သတင္း

ကုိရီးယားမိသားစု ပညာဒါနအလွဴေတာ္

6.3.2018 ညေန ၆း၀၀ နာရီ မႏၲေလး မဟာေအာင္ေျမၿမဳိ႕နယ္ မစုိးရိမ္တုိက္သစ္မွာ က်င္းပပါတယ္။ မစုိးရိမ္တုိက္သစ္ေန စာခ်တန္းဝင္ စာသင္သံဃာေတာ္မ်ားအား က်မ္းစာအုပ္ႏွစ္အုပ္ လွဴဒါန္းတာပါ။ ဆရာေတာ္ ဘဒၵႏၲရာဇဓမၼာဘိဝံသ ပုိ႔ခ်အပ္ေသာ သီလကၡန္အ႒ကထာ ဒုတိယတြဲႏွင့္ အ႒သာလိနိ ပ႒ာန္းပစၥည္းၿပဳင္စာအုပ္တုိ႔ပဲျဖစ္ပါတယ္။

ကုိရီးယား မိသားစုသည္ မစုိးရိမ္တုိက္သစ္ ဓမၼသမၸတိၱသုံးထပ္ေက်ာင္းေဆာင္ ေဆာက္လုပ္လွဴဒါန္းၿပီးေနာက္ အခုလုိ မၾကာမၾကာ ဆြမ္းေလာင္းျခင္း၊ စာအုပ္လွဴဒါန္းျခင္းမ်ား ျပဳလုပ္ေလ့ရွိၾကပါတယ္။ 9.3.2018 ရက္ေန႔ ညေနတြင္ မစုိးရိမ္တုိက္သစ္ စာခ်စာသင္ သံဃာေတာ္မ်ားအား တစ္ပါးလွ်င္ နဝကမၼဝတၳဳေငြ တစ္ေသာင္းက်ပ္စီ လွဴဒါန္းဦးမည္ဟု သိရပါတယ္။ ယေန႔ စာအုပ္ေလာင္းလွဴပြဲမွာ မစုိးရိမ္တုိက္သစ္ ေက်ာင္းဒါယကာ ဒါယိကာမမ်ားႏွင့္ ဝိသာခါ အဖြဲ႕က လုပ္အားဒါန ကုသုိလ္ျပဳၾကပါတယ္။
ဘဂၤလားေဒ့ရွ္ႏုိင္ငံ စစ္တေကာင္းေတာင္တန္းမွ ဒုိင္းနက္ သက္ မရမာႀကီးလူမ်ဳိး တုိင္းရင္းသားဗုဒၶဘာသာဝင္မ်ားကလည္း ဘုရားဖူးလာေရာက္ရင္း သံဃာေတာ္မ်ား ဖူးျမင္ရလုိ႔ လုပ္အားဒါနအျဖစ္ စာအုပ္မ်ား ကုိယ္တုိင္ဝင္ေရာက္ေလာင္းလွဴ အားေပးသြားၾကပါေသးတယ္။ ယေန႔အလွဴကိုေတာ့ မဟာနာယကဆရာေတာ္ ဘဒၵႏၲဣႏၵကာလကၤာရာဘိဝံသက ဦးစီးေဆာင္ရြက္ေတာ္ မူပါတယ္။

 

ကိုရီးယားမိသားစု ပညာဒါနအလှူတော်

6.3.2018 ညနေ ၆း၀၀ နာရီ မန္တလေး မဟာအောင်မြေမြို့နယ် မစိုးရိမ်တိုက်သစ်မှာ ကျင်းပပါတယ်။ မစိုးရိမ်တိုက်သစ်နေ စာချတန်းဝင် စာသင်သံဃာတော်များအား ကျမ်းစာအုပ်နှစ်အုပ် လှူဒါန်းတာပါ။ ဆရာတော် ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ ပို့ချအပ်သော သီလက္ခန်အဋ္ဌကထာ ဒုတိယတွဲနှင့် အဋ္ဌသာလိနိ ပဋ္ဌာန်းပစ္စည်းပြုင်စာအုပ်တို့ပဲဖြစ်ပါတယ်။

ကိုရီးယား မိသားစုသည် မစိုးရိမ်တိုက်သစ် ဓမ္မသမ္ပတ္တိသုံးထပ်ကျောင်းဆောင် ဆောက်လုပ်လှူဒါန်းပြီးနောက် အခုလို မကြာမကြာ ဆွမ်းလောင်းခြင်း၊ စာအုပ်လှူဒါန်းခြင်းများ ပြုလုပ်လေ့ရှိကြပါတယ်။ 9.3.2018 ရက်နေ့ ညနေတွင် မစိုးရိမ်တိုက်သစ် စာချစာသင် သံဃာတော်များအား တစ်ပါးလျှင် နဝကမ္မဝတ္ထုငွေ တစ်သောင်းကျပ်စီ လှူဒါန်းဦးမည်ဟု သိရပါတယ်။
ယနေ့ စာအုပ်လောင်းလှူပွဲမှာ မစိုးရိမ်တိုက်သစ် ကျောင်းဒါယကာ ဒါယိကာမများနှင့် ဝိသာခါ အဖွဲ့က လုပ်အားဒါန ကုသိုလ်ပြုကြပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းတောင်တန်းမှ ဒိုင်းနက် သက် မရမာကြီးလူမျိုး တိုင်းရင်းသားဗုဒ္ဓဘာသာဝင်များကလည်း ဘုရားဖူးလာရောက်ရင်း သံဃာတော်များ ဖူးမြင်ရလို့ လုပ်အားဒါနအဖြစ် စာအုပ်များ ကိုယ်တိုင်ဝင်ရောက်လောင်းလှူ အားပေးသွားကြပါသေးတယ်။ ယနေ့အလှူကိုတော့ မဟာနာယကဆရာတော် ဘဒ္ဒန္တဣန္ဒကာလင်္ကာရာဘိဝံသက ဦးစီးဆောင်ရွက်တော် မူပါတယ်။