Daily Archives: March 8, 2018

မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၂၅၀

“မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၂၅၀” မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် မိတ္ထီလာမြို့ ဈေးအရှေ့ ကိုဖြိုးဝေသန့်+ဒေါ်မိုးမိုးခိုင်(၉၆၉-စတိုး)မိသားစုမှ အလှူငွေ ၅၀၀၀၀(ငါးသောင်း)ကျပ်၊ မိတ္ထီလာမြို့ ဒေါ်တင်တင်အေးမိသားစုမှ အလှူငွေ ၅၀၀၀၀(ငါးသောင်း)ကျပ် စုစုပေါင်း ၁၀၀၀၀၀(တစ်သိန်း)ကျပ် လှူဒါန်းစဉ်။ (3.3.2018) ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ ...
သတင်း

စာအုပ်အမည်ကွဲလွဲမှု

ဗောဓိသတ္တုပ္ပတ္တိကထာဟုသာ ရှိရပါမည်။ ဗောဓိသတ္ထုပ္ပတ္တိကထာဟု မရှိရပါ။ ဗောဓိသတ္တဟူသည် ဘုရားလောင်းဟု အဓိပ္ပါယ်ရပါသည်။ ဥပ္ပတ္တိဆိုသည်မှာ ဖြစ်ပေါ်ခြင်း၊ ပွင့်ထွန်းခြင်းကို ဆိုလိုပါသည်။ ကထာဆိုသည်မှာ စကားရပ် အဖွင့်ကျမ်း ဖြစ်ပါသည်။ ဗောဓိသတ္တိနော ဥပ္ပတ္တိ ဗောဓိသတ္တုပ္ပတ္တိ ဘုရားလောင်း၏ ဖြစ်ထွန်းရာ ပေါ်ထွန်းရာ။ ဗောဓိသတ္တုပ္ပတ္တိယာ ကထာ ဗောဓိသတ္တုပ္ပတ္တိကထာ ဘုရားလောင်း ပွင့်ထွန်းရာ အဖွင့်ကျမ်းဟု ဆိုလိုပါသည်။ ဗောဓိသတ္ထုပ္ပတ္တိဆိုလျှင် ဘုရားလောင်းဟု အဓိပ္ပါယ်မရတော့ပါ။ ဗောဓိသတ္ထ ဘုရား ဆရာ ဟု အဓိပ္ပါယ်သက်ရောက်သွားပါတော့သည်။ The Book Service ပေ့ဂ်ျလာ စာအုပ်အမည်က အမှန်ဖြစ်ပါသည်။ သတင်းစာတွင်ကြော်ငြာသော စာအုပ်အမည်က အမှားဖြစ်ပါသည်။ ပုံနှိပ်စာအုပ် မျက်နှာဖုံးမှာလည်း မှားနေပါသည်။ ဆရာ အာကာမိုးသူ ...
သတင်း

နောင်တော်ကြီးရေ ညီတော်မောင်လည်း လာကြိုမယ်

9.3.2018 ရက်နေ့ဆိုရင် နောင်တော်ကြီးဦးပါမောက္ခ အင်းစိန်ထောင်မှ လွတ်မြောက်ပါတော့မယ်။ ညီတော်မောင်လည်း မနက်ဖြန် 9.3.2018 ရက်နေ့မှာပဲ တရားပွဲပိတ်ပင်မှု တစ်နှစ်ပြည့်မြောက်ပါမယ်။ တိုက်ဆိုင်တာက ညီမောင်အတွက် နောင်တော်ကြီးကိုယ်တိုင် ရေးဆွဲထားတဲ့ ပန်းချီကားချပ် ရက်စွဲပါ။ 9.3.2013 တဲ့။ မတ်လ ၉ ရက်နေ့ကိုတော့ ညီနောင်နှစ်ပါးအတွက် အမှတ်တရနေ့လို့ သတ်မှတ်လိုက်ပါပြီ။ မနက်ဖြန် ညီတော်မောင်လည်း လာခဲ့ပါမယ်။ သို့သော် ထောင်အထိတော့ လာကြိုနိုင်မည် မဟုတ်ပါ။ အရှုပ်တွေလုပ်ရင်း အလုပ်တွေရှုပ်နေတဲ့ညီမောင်ကို ခွင့်လွှတ်နားလည်ပေးလိမ့်မယ်လို့ ယုံကြည်ပါတယ်။ နောင်တော်ကြီး လွတ်မြောက်မှုနှင့်အတူ လွတ်လပ်စွာ ရှင်သန်နိုင်ပါစေ။ ညီမောင် ဝီရသူ(မစိုးရိမ်) 8.3.2018 PM 6:19 “မ​ကွေးဆရာ​တော်​ဦးပါ​မောက္ခ´´ မနက်​ဖြန်​ ...
သတင်း

