သတင်းအင်တာဗျူး
(ဆက်လက်ဖော်ပြပါမည်။)
“ဘယ်သောအခါမှ အလံမလှဲတဲ့စနစ်ကိုသုံးပြီး နောက်ဆုံးထွက်သက်အထိ ခုခံကာကွယ်သွားမယ်လို့ အတိအလင်းကြေညာလိုက်ပါတယ်(အပိုင်း-၁)”
(ဆရာတော်ဦးဝီရသူနှင့် မေးသမျှ ဖြေသမျှ)
မေး – Facebook ရဲ့ တာဝန်ရှိသူတစ်ဦးက ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကပဲ အရှင်ဘုရားရဲ့ Facebook အကောင့်ကို သူတို့ ပိတ်သိမ်းတာလို့ တရားဝင် ထုတ်ပြောတာ တွေ့ရပါတယ်ဘုရား။ အဲဒီအပေါ်မှာ အရှင်ဘုရားအနေနဲ့ ဘာပြောစရာရှိမလဲဘုရား။
ဖြေ – အဲဒါ မယုံနိုင်သေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပုဂ္ဂိုလ်တစ်ဦးလို့ပဲ ပါတယ်။ နောက် E Mail တစ်စောင်လို့ပဲပါတယ်။ အဲဒီ EE-Mailနဲ့ အဲဒီပုဂ္ဂိုလ်က အစိုးရနဲ့ပတ်သက်တဲ့သူတွေလည်း ဖြစ်နိုင်တာပေါ့။ အဲတော့ ဇူကာဘတ်တို့ ကုမ္ပဏီက တရားဝင်မထုတ်ပြန်ဘဲနဲ့ Email တစ်စောင်၊ ပုဂ္ဂိုလ်တစ်ဦးရဲ့ ပြောကြားချက်ကို သတင်းလုပ်နေတဲ့ မီဒီယာတွေကိုလည်း သနားတာပေါ့မိတယ်။ ဘုန်းကြီးတစ်ပါးကို တိုက်ခိုက်ဖို့အတွက်ပဲ ဒါလေးကို သတင်းလုပ်နေကြတာ၊ ပြောရမယ်ဆိုရင် သတင်းအဆင့်မရှိဘူးပေါ့၊ ပြောရမယ်ဆိုရင် တောသတင်းအဆင့်ပဲရှိတယ်။ နိုင်ငံတကာသတင်းအဆင့်မမီဘူး၊ အဲဒါကြီးကို အဟုတ်လုပ်ပြီးတော့ ဝီရသူကို တိုက်ခိုက်နေတဲ့သူတွေကို သနားတယ်လို့ပဲ ပြောချင်တယ်။
မေး- Facebook မှ ဖွယ်ရှားရခြင်းအကြောင်းတွေ ပြထားတာနဲ့ပတ်သက်ပြီးတော့ကော ဘယ်လိုတုန့်ပြန်ချင်ပါသလဲဘုရား။
ဖြေ- အမုန်းတရားဖြန့်ဖြူးလို့ ပိတ်ရခြင်းဖြစ်တယ်ဆိုတာကို လက်ခံတယ်ပဲထားလိုက်ပါ။ အဲ့ဒါဆိုရင် ဝီရသူဓာတ်ပုံတင်တဲ့အကောင့်တွေကို ဘာကြောင့်ဖြုတ်ခိုင်းတာလဲ။ အမုန်းတရားမပါတဲ့ ပို့စ်တွေ နိုင်ငံရေးဝေဖန်ချက်တွေ တင်တဲ့အကောင့်တွေကို ဘာကြောင့် ပိတ်ပစ်လိုက်ကြတာလဲ။ တစ်ချို့ဆိုရင် ဦးဇင်းအကြောင်း Live လွှင့်ကြတယ်။ Live လွှင့်ရင်း အဖြုတ်ခံရတယ်။ အချို့ဆိုရင် အလှူငွေ ပေးနေတဲ့ပုံတွေ စက်ရေတွင်းအလှူရှင်သတင်းတွေ တင်မိလို့ ဖိုင်းအချခံရတယ်။ နောက်ဆုံး ဦးဇင်းဓာတ်ပုံမှန်သမျှ ဘယ်သူတင်တင် ဖြုတ်ခိုင်းနေတယ်။ ရန်ကုန် ရွှေတိဂုံစေတီတော် စေတိယင်္ဂဏ အသင်း ရာပြည့်ပွဲ အခမ်းအနားမှာ ရိုက်ကူးထားတဲ့ ဦးပဉ္စင်း ဓာတ်ပုံတွေ တင်လို့ဆိုပြီး ဖြုတ်ခိုင်းလို့ ပြန်ဖြုတ်ပေးလိုက်ရတဲ့အကောင့်တွေရှိတယ်။ အဲ့ဒါတွေကကော အမုန်းတရားဖြန့်ဖြူးလို့ ပိတ်ပင်တာပဲလား။ စဉ်းစားစရာပေါ့ကွာ။ မီဒီယာပြောတဲ့အတိုင်း လက်ခံယုံကြည်နေမယ်ဆိုရင်တော့ ကာလမသုတ္တန်နဲ့ မညီတော့ဘူး လက်တွေ့ မကျတဲ့ အကန်းယုံသဘောမျိုး သက်ရောက်သွားနိုင်တာပေါ့။
ကောင်းပါပြီ။ အမုန်းတရားဖြန့်ဖြူးတယ်လို့ပြောတယ်။ ဘယ်ပို့စ်က အမုန်းတရားကို ဖြစ်စေတာလဲ၊ ဘယ်ပို့စ်က အမှန်တရားကို တင်ပြထားတာလဲ၊ ဖေးဘုတ်ကြီးက ကမ္ဘာနဲ့ချီပြီး အလုပ်လုပ်နေတာဆိုတော့ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို အရေးယူတော့မယ်ဆိုရင် ခိုင်လုံတဲ့ အထောက်အထားတွေနဲ့ သက်သေပြဖို့တော့ လိုလိမ့်မယ်။ အဲ့လိုမှမဟုတ်ဘဲ တိုင်သူ တောသူ ပေါရုံနဲ့ ပိတ်ပစ်ဖယ်ရှားပစ်တာမျိုးဆိုရင် ကိုယ်တီထွင်ထားတဲ့ ဖေးဘုတ်ကို သုံးစွဲတဲ့သူကို ကိုယ်ပြန်သတ်သလို ဖြစ်နေမယ်။ ကိုယ့်သားသမီးအရင်းကို ကိုယ်ပြန်သတ်သလို ဖြစ်သွားမယ်။ ဒါကြောင့် အမှန်တရားနဲ့ အမုန်းတရား ခွဲခြားပြမှ သူတို့အကြောင်းပြချက်ကို လက်ခံနိုင်မယ်။
နောက်တစ်ခုက ဘင်္ဂလီအကြမ်းဖက်သမားတွေရဲ့ ဗီဒီယိုဖိုင်တွေ ဒီကနေ့အထိ ဖေးဘုတ်တွေမှာ ရှိနေသေးတယ်။ သတ်မယ် ဖြတ်မယ် ခြိမ်းခြောက်ထားတဲ့ ဗီဒီယိုဖိုင်တွေကော ရက်ရက်စက်စက် သတ်ဖြတ်နေပုံတွေကို တင်ထားတဲ့ ဗီဒီယိုဖိုင်တွေရော အများကြီးတွေ့ရပါတယ်။ အဲ့ဒါတွေက မေတ္တာတရားတွေလား၊ အဲ့ဒါတွေကို မဖယ်ရှားဘဲ ဝီရသူရဲ့ ဖေးဘုတ်ကိုပဲ ဖယ်ရှားတယ်ဆိုတော့ ဝီရသူက အကြမ်းဖက်သမားတွေ ကိုင်စွဲထားတဲ့ ဓား လှံ သေနတ် လက်ပစ်ဗုံး လောင်ချာ အဲ့ဒါတွေထက် ကြီးမားပြင်းထန်တဲ့ နယူးကလီးယားဗုံးလို၊ နယူးကလီးယားထိပ်ဖူးတပ် ဒုံးကျည်လိုမျိုး ကိုင်စွဲထားလို့လား။ ဒါမှမဟုတ် အဲ့ဒါတွေပြပြီး ခြိမ်းခြောက်တာတွေ တင်နေလို့လား။ မေးစရာရှိတာပေါ့ဗျာ။
