ထုုတ္ျပန္ေၾကညာခ်က္သတင္း

အမ်ဳိးဘာသာ သာသနာေစာင့္ေရွာက္ေရး ဗုဒၶဓမၼ ပရဟိတေဖာင္ေဒးရွင္း(ဗဟို) ႏွစ္ပတ္လည္ စံုညီေတြ႔ဆံုပြဲႏွင့္ ၾသဝါဒခံယူပြဲ သေဘာထားထုတ္ျပန္ေၾကညာခ်က္

“အမ်ဳိးဘာသာ သာသနာေစာင့္ေရွာက္ေရး ဗုဒၶဓမၼ ပရဟိတေဖာင္ေဒးရွင္း(ဗဟို)

ႏွစ္ပတ္လည္ စံုညီေတြ႔ဆံုပြဲႏွင့္ ၾသဝါဒခံယူပြဲ သေဘာထားထုတ္ျပန္ေၾကညာခ်က္”

သာသနာႏွစ္- ၂၅၆၂ ခုႏွစ္၊ ေကာဇာသကၠရာဇ္- ၁၃၈၀ ျပည့္ႏွစ္၊၊ နယုန္လဆန္း(၁၃)ရက္၊ ၂၀၁၈ ခု၊ ေမလ(၂၇)ရက္၊ တနလၤာေန႔

၁။       ယေန႔ ျမန္မာႏိုင္ငံ၌ ၿငိမ္းခ်မ္းေရးေမတၱာအဖြဲ႔ (Religions for Peace) စေသာ အမည္ခံဘာသာေပါင္းစံုအဖြဲ႔ႏွင့္ ထိုအဖြဲ႔၌ပါဝင္ေနေသာ ပုဂၢဳိလ္မ်ား၏ လုပ္ရပ္ႏွင့္ ရပ္တည္ခ်က္မ်ားသည္-

(က) လူၿပိန္းႀကဳိက္ ေခါင္းစဥ္လွလွ အဖြဲ႔နာမည္လွလွမ်ား အသံုးျပဳကာ ဘာသာေရးခုတံုးလုပ္၍ ကိုယ္က်ဳိးရွာ ႏိုင္ငံေရးအျမတ္ထုတ္ေနေသာ လုပ္ရပ္မ်ားျဖစ္ျခင္း၊

(ခ) မူရင္းအမ်ားစုကိုးကြယ္ရာ ဂုဏ္ထူးဝိေသသႏွင့္ျပည့္စံုသည့္ ဗုဒၶဘာသာကိုပင္ ေသးသိမ္ညႇဳိးမွိန္ေအာင္ လုပ္ရာေရာက္ျခင္း၊

(ဂ) ႏိုင္ငံေတာ္၏အဓိကဦးတည္ခ်က္ျဖစ္ေသာ အမ်ဳိးသားရင္ၾကားေစ့ေရးကိုလည္း အေထာက္အကူမျပဳျခင္းတုိ႔ေၾကာင့္ ယင္းလုပ္ရပ္မ်ားကို ျပင္းထန္စြာ ရႈတ္ခ်ကန္႔ကြက္သည္။

၂။       လက္ရွိ ႏိုင္ငံေတာ္အစုိးရက ယေန႔ ရခုိင္ျပည္နယ္၌ ခိုးဝင္ဘဂၤါလီမ်ားအား ႏိုင္ငံသားစိစစ္ခံရမည့္သူ၏ သက္ေသခံကဒ္ျပားေခၚ N.V.C (National Verification Card) ခြင့္ျပဳ ခ်ထားေပးျခင္းသည္ အနာဂတ္ျမန္မာႏိုင္ငံေတာ္ႏွင့္ တုိင္းရင္းသားမ်ားအတြက္ အသက္အိုးအိမ္ စည္းစိမ္ လံုၿခဳံေရးစေသာ အႏၲရာယ္မ်ား က်ေရာက္ႏိုင္ျခင္းေၾကာင့္ ၁၉၈၂ ခုႏွစ္ ႏိုင္ငံသားဥပေဒႏွင့္အညီသာ အတိအက်လိုက္နာေဆာင္ရြက္ေပးရန္ ႏိုင္ငံေတာ္အစုိးရအား တိုက္တြန္းသည္။