ဒါလေးတစ်ခုတော့ ခွင့်ပြုစေချင်တယ် မေရယ်

သဟာယကျောင်းရှေ့ ဗီနိုင်းအဟောင်းလေး ပြောင်းပေးလိုက်ပါပြီ။ အသစ်ချိတ်ဆွဲလိုက်တဲ့ ဗီနိုင်းကတော့ ဗျူဟာ ၅ ပါးရယ်၊ ဒီမိုကရေစီနှင့် သီအိုရီရယ်ပါပဲ။ မြိတ်လေဆိပ်မှာ မှာကြားခဲ့တဲ့ သြဝါဒစကားလေးရယ်၊ ၂၀၁၅ မှာ လိုင်းပေါ်တင်ခဲ့တဲ့ အဆိုအမိန့်လေးရယ်၊ အခုနောက်ဆုံး အသစ်ကလေး နှစ်ခု သုံးခု တိုးပေးလိုက်တာရယ် ပေါင်းပြီး ဗီနိုင်းအသစ်တစ်ခု ချိတ်ဆွဲလိုက်တာပါ။ မနက်ဖြန်ဆိုရင် တရားပွဲပိတ်ပင်မှု တစ်နှစ်ပြည့်ပါပြီ။ ကာယကံရှင် နစ်နာသူကိုယ်တိုင်က အမှုမဲ့အမှတ်မဲ့ဖြစ်နေပေမဲ့ မိတ်ဆွေကြီးများကတော့ အမှတ်ရရ ရှိနေတာကို တွေ့ရပါတယ်။ ဒီနေ့ပဲ မိတ်ဆွေကြီးများအဖွဲ့ထဲက သတင်းစာတစ်စောင် ဂျာနယ်တစ်စောင်မှ သတင်းထောက်များ ရောက်လာကြပါတယ်။ မနက်ဖြန် တစ်နှစ်ပြည့်တော့မှာမို့ လာရောက် မေးမြန်းခြင်းပါတဲ့။ ...
သတင်းအင်တာဗျူး

ဘယ်သောအခါမှ အလံမလှဲတဲ့စနစ်ကိုသုံးပြီး နောက်ဆုံးထွက်သက်အထိ ခုခံကာကွယ်သွားမယ်လို့ အတိအလင်းကြေညာလိုက်ပါတယ်(အပိုင်း-၁)

(ဆရာတော်ဦးဝီရသူနှင့် မေးသမျှ ဖြေသမျှ) မေး – Facebook ရဲ့ တာဝန်ရှိသူတစ်ဦးက ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကပဲ အရှင်ဘုရားရဲ့ Facebook အကောင့်ကို သူတို့ ပိတ်သိမ်းတာလို့ တရားဝင် ထုတ်ပြောတာ တွေ့ရပါတယ်ဘုရား။ အဲဒီအပေါ်မှာ အရှင်ဘုရားအနေနဲ့ ဘာပြောစရာရှိမလဲဘုရား။ ဖြေ – အဲဒါ မယုံနိုင်သေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပုဂ္ဂိုလ်တစ်ဦးလို့ပဲ ပါတယ်။ နောက် E-Mail တစ်စောင်လို့ပဲပါတယ်။ အဲဒီ E-Mail နဲ့ အဲဒီပုဂ္ဂိုလ်က အစိုးရနဲ့ပတ်သက်တဲ့သူတွေလည်း ဖြစ်နိုင်တာပေါ့။ အဲတော့ ဇူကာဘတ်တို့ ...
သတင်း

ကိုရီးယားမိသားစု ပညာဒါနအလှူတော်

6.3.2018 ညနေ ၆း၀၀ နာရီ မန္တလေး မဟာအောင်မြေမြို့နယ် မစိုးရိမ်တိုက်သစ်မှာ ကျင်းပပါတယ်။ မစိုးရိမ်တိုက်သစ်နေ စာချတန်းဝင် စာသင်သံဃာတော်များအား ကျမ်းစာအုပ်နှစ်အုပ် လှူဒါန်းတာပါ။ ဆရာတော် ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ ပို့ချအပ်သော သီလက္ခန်အဋ္ဌကထာ ဒုတိယတွဲနှင့် အဋ္ဌသာလိနိ ပဋ္ဌာန်းပစ္စည်းပြုင်စာအုပ်တို့ပဲဖြစ်ပါတယ်။ ကိုရီးယား မိသားစုသည် မစိုးရိမ်တိုက်သစ် ဓမ္မသမ္ပတ္တိသုံးထပ်ကျောင်းဆောင် ဆောက်လုပ်လှူဒါန်းပြီးနောက် အခုလို မကြာမကြာ ဆွမ်းလောင်းခြင်း၊ စာအုပ်လှူဒါန်းခြင်းများ ပြုလုပ်လေ့ရှိကြပါတယ်။ 9.3.2018 ရက်နေ့ ညနေတွင် မစိုးရိမ်တိုက်သစ် စာချစာသင် သံဃာတော်များအား တစ်ပါးလျှင် နဝကမ္မဝတ္ထုငွေ တစ်သောင်းကျပ်စီ လှူဒါန်းဦးမည်ဟု သိရပါတယ်။ ယနေ့ စာအုပ်လောင်းလှူပွဲမှာ မစိုးရိမ်တိုက်သစ် ...