ဒါနဲ့ပတ်သက်ပြီး ဘယ်သူတွေက တိုင်တယ်၊ ဘာကြောင့်တိုင်တယ်၊ ဘယ်လိုတောင်းဆိုတယ်၊ ဘယ်သူတွေက အတည်ပြုပေးတယ်၊ ဘယ်သူတွေက ထောက်ခံပေးတယ်၊ ဘယ်သူတွေရဲ့ သဘောထားမှတ်ချက်တွေ ပါတယ် ဆိုတာ တစ်ချိန်ချိန်မှာ သိလာရမှာပါပဲ။ အဝေဖန်မခံနိုင်လို့ ဖေးဘုတ်ပိတ်တာကိုပဲ အမုန်းတရားဖြန့်ဖြူးလို့ ပိတ်ပင်ရပါတယ်ဆိုပြီး ကိုယ့်အဆိုးကို သူ့အဆိုးလုပ် ကိုယ့်အမှားကို သူများပုံချ ကိုယ့်အပြစ်ကို သူများအပြစ်နဲ့ ဖုံးလွှမ်းပြီး ကမ္ဘာကြီးကို လှည့်စားပြလိုက်တာပါ။ ဖေးဘုတ်ကုမ္ပဏီလည်း လှည့်စားခံလိုက်ရတာပါပဲ။ နိုင်ငံရေးသမား ဆိုသူတွေလုပ်ပုံကြောင့် ဒီမိုကရေစီ သိက္ခာကျတယ်ကွာ။
အရင်တုန်းက ပြည်တွင်းပြည်ပမီဒီယာတွေညှပ်ပြီး အစ္စလာမ်မိုက်ဇေးရှင်းကို ဖိတ်ခေါ်ကြိုဆိုတဲ့အနေနဲ့ လူမိုက်အားပေးသတင်းတွေရေးပြီး အစ္စလာမ်မိုက်ဇေးရှင်းအန္တရာယ်ကို ကာကွယ်နေတဲ့ သံဃာတော်တွေနဲ့ မျိုးချစ်တွေကိုတော့ အစွန်းရောက်တို့ အကြမ်းဖက်တို့နဲ့ အချိတ်အဆက်မိမိ အကွက်ကျကျ တိုက်ခိုက်နေကြတဲ့အချိန်မှာ ဦးဇင်းတို့က ဖေးဘုတ်လေးနဲ့ပဲ တုန့်ပြန်နိုင်ခဲ့ကြတာ။ ဖေးဘုတ်လေးရှိလို့သာ ကမ္ဘာကြီး အဝါးမခံရတာ။ ဖေးဘုတ်ရှိလို့သာ မျိုးချစ်တွေ မကျဆုံးတာဆိုပြီး ဖေးဘုတ်သည်သာ အမှန်တရား၊ Wira Thu အကောင့်သည်သာလျှင် အမှန်တရားလို့ ဂုဏ်ယူဝင့်ကြွားနေခဲ့တာ။ အခုတော့ ဖေးဘုတ်ကြီးလည်း ကျဆုံးပြီပဲ။ အမှန်တရားလည်း သေဆုံးပြီးပဲ။ ဒီလိုပဲ အောက်မေ့ရတော့မှာပေါ့နော်။
မေး – Facebook အကောင့်ပိတ်ပြီးနောက်ပိုင်းမှာပဲ ဒီနိုင်ငံတကာသတင်းမီဒီယာတွေကော၊ ပြည်တွင်းက သတင်းမီဒီယာတွေကော နောက် အရှင်ဘုရားကို မလိုလားတဲ့သူတွေကောက အရှင်ဘုရားတစ်ပါးတည်းကိုပဲ ကွက်ပြီးတော့ တစိုက်မတ်မတ်တိုက်ခိုက်နေတာ ဘာကြောင့်လို့များ ထင်ပါသလဲဘုရား။
ဖြေ – မြေနိမ့်ရာလှံစိုက်ပေါ့ကွာ။ သူတို့က မီဒီယာအားသာတော့ မီဒီယာတွေနဲ့ ဝိုင်းပြီးတော့ နှိပ်ကွပ်ကြတာပါ။ အစ္စလာမ်မိုက်ဇေးရှင်းကို လက်ကမ်းကြိုဆိုတဲ့ ကာလာစုံအဖွဲ့နဲ့ အစ္စလာမ်မိုက်ဇေးရှင်းအန္တရာယ်ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ခုခံကာကွယ်နေတဲ့ မျိုးချစ်တွေရဲ့ တိုက်ပွဲမှာ မျိုးချစ်တွေက သူတို့လို မီဒီယာအင်အားရော နည်းပညာအင်အားရော ငွေအင်အားရော လူအင်အားရော အင်အားပေါင်းစုံ နိမ့်ကျနေတဲ့အတွက်ကြောင့် သူတို့တွေက မြေနှိမ့်ရာ လှံစိုက်ပြီးတော့ ဝိုင်းတိုက်ခိုက်နေကြတာပါပဲ။