၃။       သူတို႔ဆႏၵအေလွ်ာက္ ထြက္ခြာသြားၾကေသာ ခိုးဝင္ဘဂၤါလီအၾကမ္းဖက္သမားမ်ားသည္ မိမိတို႔၏ မူရင္းတုိင္းရင္းသားမ်ားလည္းမဟုတ္၊ လူမ်ဳိးတူ ဘာသာတူ သူတို႔ႏိုင္ငံသို႔ ျပန္ေရာက္ေနသူမ်ားျဖစ္ျခင္းေၾကာင့္ လိုအပ္ေသာအကူအညီမ်ား အထုိက္အေလွ်ာက္ကူရုံမွလြဲ၍ ျမန္မာႏိုင္ငံအတြင္း ျပန္လည္လက္ခံျခင္းကို ဆန္႔က်င္ကန္႔ကြက္သည္။

၄။       ၂၀၁၈ ခုႏွစ္၊ ဧၿပီလ(၃၀)ရက္ေန႔၌ ႏိုင္ငံေတာ္ႏွင့္ ႏိုင္ငံေတာ္အစိုးရ တာဝန္ရွိပုဂၢဳိလ္မ်ားကို အထီမဲ့ျမင္ျပဳလုပ္ခဲ့ေသာ ကုလသမဂၢ လံုၿခဳံေရးေကာင္စီ အဖြဲ႔ဝင္ (၁၅)ႏိုင္ငံမွ ကိုယ္စားလွယ္မ်ားအပါအဝင္ ႏိုင္ငံ၏ အခ်ဳပ္အျခာအာဏာကို အႏၲရာယ္ျပဳႏိုင္သည့္ မည္သည့္ပုဂၢဳိလ္ အဖြဲ႔အစည္းကိုမွ် ျမန္မာ့ေျမေပၚသို႔ ေျခခ်ခြင့္မေပးရန္ ႏိုင္ငံေတာ္အစုိးရအား ေတာင္းဆိုသည္။

၅။       ျမန္မာတိုင္းရင္းသားမ်ားႏွင့္ ႏိုင္ငံသားမ်ားကို ရက္ရက္စက္စက္ လူမ်ဳိးတံုးသတ္ျဖတ္ေနေသာ ဘဂၤါလီ အၾကမ္းဖက္ (ARSA) အဖြဲ႔၏ လုပ္ရပ္ကို မသိက်ဳိးကၽြံျပဳကာ ျပည္သူလူထု၏ အသက္အုိးအိမ္ စည္းစိမ္ကို ကာကြယ္ေစာင့္ေရွာက္ေနေသာ ႏိုင္ငံေတာ္အစုိးရႏွင့္ ျမန္မာ့တပ္မေတာ္ကို အေရးယူဖုိ႔ (I.C.C) အဖြဲ႔သုိ႔တင္ရန္ ႀကဳိးပမ္းေနသည့္ ပုဂၢဳိလ္ အဖြဲ႔အစည္းမွန္သမွ်ကို ျပင္းထန္စြာကန္႔ကြက္ရႈတ္ခ်သည္။

၆။       ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္၏ တရားဝင္အဖြဲ႔အစည္းျဖစ္ေသာ တစ္ခုတည္းေသာ ျမန္မာ့တပ္မေတာ္သည္ ႏိုင္ငံေတာ္၏ အာဏာျပန္႔ႏွံ႔ရာ မည္သည့္ေဒသမွာမဆို ကာကြယ္ေရး လံုၿခဳံေရး စသည္တုိ႔ကို လိုအပ္သလို စီမံပုိင္ခြင့္ရွိသည္အားေလွ်ာ္စြာ တုိင္းျပည္ႏွင့္လူမ်ဳိးအတြက္ ေရွ႕တန္းမွ မားမားမတ္မတ္ရပ္တည္ကာ အသက္စြန္႔ကာကြယ္ေစာင့္ေရွာက္ေနေသာ ျမန္မာ့တပ္မေတာ္ကို ထိခုိက္နစ္နာေအာင္၊ ဆုတ္ယုတ္ပ်က္စီးေအာင္ ျပဳလုပ္သည့္ မည္သည့္အျပဳအမူ ပုဂၢဳိလ္ အဖြဲ႔အစည္းကိုမဆို ျပင္းထန္စြာကန္႔ကြက္သည္။

