လဲဆိုတော့ အစိုးရ အပေါ် မူတည်သွားတာပေါ့နော့။ အများစုက အစိုးရ အားပေးထောက်ပံ့ လက်ခံပါမှလုပ်ချင် တဲ့သူကများတာလေ။ အဲဒါကြောင့် အများစုကတော့ အစိုးရအပေါ် မူတည်ပြီး မလုပ်ကြတော့တာပေါ့။ နောက်တစ်ချက်ကတော့ ...