မေး – Facebook အကောင့်အပိတ်ခံရတဲ့ သတင်းတွေဖော်ပြတဲ့နေရာမှာ အရှင်ဘုရားရဲ့ ပုံကို မျက်နှာဖုံးတင်ခဲ့တဲ့ TIME မဂ္ဂဇင်းက ဗုဒ္ဓဘာသာဘင်လာဒင်လို့ အရှင်ဘုရားကို ထပ်ပြီး သုံးတာတွေ့ရပါတယ်ဘုရား။ အဲဒါနဲ့ပတ်သက်လို့ကော အရှင်ဘုရားအနေနဲ့ ဘာပြောချင်ပါသလဲဘုရား။
ဖြေ- သူတို့တွေကတော့ အမြဲတမ်းသုံးနေမှာပဲလေ။ နာဇီလက်သစ်တို့၊ မြန်မာဘင်လာဒင်တို့၊ အဲဒါသူတို့ သုံးနေကြတွေပေါ့နော်။ အဲဒါတွေက သူတို့သုံးလေ ကိုယ့်အကြောင်းသိတဲ့သူတွေကသူတို့ကို အယုံကြည်မဲ့လေ။ နောင်တစ်ချိန်ဆိုလို့ရှိရင် နိုင်ငံတကာမီဒီယာပါ အယုံအကြည်မဲ့တဲ့စာရင်းကို ဝင်သွားမှာပါနော့။
မေး – နောက်တစ်ခုမေးချင်တာက သာသနာရေးဝန်ကြီးဦးအောင်ကို ပြောတဲ့စကားပေါ့ဘုရား။ အွန်လိုင်းမှာရော on paper မှာရော နှုတ်နဲ့ တရားမဲ့ပြောဆိုမှု၊ တိုက်တွန်းမှု၊ နှိုးဆော်မှုတွေနဲ့ ပတ်သက်လို့ မှတ်တမ်းတင်ထားတယ်လို့ ပြောတာနဲ့ပတ်သက်လို့ အရှင်ဘုရားအနေနဲ့ရော ဘာများပြောစရာရှိမလဲဘုရား။
ဖြေ- ကြိုက်သလိုမှတ်တမ်းတင်၊ ကြိုက်သလိုအရေးယူ အရေးယူခံရမည့်သူက အဆင်သင့်ကို ဖြစ်နေတာ။ အဲဒါ ဘာကြောင့်အရေးမယူသေးတာလဲဆိုတာ စဉ်းစားလို့မရဘူး။ မြန်မြန်လေး အရေးယူပေးပါ၊ မှတ်တမ်းတင်ထားတာနဲ့ အားမရလို့ပါလို့ ပြောပေးပါဦး။
မေး – အရှင်ဘုရားရေးသားတဲ့ အမျိုးသားရေးစိတ်ထားနဲ့ နိုင်ငံရေးစိတ်ထား အမှတ်စဉ်(၄)မှာ ကြည်လင်းဆရာတော်လို့ ဘာကြောင့်သုံးနှုန်းတယ်၊ ထမင်းဝအောင်စားထားလို့ ဘာကြောင့်ပြောတယ်၊ (ဦး)ကြည်လင်းကို ကျေးဇူးတင် တယ်လို့ ဘာကြောင့်ပြောတယ် …. စတာတွေနဲ့ပတ်သက်ပြီး ရှင်းလင်းထားတာတွေ့ရပါတယ်။ နောက်ပြီး ပါရာဇိက သိက္ခာပုဒ်နဲ့လည်း မငြိစွန်းကြောင်း ပြည့်ပြည့်စုံစုံ ရှင်းလင်းထားတာ တွေ့ရပါတယ်ဘုရား။ ဆောင်းပါးနောက်ဆုံးမှာ ဒီဘိတ်လုပ်ဖို့ ဖိတ်ခေါ်ထားတာ တွေ့ရပါတယ်။ အဲဒီမှာ သုံးထားတဲ့ ဝိတ်တန်းတူဖို့လိုတယ်၊ ဝိတ်တန်းတူတဲ့သူတွေနဲ့ပဲ ဆွေးနွေးချင်တယ်ဆိုတော့ အရှင်ဘုရားနဲ့ ဝိတ်တန်းတူဖို့ ဘယ်လိုအရည်အချင်းတွေ ရှိဖို့လိုမလဲဘုရား။