၇။       ေနရာေဒသအေတာ္မ်ားမ်ား၌ ဗုဒၶဘာသာ သာသနာေတာ္ႏွင့္ သီလ သမာဓိ ပညာ သိကၡာႀကီးမားသည့္ ဆရာေတာ္ သံဃာေတာ္မ်ားကို တစုိက္မတ္မတ္ ပုတ္ခတ္ေစာ္ကားေနသည့္ ပုဂၢဳိလ္မ်ား၏ ေဟာေျပာမႈကိုေတာ့ တစ္စံုတစ္ရာ အေရးယူမႈမျပဳဘဲ အားေပးအားေျမႇာက္ျပဳေနခဲ့ၿပီး ၂၅.၃.၂၀၁၈ ေန႔ စစ္ကိုင္းတိုင္းေဒသႀကီး မင္းကင္းၿမဳိ႕နယ္ ေက်ာက္တန္းေက်းရြာ ေဟာေျပာပြဲ၌ ယထာဘူတက်က် အျမင္ဖြင့္ေဟာေျပာေသာ အမ်ဳိးသားေရး စာေရဆရာႀကီး ေမာင္ေသြးခၽြန္ (ခ) ဦးျမင့္စိုးအား တရားစြဲဆိုျခင္းသည္ “လူခင္ မူျပင္၊ လူမုန္း မူသံုး”ပုံစံမ်ဳိး သက္ေရာက္ေနသျဖင့္ ဒီမိုကေရစီစံႏႈန္းႏွင့္ ဆန္႔က်င္ေနျခင္းေၾကာင့္ ယင္းစြဲဆိုမႈအေပၚ ျပန္လည္စဥ္းစားသံုးသပ္ေပးရန္ ႏိုင္ငံေတာ္အစိုးရအား ေတာင္းဆိုသည္။

အမ်ဳိးဘာသာ သာသနာေစာင့္ေရွာက္ေရး

ဗုဒၶဓမၼ ပရဟိတ ေဖာင္ေဒးရွင္းႀကီး

 

 

 

“အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်း(ဗဟို)
နှစ်ပတ်လည် စုံညီတွေ့ဆုံပွဲနှင့် သြဝါဒခံယူပွဲ သဘောထားထုတ်ပြန်ကြေညာချက်”

သာသနာနှစ်- ၂၅၆၂ ခုနှစ်၊ ကောဇာသက္ကရာဇ်- ၁၃၈၀ ပြည့်နှစ်၊၊ နယုန်လဆန်း(၁၃)ရက်၊ ၂၀၁၈ ခု၊ မေလ(၂၇)ရက်၊ တနင်္လာနေ့

၁။ ယနေ့ မြန်မာနိုင်ငံ၌ ငြိမ်းချမ်းရေးမေတ္တာအဖွဲ့ (Religions for Peace) စသော အမည်ခံဘာသာပေါင်းစုံအဖွဲ့နှင့် ထိုအဖွဲ့၌ပါဝင်နေသော ပုဂ္ဂိုလ်များ၏ လုပ်ရပ်နှင့် ရပ်တည်ချက်များသည်-
(က) လူပြိန်းကြိုက် ခေါင်းစဉ်လှလှ အဖွဲ့နာမည်လှလှများ အသုံးပြုကာ ဘာသာရေးခုတုံးလုပ်၍ ကိုယ်ကျိုးရှာ နိုင်ငံရေးအမြတ်ထုတ်နေသော လုပ်ရပ်များဖြစ်ခြင်း၊
(ခ) မူရင်းအများစုကိုးကွယ်ရာ ဂုဏ်ထူးဝိသေသနှင့်ပြည့်စုံသည့် ဗုဒ္ဓဘာသာကိုပင် သေးသိမ်ညှိုးမှိန်အောင် လုပ်ရာရောက်ခြင်း၊
(ဂ) နိုင်ငံတော်၏အဓိကဦးတည်ချက်ဖြစ်သော အမျိုးသားရင်ကြားစေ့ရေးကိုလည်း အထောက်အကူမပြုခြင်းတို့ကြောင့် ယင်းလုပ်ရပ်များကို ပြင်းထန်စွာ ရှုတ်ချကန့်ကွက်သည်။

၂။ လက်ရှိ နိုင်ငံတော်အစိုးရက ယနေ့ ရခိုင်ပြည်နယ်၌ ခိုးဝင်ဘင်္ဂါလီများအား နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကဒ်ပြားခေါ် N.V.C (National Verification Card) ခွင့်ပြု ချထားပေးခြင်းသည် အနာဂတ်မြန်မာနိုင်ငံတော်နှင့် တိုင်းရင်းသားများအတွက် အသက်အိုးအိမ် စည်းစိမ် လုံခြုံရေးစသော အန္တရာယ်များ ကျရောက်နိုင်ခြင်းကြောင့် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနှင့်အညီသာ အတိအကျလိုက်နာဆောင်ရွက်ပေးရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းသည်။

၃။ သူတို့ဆန္ဒအလျှောက် ထွက်ခွာသွားကြသော ခိုးဝင်ဘင်္ဂါလီအကြမ်းဖက်သမားများသည် မိမိတို့၏ မူရင်းတိုင်းရင်းသားများလည်းမဟုတ်၊ လူမျိုးတူ ဘာသာတူ သူတို့နိုင်ငံသို့ ပြန်ရောက်နေသူများဖြစ်ခြင်းကြောင့် လိုအပ်သောအကူအညီများ အထိုက်အလျှောက်ကူရုံမှလွဲ၍ မြန်မာနိုင်ငံအတွင်း ပြန်လည်လက်ခံခြင်းကို ဆန့်ကျင်ကန့်ကွက်သည်။

