သတင်း

မှဲ့တစ်ပေါက် မစွန်းစေရပါဘူးဗျာ





ဝီရသူ(မစိုးရိမ်)
4.1.2019

9:15 PM

ဖြိုးဖြိုးဇော်






4.1.2019
7 Day Daily

“မဲှ့တစ်ပေါက် မစွန်းစေရပါဘူးဗျာ”

သံဃာတွေဆိုတာ ဘုရားသားတော်တွေပါ။ အမှန်တရားကို မြတ်နိုးတဲ့နေရာမှာရော ပြည်သူ့အကျိုးလိုလားတဲ့နေရာမှာရော သတ္တဝါတွေအပေါ် သနားကြင်နာတဲ့နေရာမှာရော နိုင်ငံရေးသမားတွေထက် အများကြီးသာပါတယ်။ ကိုယ်ထိလက်ရောက်ဆိုတာ ဝေးလို့ ကိုယ့်ဆရာသမား အစော်ကားခံနေရတာတောင် မတုန့်ပြန်ဘဲ ငုံ့ခံနေကြတဲ့သူတွေပါ။

လက်နက်ကိုင်တပ်ဖွဲ့လည်း မဟုတ်၊ အကြမ်းဖက်သမားတွေလည်း မဟုတ်၊ အနိုင်ကျင့်တတ်သူတွေလည်း မဟုတ်၊ စာအုပ်ကိုင်ထားသူတွေသာဖြစ်တယ်။ တရားသမားတွေသာဖြစ်တယ်။
မေတ္တာသမားတွေသာဖြစ်တယ်။

မစိုးရိမ်တိုက်သစ်မှာ လာရောက်ထွက်ဆိုချက်တွေယူရုံနဲ့ ဘာဆိုဘာမှ မဖြစ်စေရပါဘူးဗျာ။
သံဃနာယကရုံးထဲမှာ လုပ်မည့်ကိစ္စ ဘာတွေတွေးပြီး ကြောက်နေရတာလဲ။ မိမိကိုယ်ကို လိပ်ပြာလုံတယ်ဆိုရင် မစိုးရိမ်ကို ကြောက်စရာမလိုပါ။ သူတော်ကောင်းကို ပြည်တွင်းပြည်ပ မီဒီယာတွေရှေ့မှောက်မှာ ပြောင်ပြောင်တင်းတင်း စော်ကားခဲ့သူကြီးကိုတော့ မြင်ဖူးတယ်ရှိအောင် ကြည့်ကြရုံပဲ ရှိမှာပါ။ ချစ်စရာမစိုးရိမ်က သင့်ကို ကြိုဆိုနေပါတယ်ဗျာ။

ဝီရသူ(မစိုးရိမ်)
4.1.2019

9:15 PM

“ကိုဆွေဝင်းအမှုတွင် တရားလိုပြသက်သေနှစ်ဦးကို မစိုးရိမ်တိုက်သစ်၌ စစ်ဆေးရန် လျှောက်ထားမှု လာမည့်ရုံးချိန်းတွင် အမိန့်ချမည်”
ဖြိုးဖြိုးဇော်

မန္တလေး – Myanmar Now သတင်းဌာန အယ်ဒီတာချုပ် ကိုဆွေဝင်းတရားစွဲဆိုခံထားရသည့် အမှုတွင် တရားလိုသက်သေ ဆရာတော်ဦးဝီရသူအပါအဝင် နှစ်ဦးကို မစိုးရိမ်တိုက်သစ်၌ စစ်ဆေးပေးရန် လျှောက်ထားမှုကို ယမန်နေ့က နှစ်ဖက်ရှေ့နေများ လျှောက်လဲချက်ပေးပြီး လာမည့် ရုံးချိန်းတွင် အမိန့်ချမည်ဖြစ်ကြောင်း မဟာအောင်မြေမြို့နယ် တရား ရုံးမှ စုံစမ်းသိရသည်။