ဖြေ – တစ်ကတော့ ကိုယ့်ထက်အသက်ငယ်နေရင်လည်း ကိုယ်က မပြောချင်ဘူးလေ။ တချို့ ရိုင်းရိုင်းစိုင်းစိုင်း ကိုယ်တော်လေးတွေရှိပါတယ်။ အသက်အရွယ်ကငယ်နေတဲ့အခါကျတော့ ကိုယ်က သူတို့နဲ့ တုပြီးတော့ မပြောချင်ဘူး။ နောက် အသက်အရွယ်ကြီးဦးတော့ အရည်အချင်းက မရှိဘူးလေ။ အသက်အရွယ်ကြီးပေမယ့် အရည်အချင်းမရှိတဲ့အခါကျတော့ ကိုယ်က သူတို့နဲ့တုပြီးတော့ မယှဉ်ချင်ဘူးပေါ့။ ဆိုကြပါစို့၊ ဝိတ်တန်းကတော့ ညီမှ၊ မတိမ်းမယိမ်းဖြစ်မှ ထိုးကြပြုကြသလိုလေ။ အခုလည်း အဲဒီအတိုင်းပေါ့၊ နိုင်ငံရေးလောကပဲဖြစ်ဖြစ်၊ စာပေလောကပဲဖြစ်ဖြစ်၊ သာသနာလောကပဲဖြစ်ဖြစ် ကိုယ်နဲ့ အသက်အရွယ်အားဖြင့်ပဲဖြစ်ဖြစ်၊ အရည်အချင်းအားဖြင့်ပဲဖြစ်ဖြစ် အဲဒီလို ပြည့်ဝတဲ့သူတွေနဲ့ပဲ ရင်ဆိုင်ချင်တာပေါ့နော်။ အဲဒီလို ပုဂ္ဂိုလ်မျိုးတွေကို ဆိုလိုတာပါ။
ဥပမာ အောင်လအန်ဆိုင်းက ကိုယ့်ထက်ဝိတ်တန်းကြီးတဲ့ ဂါလာနီကိုလည်း ထိုးသတ်အနိုင်ယူခဲ့တယ်၊ မာချာဒိုကိုလည်း ထိုးသတ်အနိုင်ယူခဲ့တယ်၊ ဒါဟာ ဂုဏ်ယူစရာတစ်ခုပေါ့။ အဲ့ဒီလိုမှမဟုတ်ဘဲ ကိုယ့်အောက် ဝိတ်တန်းနိမ့်တဲ့သူလေးတွေနဲ့ ထိုးသတ်ပြီး အနိုင်ရရင် ဒီလိုဂုဏ်ယူလို့ ဖြစ်ပါ့မလား။ ဒီသဘောပါပဲ။ ကိုယ့်ထက် ဝိတ်တန်းကြီးတဲ့သူတွေနဲ့ မယှဉ်ပြိုင်ရဦးတော့ ကိုယ်နှင့်ဝိတ်တန်းတူတဲ့သူတွေနဲ့ ယှဉ်ရတယ်ဆိုရင်ကို မဆိုးသေးဘူးပေါ့နော်။
နိုင်ငံရေးသမားလိုလို ပရဟိတသမားလိုလို ယောင်ဝါးဝါးလုပ်နေပြီး နိုင်ငံရေးကိုးကွယ်မှု မှားနေတဲ့ လူတွင်ကျယ် အနီအကြောင်လေးတွေရှိပါတယ်။ သဒ္ဒါသင်္ဂြိုဟ်တောင် မရတဲ့သူတွေပါ။ ဝိနည်းဆိုတာ ဝေးပေါ့ကွာ။ ထေရ်ကြီး ဝါကြီးဆရာတော်ကြီးတွေနဲ့ မဘသအဖွဲ့အစည်းအကြီးကို ထိုင်ဆဲနေလို့သာ မြှောက်စားခံရတာ။ လူက နှစ်ပြားမတန်ဘူး။ တော်တော်များများ တွေ့ရတာက စာရိတ္တမကောင်းသူ၊ စိတ်ယုတ်မာရှိသူ၊ ပွေသူ ရှုပ်သူ၊ လောင်းကစားလုပ်သူ၊ ငွေရေးကြေးရေး စိတ်မချရသူ၊ အသောက်အစား ဖက်တဲ့သူ ဝိနည်း မလေးစားတဲ့သူ အဲ့ဒါတွေနဲ့ ယှဉ်ပြိုင်ရမယ်ဆိုရင်တော့ သူကရဇာတ်ထဲကလို တစ်ကိုယ်လုံး မစင်လူးထားတဲ့ တောဝက်ကို ခင်္သြေ့က အရှုံးပေးလိုက်သလိုမျိုးပဲ ကျင့်ရမှာပါ။