၄။ ၂၀၁၈ ခုနှစ်၊ ဧပြီလ(၃၀)ရက်နေ့၌ နိုင်ငံတော်နှင့် နိုင်ငံတော်အစိုးရ တာဝန်ရှိပုဂ္ဂိုလ်များကို အထီမဲ့မြင်ပြုလုပ်ခဲ့သော ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင် (၁၅)နိုင်ငံမှ ကိုယ်စားလှယ်များအပါအဝင် နိုင်ငံ၏ အချုပ်အခြာအာဏာကို အန္တရာယ်ပြုနိုင်သည့် မည်သည့်ပုဂ္ဂိုလ် အဖွဲ့အစည်းကိုမျှ မြန်မာ့မြေပေါ်သို့ ခြေချခွင့်မပေးရန် နိုင်ငံတော်အစိုးရအား တောင်းဆိုသည်။

၅။ မြန်မာတိုင်းရင်းသားများနှင့် နိုင်ငံသားများကို ရက်ရက်စက်စက် လူမျိုးတုံးသတ်ဖြတ်နေသော ဘင်္ဂါလီ အကြမ်းဖက် (ARSA) အဖွဲ့၏ လုပ်ရပ်ကို မသိကျိုးကျွံပြုကာ ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့်ရှောက်နေသော နိုင်ငံတော်အစိုးရနှင့် မြန်မာ့တပ်မတော်ကို အရေးယူဖို့ (I.C.C) အဖွဲ့သို့တင်ရန် ကြိုးပမ်းနေသည့် ပုဂ္ဂိုလ် အဖွဲ့အစည်းမှန်သမျှကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချသည်။

၆။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တရားဝင်အဖွဲ့အစည်းဖြစ်သော တစ်ခုတည်းသော မြန်မာ့တပ်မတော်သည် နိုင်ငံတော်၏ အာဏာပြန့်နှံ့ရာ မည်သည့်ဒေသမှာမဆို ကာကွယ်ရေး လုံခြုံရေး စသည်တို့ကို လိုအပ်သလို စီမံပိုင်ခွင့်ရှိသည်အားလျှော်စွာ တိုင်းပြည်နှင့်လူမျိုးအတွက် ရှေ့တန်းမှ မားမားမတ်မတ်ရပ်တည်ကာ အသက်စွန့်ကာကွယ်စောင့်ရှောက်နေသော မြန်မာ့တပ်မတော်ကို ထိခိုက်နစ်နာအောင်၊ ဆုတ်ယုတ်ပျက်စီးအောင် ပြုလုပ်သည့် မည်သည့်အပြုအမူ ပုဂ္ဂိုလ် အဖွဲ့အစည်းကိုမဆို ပြင်းထန်စွာကန့်ကွက်သည်။

၇။ နေရာဒေသအတော်များများ၌ ဗုဒ္ဓဘာသာ သာသနာတော်နှင့် သီလ သမာဓိ ပညာ သိက္ခာကြီးမားသည့် ဆရာတော် သံဃာတော်များကို တစိုက်မတ်မတ် ပုတ်ခတ်စော်ကားနေသည့် ပုဂ္ဂိုလ်များ၏ ဟောပြောမှုကိုတော့ တစ်စုံတစ်ရာ အရေးယူမှုမပြုဘဲ အားပေးအားမြှောက်ပြုနေခဲ့ပြီး ၂၅.၃.၂၀၁၈ နေ့ စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ် ကျောက်တန်းကျေးရွာ ဟောပြောပွဲ၌ ယထာဘူတကျကျ အမြင်ဖွင့်ဟောပြောသော အမျိုးသားရေး စာရေဆရာကြီး မောင်သွေးချွန် (ခ) ဦးမြင့်စိုးအား တရားစွဲဆိုခြင်းသည် “လူခင် မူပြင်၊ လူမုန်း မူသုံး”ပုံစံမျိုး သက်ရောက်နေသဖြင့် ဒီမိုကရေစီစံနှုန်းနှင့် ဆန့်ကျင်နေခြင်းကြောင့် ယင်းစွဲဆိုမှုအပေါ် ပြန်လည်စဉ်းစားသုံးသပ်ပေးရန် နိုင်ငံတော်အစိုးရအား တောင်းဆိုသည်။

အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး
ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်းကြီး