တရားလိုပြသက်သေ နှစ်ဦး ဖြစ်သည့် ဦးဝီရသူနှင့် မြို့နယ် သံဃနာယကဥက္ကဋ္ဌ ဆရာတော် တို့သည် သကျသီဟဓမ္မာစရိယ (အဘိဝံသ) ဘွဲ့တော်ရ သာသနာ့ အာဇာနည် ဆရာတော်တစ်ပါး ဖြစ်တော်မူခြင်း၊ မန္တလေးမြို့ မစိုး ရိမ်တိုက်သစ် နာယက ဆရာ တော်တစ်ပါး ဖြစ်တော်မူခြင်း၊ စာသင်သားသံဃာတော် ၂,၅၀၀ ကျော်၏ စာချနာယကဆရာတော် ဖြစ်တော်မူခြင်းနှင့် မဟာအောင် မြေမြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဖြစ်တော်မူခြင်း စသည့်အချက်များအပါအဝင် သက်သေအဖြစ် လာရောက်စစ်ဆေးခံရန် မလာရောက် နိုင်ခြင်းတို့ကြောင့် မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်၏ရုံးခန်း မစိုးရိမ်တိုက်သစ်သို့ လာရောက်စစ်ဆေးခံရန် လျှောက်ထားခြင်းဖြစ်သည်။
‘‘ကျင့်ထုံးဥပဒေ ၅၀၆ အရ လျှောက်ထားမှုက ပါတဲ့အချက် အလက်ပေါ်မှာ လျှောက်ထားတာ မျိုး မဟုတ်ဘဲနဲ့ သာသနာ့အာဇာနည်ဖြစ်နေတဲ့အတွက် မလာနိုင်ဘူးဆိုတဲ့ အကြောင်းအရာက ဒီပြဋ္ဌာန်းချက်ထဲမှာ မပါဘူးလေ။ အဲဒီအပေါ်မှာ လျှောက်ထားခဲ့ပါ တယ်။ ၅၀၆ ရဲ့လျှောက်ထားမှုက မှားယွင်းပြီးတော့ ကျင့်ထုံးဥပဒေ ၅၀၃ အရ လျှောက်ထားရမယ့်ဟာ ကို ထောက်ပြပြီး လျှောက်ထားခဲ့ ပါတယ်’’ဟု စွပ်စွဲခံရသူ ကိုဆွေ ဝင်းဘက်မှ လိုက်ပါဆောင်ရွက် နေသူ တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်ကပြောသည်။
နှစ်ဖက်ရှေ့နေနှစ်ဦး လျှောက်လဲချက်ကို လာမည့် ဇန်နဝါရီ ၁၆ ရက်နှင့် ၁၇ ရက် ရုံးချိန်းတွင် အမိန့်ချမှတ်ရန် မဟာအောင်မြေတရားရုံးက ချိန်းဆိုထား သည်။
မစိုးရိမ်တိုက်သစ်တွင် လာ ရောက်စစ်ဆေးပေးရန် လျှောက် ထားမှုနှင့်ပတ်သက်၍ စွပ်စွဲခံရသူ ကိုဆွေဝင်းက ‘‘သက်သေတင် သွင်းတာကလည်း အစ်ကိုတို့က တင်သွင်းတာမဟုတ်ဘူး။ ဥပဒေ ရုံးက တင်သွင်းတာ သူ (ဆရာ တော် ဦးဝီရသူ အပါအဝင်နှစ်ဦး) တောင် မလာဘူးဆိုရင် ဒီအမှုက ဘယ်လိုမှ ဆက်စစ်ဖို့ အနေအ ထားမှာမရှိဘူး။ နောက်တစ်ခုက သူတို့ပြောတဲ့ သာသနာ့အာဇာ နည် ဖြစ်တဲ့အတွက်ကြောင့်မို့ သူနေတဲ့ မစိုးရိမ်တိုက်သစ်ထဲမှာ သွားစစ်မယ်၊ သံဃာတွေအများ ကြီးနဲ့ အုံနဲ့ကျင်းနဲ့ စစ်ကြမယ်ဆို တာ ဘယ်လိုမှ ဖြစ်နိုင်စရာအ ကြောင်းမရှိဘူး။ တိုက်သစ်ထဲမှာ စစ်ရမယ်ဆိုရင် လုံခြုံရေးပိုင်းက မဖြစ်နိုင်ဘူး’’ဟု ဆိုသည်။
ကိုဆွေဝင်းကို ဆက်သွယ် ရေးပုဒ်မ ၆၆ (ဃ) ဖြင့် ဦးကျော် မျိုးရွှေက တရားစွဲဆိုထားသည်မှာ တစ်နှစ်ခွဲကျော်ပြီဖြစ်ပြီး ရုံးချိန်းပေါင်း ၅၀ ကျော်ရှိပြီဖြစ်သည်။ တရားလိုပြသက်သေ ၁၃ ဦးရှိပြီး လေးဦး စစ်ဆေးထား သည်။

4.1.2019
7 Day Daily