ကြားမြင်မရှိ၊ ဇာတိမမြတ်၊ မျိုးဇာတ်မတူ၊ ယုတ်ညံ့သူကို၊ ငြူစူပြစ်မှား၊ ပြုတုံငြားလည်း၊ တောသားညစ်ဆုံး၊ မစင်တုံးဖြင့်၊ ကိုယ်လုံးမံလျက်၊ ဘင်လူးဝက်ကို၊ မဖက်ဝေးအောင်၊ ခင်္သြေ့ရှောင်သို့၊ သားမောင်ရတနာ၊ ကင်းကြောင်းခွာလော့။” (ဒုကနိပါတ်၊ ဒဠှဝဂ်၊ သူကရဇာတ်။ (မဃဒေဝ။ ၂၀၅)
မေး- နောက်တစ်ခုက အရှင်ဘုရားနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲလုပ်ခဲ့တဲ့ ဆရာတော်မင်းသုညနဲ့ပတ်သက်လို့ မေးချင်ပါတယ်ဘုရား။ သူ့ကို အရေးယူဖို့အတွက် ကရင်အမျိုးသားရေး ရဟန်းတော်များအဖွဲ့က သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်ကနေ တိုင်မယ်လို့ သတင်းဖတ်ရပါတယ်ဘုရား။ ဆိုတော့ ကရင်အမျိုးသားရေး ရဟန်းတော်များအဖွဲ့နဲ့ အရှင်ဘုရားနဲ့ ဆက်စပ်မှုရှိပါသလားဘုရား။ နောက်တစ်ခုက အရှင်ဘုရားက တိုင်ဖို့အတွက် ခိုင်းတာတွေဘာတွေရော ရှိလားဘုရား။
ဖြေ – တကယ်တမ်းပြောရရင် သူတို့က သတင်းစာရှင်းလင်းပွဲလုပ်ပြီး နိုင်ငံရေးအရ ဖိအားပေးတောင်းဆိုတာမျိုးတွေလုပ်လာလို့ ဒီပြဿနာတွေပေါ်လာတာပါနော်။ ဒီပြဿနာတွေပေါ်လာတဲ့အတွက်ကြောင့် ကရင်မဘသအပါအဝင်၊ ကရင်တိုင်းရင်းသား ဗုဒ္ဓဘာသာဝင် ပြည်သူတွေက မခံမရပ်နိုင်ဖြစ်ပြီး အခုလို တုန့်ပြန်လာကြတာပါ။ ဖုန်းဆက်ပြီး ဒီလိုဒီအကြောင်းရှိ တယ်၊ ဦးဇင်း ဘာမှ အားမငယ်နဲ့၊ ဦးဇင်းနောက်မှာ တပည့်တော်တို့ အများကြီးရှိတယ်လို့ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးတွေကလည်း အားပေးတယ်၊ ရဟန်းပျိုတွေကလည်း အားပေးတယ်၊ လက်နက်ကိုင်တပ်ဖွဲ့ဝင် အမျိုးသားတွေကလည်း အားပေးတယ်။ အဲဒီလိုမျိုးတွေ တွေ့ရတာပါ။ ဦးပဉ္စင်းကတော့ သူတို့ကို ဒါလုပ်ပါ ဒါမလုပ်ပါနဲ့လို့ ခိုင်စေဖို့ မသင့်တော်ဘူးလေ။ ဘုရားသားတော်အချင်းချင်းတောင်မရှောင် အစိုးရအားကိုးနဲ့ နိုင်ငံရေးအရ ဖိအားပေး တောင်းဆိုအနိုင်ကျင့်လာတာတွေကို ဥပဒေကြောင်းအရ မျှတတဲ့ စီရင်မှုနဲ့ ဆုံးမမယ်ဆိုရင်တော့ ထောက်ခံအားပေးပါတယ်။
(ဆက်လက်ဖော်ပြပါမည်။)